အမျိုးသမီးတွေရဲ့ဝတ်စားဆင်ယင်မှုပေါ်မူတည်ပြီး လှောင်ပြောင်ကြတယ်ဆိုတဲ့ အတွေးအခေါ်ဟာ တကယ်တမ်းမှာတော့မမှန်ကန်ပါဘူး။ နိမ့်ကျတဲ့အတွေးအခေါ်ရှိတဲ့ လူတွေဟာ အမျိုးသမီးတစ်ယောက် ဘယ်လိုပဲဝတ်စားထားပါစေ ခပ်နိမ့်နိမ့်အတွေးအခေါ်နဲ့ လှောင်ပြောင်ကြမှာပါ။

ဒီနေ့မှာလည်း ဟန်နာယူရီဟာ မြန်မာဝတ်စုံဝတ်ထားတဲ့ သူမရဲ့ကျက်သရေရှိတဲ့ပုံကို လူမှုကွန်ရက်မှာတင်ခဲ့ပြီးနောက် သူမရဲ့ရင်သားအလှကို ဝိုင်းဝန်းလှောင်ပြောင်ကြတဲ့ ခပ်နိမ့်နိမ့်အတွေးအခေါ်ပိုင်ရှင်တွေရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။ ဒီလိုဝေဖန်ခံရတာကြောင့် သူမရဲ့ညီမဖြစ်သူဟာ ဒီပုံကိုဖျက်ခဲ့ပေမယ့် သူမကတော့ ဒီပုံကိုပြန်တင်ပြီး သူမရဲ့ခံယူချက်ကိုပြောပြလာခဲ့ပါတယ်။

အမှန်တကယ်ရှက်ရမှာဟာ သူမမဟုတ်ဘဲ နိမ့်ကျတဲ့အတွေးအခေါ်ပိုင်ရှင်တွေသာဖြစ်ကြောင်း ” မနက်ကဒီပုံလေးတင်ထားတာကို အောက်က comment ကအချို့တွေက ကျွန်မရဲ့ ရင်ဘတ်ကို ပြောနေလှောင်ကြလို့ ကျွန်မညီမလေးကပုံကို ဖျက်ပစ်လိုက်ပါတယ် အခုကျွန်မကပြန်ထပ်တင်ပါတယ်။

ကျွန်မဝတ်ထားတာ ရိုင်းစိုင်းဖော်ချွတ်ထားတာမရှိပါ ကျွန်မကမိန်းမသားဖြစ်လို့ သဘာဝအတိုင်း မိန်းမသားရှိသင့်တဲ့ curves တွေရှိပါတယ် ကျွန်မ မကလို့ ဘယ်မိန်းကလေးမဆိုအတိုဝတ်ဝတ် ဘာလိုပဲဖြစ်ဖြစ် မိန်းမကိုယ်ခန္တာ ဖြစ်တည်မှုကို အပြစ်လို သားပြောမယားပြောခံရစရာအကြောင်းမရှိပါ ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။

ဒီနောက်မှာလည်း ” Democracy ရလို့ နိုင်ငံအသစ်ပြန်ထူထောင်ကြရင်လည်း မိန်းမသားတွေအပေါ် အချို့ ဒီလိုယုတ်ညံ့အောက်တန်းကျတဲ့ စိတ်ဓါတ်တွေ ပါမလာပါစေ နဲ့မျှော်လင့်ပါတယ် အမျိုးသမီးများမိမိရဲ့ ကိုယ်ခန္တာ မိမိဖြစ်တည်မှုကို တပါးသူရှုံချ မှုနဲ့ သိမ်ငယ်မဝံမရဲ ဖြစ်စရာမလိုပါ ကျွန်မတို့က မိန်းမသားမို့ မိန်းမသားတစ်ယောက်ရဲ့ ကိုယ်ခန္တာရှိပါတယ် ” ဟုဆိုကာ သူမရဲ့ရပ်တည်ချက်ကို ရဲရဲဝံ့ဝံ့ပြောပြသွားခဲ့တာ ပဲဖြစ်ပါ တယ်။

အမျိုးသမီးတွေဟာ ကိုယ့်ကိုအနိုင်ကျင့်စော်ကားလာရင် ခေါင်းငုံ့ခံစရာမလိုဘဲ သတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။ အမျိုးသမီးတွေရဲ့လှပမှုနဲ့ ရဲရင့်မှုကို အမျိုးသမီးတွေကိုယ်တိုင်ကပဲ ဖော်ဆောင် ရမှာပါ။

Unicode