ပရိတ်သတ်ကြီးရေ။ The Voice Myanmarရဲ့ Semi Final Live Showယှဉ်ပြိုင်မှုကြီးကတော့ ကျင်းပပြီးစီး ခဲ့ပြီပဲဖြစ်ပါတယTeam နီနီခင်ဇော်အဖွဲ့မှ ခင်ရတနာစိုးကတော့ Blind Auditionအဆင့်မှာကတည်းက ငယ်ကျွမ်းဆွေသီချင်းလေးနဲ့ ပရိသတ် အခိုင်အမာရရှိခဲ့သူပဲဖြစ်ပါတယ်။
Semi Finalမှာတော့ ခင်ရတနာစိုးဟာ ဆောင်းကြာချည်လို့ အမည်ရတဲ့ မြန်မာသံစဉ်တေးသီချင်းလေးနဲ့ ယှဉ်ပြိုင်ခဲ့ တာပဲဖြစ်ပါတယ်။
ဒီသီချင်းလေးကို သူမရဲ့ Coachနီနီခင်ဇော်ရဲ့ ရွေးချယ်ပေးမှုအရ သီဆိုခဒ့ရတာဖြစ် တယ်လို့သိရှိခဲ့ရပြီး သီချင်းသီဆိုမှုမှာ ချစ်စဖွယ် ခေတ်နှောင် းအမူအရာလေးတွေကိုလည်း နီနီက သင်ကြားပေးခဲ့ပါတယ်တဲ့။
သူမရဲ့ ပင်ကိုယ်ကြည်လင်တဲ့ အသံလေးရယ် ချစ်စဖွယ်အမူအရာလေးရယ်ပေါင်းစပ်ကာ မြန်မာသံစဉ်သီချင်းလေးကို သီဆိုသွားခဲ့တာတော့ ပရိတ်သတ်တော်တော်များများရဲ့ နှလုံးသားကို ထပ်မံဆွဲဆော င်သွားနိုင်ခဲ့ပြီပဲဖြ စ်ပါတယ်။
နောက်တစ်ပတ် မှာတော့ The Voice Myanmar Season3ရဲ့ Winnerဆုရှင်ကိုဆုံ ./းဖြတ်ပေးတော့မယ့် နောက်ဆုံး Grand Finalပွဲကြီးကိုယှဉ်ပြိုင်ရတော့မှာပဲဖြစ်ပါတယ်။နောက်တစ်ပတ်မှာ ခင်ရတနာစိုးကို ဆက်လက်အားပေးနိုင်ဖို့ ယခုတစ်ပတ် ပရိတ်သတ်တွေရဲ့ နှလုံးသားကိုစွဲလှုပ်သွားခဲ့တဲ့ မြန်မာသံစဉ်သီချင်းလေးကို ဖော်ပြပေးလိုက် ပါတယ်နော်….။