Source: Chan Chan ‘s fb
အဆိုတော် ချမ်းချမ်း ကတော့ ထူးခြားလေးနက်ပြီး ဆွဲဆောင်အားကောင်းတဲ့အသံပိုင်ရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဂီတလောကမှာ နှစ်ပေါင်းအတော်ကြာအောင်မြင်လာနိုင်ခဲ့တဲ့ ချမ်းချမ်းက အိမ်ထောင်ရှင် မိခင်တ စ်ယောက်လည်းဖြစ်ပြီး သူမနဲ့တူတဲ့ သမီးနှစ်ယောက်ကိုလည်း မွေးဖွားထားတာပဲဖြစ်ပါတယ်။
ခင်ပွန်းဖြစ်သူရှိရာ အီတလီနိုင်ငံကိုရောက်ရှိနေတဲ့ ချမ်းချမ်းဟာ သူမရဲ့သမီးကြီး မြမိုးဂင်္ဂါနဲ့ မြန်မာပြည်ကိုလွမ်းကြောင်း ဒီကနေ့မှာ ရင်ဖွင့်လာပါတယ်။“ပြင်ပရာသီဥတုလေးက အရမိးအေးနေပေမဲ့ ရင်ထဲမှာပူလောင်နေတယ်။ ဘယ်တော့များမှ မိသားစုစုံစုံလင်လင်နေရပါ့မလဲ တွေးမိတယ်။ သမီးအငယ်လေးကဘွားဘွားနဲ့ ဖေဖေ့ရုံးခန်းပြန်ပြင်နေတုန်း ခရစ်စမတ် အတွက် ပစ္စည်းလေးတွေပြင်ဆင် နေတာ။
ဒီနှစ်ဆောင်းက အပြင်မှာ အေးသလောက် ရင်ထဲပူလိုက်တာ။ ကိုယ့်မြန်မာပြည်ကြီးကိုလဲအေးချမ်းစေချင်လှပြီ။ အိမ်လဲပြန်ချင်တယ်။” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။ချမ်းချမ်းကတော့ မြန်မာပြည်မှာရှိနေတဲ့ သမီးကြီး မြမိုးဂင်္ဂါနဲ့ မိသားစုတွေကို သတိရနေပြီး အိမ်ကိုအမြန်ဆုံးပြန်ချင်နေပြီဆိုတဲ့အကြောင်းကို ရင်ဖွင့်ပြောဆိုလာခဲ့တာပဲဖြစ်ပါတယ်။
Source: Chan Chan ‘s fb