Credit ; MMLoad
ချစ်ပရိတ်သတ်ကြီးရေ…. Miss Grand Myanmar 2020 winnerဆုရှင် အလှမယ်ဟန်လေးဟန်လေးဟာဆိုရင် အခုလက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အကြောင်းအရာအခြေအနေတွေကို ကမ႓ာတစ်ဝန်းကသန်းချီတဲ့ပြည်သူလူထုထံသို့ချပြနိုင်ခဲံသူတစ်ယောက်ပဲဖြစ်ပါတယ်နော်။ ဟန်လေးဟာ သူမရဲ့ကိုယ်ကျိုးကိုမကြည့်ပဲ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတာကို အများသိစေဖို့အတွက် Miss Grand International စင်မြင့်ထက် ကနေ ပြောပြခဲ့တဲ့ ဟန်လေးက ဒီကနေ့မှာဆိုရင်လည်း ပြည်သူတွေအတွက် အကူအညီတစ်ခုပေးလာခဲ့တာပဲဖြစ်ပါတယ်.။
အဲ့ဒါကတော့ သူမလက်ရှိနေထိုင်ရာ ထိုင်းနိုင်ငံက မီဒီယာတွေနဲ့ ဆွေးနွေးခဲ့ပြီး နေ့စဉ်ဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံရေး အခြေအနေတွေကို နိုင်ငံတကာက သတင်းမီဒီယာတွေ သိရှိဖို့အတွက် ချပြပေးဖို့ပဲ ဖြစ်ပါတယ်။ ဟန်လေးက လွန်ခဲ့တဲ့ နာရီပိုင်းအချိန်လောက်က သူမရဲ့ Facebook Account ထက်မှာ ” မြန်မာနိုင်ငံရဲ့ နေ့စဉ်ဖြစ်ပျက်နေတဲ့ သတင်းတွေပုံတွေရှိရင် ဟန်လေးကို နေ့စဉ်ပို့ပေးလို့ရပါတယ် ထိုင်း Media တွေကနေတဆင့် နေ့စဉ် မြန်မာအကြောင်း Report လုပ်ဖို့ ဒီနေ့ ဟန်လေးသတင်းဌာနနဲ့ဆွေးနွေးပြီးပါပြီ ” ဆိုတဲ့ စာသားလေးကို ရေးသားခဲ့တာပါ။
အခုလို သတင်းဌာနတွေပိတ်ထားတဲ့အချိန်မှာ ဟန်လေးက နိုင်ငံတကာကို နေ့စဉ်သတင်းမရောက်နိုင်မှာစိတ်ပူနေကြတဲ့ ပြည်သူတွေအတွက် မြန်မာနိုင်ငံအတွင်း နေ့စဉ်ဖြစ်ပျက်နေတာတွေကို Media ကနေတဆင့် သိခွင့်ရအောင် ဒီနေ့ကစပြီး သတင်းတွေတင်ပေးပါ့မယ်လို့ ​ပြောလာခဲ့ပါသေးတယ်။ သူမ တတ်နိုင်တဲ့ဘက်ကနေ ကူညီအားဖြည့်ပေးနေတဲ့ ဟန်လေးက သူမရဲ့ စာသားအဆုံးမှာ “မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းဖို့ဆုတောင်းပါတယ် ” ဆိုတဲ့ ဆုတောင်းစကားကိုလည်း ရေးသားလာတာဖြစ်လို့ ပရိသတ်တွေထံ ကူးယူဖော်ပြပေးလိုက်ပါတယ်။ ဖတ်ရှုပေးတဲံပရီတ်သတ်ကြီါ်ကို အထူးပဲကျးဇူးတင်ရှိပါတယ်နော်….။
Source & Photo credit – Han Lay’s Facebook Account
Credit ; MMLoad
Leave a Comment
Your email address will not be published. Required fields are marked *