ပ်ိဳတိုင္းၾကိဳက္တဲ့ နွင္းဆီခိုင္တစ္ေယာက္ျဖစ္တဲ့ မင္းသားေခ်ာ ေဒါင္းကေတာ့ အနုပညာေလာကထဲကို မဝင္ေရာက္ခင္ကတည္းက နုိင္ငံေရးကို စိတ္ပါဝင္စားသူတစ္ေယာက္ျဖစ္ျပီး နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကို ေလးစားယံုၾကည္သူတစ္ေယာက္ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ (၁) ရက္ေန့မွာ နိုင္ငံေတာ္သမၼတၾကီး ဦးဝင္းျမင့္နဲ့ နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္တို့က စစ္အာဏာရွင္ေတြရဲ့ ဖမ္းဆီးထိန္းသိမ္းျခင္းခံထားရတာျဖစ္ျပီး ေဒါင္းကလည္း ထုိရက္ကတည္းက ဒီေန့ဒီအခ်ိန္ထိ ျပည္သူေတြနဲ့ တစ္သားတည္းရိွကာ ထိန္းသိမ္းထားေသာ ေခါင္းေဆာင္မ်ားကို အျမန္ဆံုးျပန္လႊတ္ေပးဖို့ လႈံ့ေဆာ္ေနခဲ့တာပဲ ျဖစ္ပါတယ္။

ေဒါင္းကေတာ့ ျပီးခဲ့တဲ့ (၂၀၂၀) ခုနွစ္ ဒီဇင္ဘာလကတည္းက From Chaeophara to Irrawaddy ရုပ္ရွင္ရိုက္ကူးဖို့အတြက္ ထုိင္းနိုင္ငံ၊ ဘန္ေကာက္ျမိဳ့မွာ ေရာက္ရိွေနတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ေဒါင္းက ျမန္မာျပည္မွာရိွမေနေပမယ့္လည္း လက္ရိွေရာက္ရိွေနတဲ့ ထုိင္းနိုင္ငံ၊ ဘန္ေကာက္ျမိဳ့က UN ရံုးေရွ့မွာ ျမန္မာျပည္ၾကီးအတြက္ ျငိမ္းခ်မ္းစြာ ဆႏၵျပထုတ္ေဖာ္ေနတာကို အခုလိုမ်ိဳးပဲ ေတြ့ရပါတယ္။

ေဒါင္းကေတာ့ ျမန္မာျပည္မွာ ျပည္သူလူထုနဲ့အတူတူ ဆႏၵထုတ္ေဖာ္နုိင္ျခင္းမရိွေပမယ့္ သူေရာက္ရိွေနတဲ့ နိုင္ငံက UN ရံုးေရွ့မွာေတာ့ ေန့တိုင္းလိုလို သြားေရာက္ ဆႏၵထုတ္ေဖာ္ေနတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုကၸါတယ္ေနာ္။

Source: Sweet Memories of DAUNG ‘s fb
Credit – Cele Connections

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်ယောက်ဖြစ်တဲ့ မင်းသားချော ဒေါင်းကတော့ အနုပညာလောကထဲကို မဝင်ရောက်ခင်ကတည်းက နိုင်ငံရေးကို စိတ်ပါဝင်စားသူတစ်ယောက်ဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို လေးစားယုံကြည်သူတစ်ယောက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့က စစ်အာဏာရှင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတာဖြစ်ပြီး ဒေါင်းကလည်း ထိုရက်ကတည်းက ဒီနေ့ဒီအချိန်ထိ ပြည်သူတွေနဲ့ တစ်သားတည်းရှိကာ ထိန်းသိမ်းထားသော ခေါင်းဆောင်များကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ လှုံ့ဆော်နေခဲ့တာပဲ ဖြစ်ပါတယ်။

ဒေါင်းကတော့ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ် ဒီဇင်ဘာလကတည်းက From Chaeophara to Irrawaddy ရုပ်ရှင်ရိုက်ကူးဖို့အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါင်းက မြန်မာပြည်မှာရှိမနေပေမယ့်လည်း လက်ရှိရောက်ရှိနေတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က UN ရုံးရှေ့မှာ မြန်မာပြည်ကြီးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြထုတ်ဖော်နေတာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

ဒေါင်းကတော့ မြန်မာပြည်မှာ ပြည်သူလူထုနဲ့အတူတူ ဆန္ဒထုတ်ဖော်နိုင်ခြင်းမရှိပေမယ့် သူရောက်ရှိနေတဲ့ နိုင်ငံက UN ရုံးရှေ့မှာတော့ နေ့တိုင်းလိုလို သွားရောက် ဆန္ဒထုတ်ဖော်နေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: Sweet Memories of DAUNG ‘s fb
Credit – Cele Connections

Leave a Comment

Your email address will not be published. Required fields are marked *