Myanmar Idol Season(4)ရဲ့ ပြိုင်ပွဲဝင်သူ ကရင်တိုင်းရင်းသားလေး စောခရစ်Mနဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ Mကတော့ သီချင်းတွေကို အသံနဲ့လိုက်ဖက်အောင်သီဆိုမှုကြောင့် ဂီတလောကမှာ နာမည်ရရှိလာတဲ့ အဆိုတော် တစ်လက်ပါပဲနော်။ Mကတော့ ပျော်ရွှင်စွာ နေတတ်လွန်းတာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိထားတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

သူရဲ့ထွက်ရှိသမျှ သီချင်းတိုင်းဟာဆိုရင်လည်း ဂီတလောကမှာ ရေပန်း စားအောင်မြင်နေတဲ့သီချင်းတွေဆိုလည်း မှားမယ်မထင်ပါဘူးနော်။Mက အားလပ်ချိန်တိုင်းမှာ အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ မူးလာက”ဘယ်ပန်းချီရေးလို့မမှီ😍အရမ်းချစ်ရသော မြန်မာ့တူရိယာနှင့်အတူ ရင်ထဲအထိဆုံးသော သံစဉ်🥰ပထမဆုံးစတီးခြင်းပါ💜သင်ကြားမှုလည်းမရှိသေးသလို မတောက်တခေါက်မို့ အမှားအယွင်းသော်လည်းကောင်း ပုံစံမကျမှုမျာရသော်လည်းကောင်း ကြို၍တောင်းပန်အပ်ပါသည်။P.s အပျော်လွန်၍ ယခုရိုက် ယခုတင်သည်”လို့ဆိုပြီး အနှစ်သက်ဆုံး မြန်မာ့တူရိယာဖြစ်တဲ့စောင်းတီးခက်ထားတဲ့ ဗီဒီယိုဖိုင်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေး လာခဲ့တာပဲဖြစ်ပါတယ်။

Mရဲ့ အကြိုက်နှစ်သက်ဆုံးသော မြန်မာသံစဉ်ကို စောင်းတီးခက်ထားတဲ့ ဗီဒီယိုဖိုင်လေးကြည့်ပြီး ပရိသတ်တွေလည်း သဘောကျနှစ်သက်မယ်လို့ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါ တယ်နော်။

Source….Saw Chris Mooler’s Facebook
Credit ; (CeleChitThu)