လက်ရှိအခြေအနေတွေဆိုးရွားနေတဲ့ မြန်မာနိုင်ငံအတွက် ပြည်ပနိုင်ငံတော်တော်များများက ပြည်သူတွေနဲ့အတူ ရပ်တည်နေပြီး စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ် တွေကို ရှုံ့ချကာ ရပ်တန့်ပေးဖို့တိုက်တွန်းထားကြတာတွေ့ရသလို နိုင်ငံသီးသီးမှာ ရောက်ရှိနေကြတဲ့ မြန်မာပြည်သူတွေကလည်းအရေးတော်ပုံကြီးမှာ တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက် ပါဝင်အားဖြည့်နေကြတာ ဖြစ်ပါတယ်..။ ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်မင်းသားဖြစ်တဲ့ Lee Seung Gi တို့ကလည်း မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ပြသကာ အားပေးစကားတွေလည်း ပြောလာပါတယ်..။

ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် SBS ရုပ်သံရဲ့ ပရိုဂရမ်တစ်ခုမှာ မြန်မာနိုင်ငံသားဖြစ်တဲ့ ဆရာမချမ်းမြမြသော်ကို အဓိကထားပြီး ကမ္ဘာအရပ်ရပ်(ပြင်သစ်၊ အီတလီ စတဲ့) နိုင်ငံခြားသားတွေ စုဝေးပြီး မြန်မာ့အရေးကို သုံးသပ်ဆွေးနွေးကြမယ့် “Master in the house” ဆိုတဲ့ အစီအစဉ်မှာ မင်းသား Lee Seung Gi က အခြားအနုပညာရှင်တွေနဲ့အတူ MC အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်..။

MC အနေနဲ့ the master in the house အဖွဲ့သားများက (Lee Seung Gi, Cha Eun Woo, Yang Sae Hyung, Kim Dong Hyun) ဦးဆောင်ကြပြီး ပါဝင်ဆွေးနွေးသူများအဖြစ် ကိုရီးယား နိုင်ငံမှာ နာမည်ကျော် အနုပညာရှင်အနေနဲ့ ရပ်တည်နေကြတဲ့ အမေရိကန်လူမျိုး Tylor, ပြင်သစ်လူမျိုး Robin, အီတလီလူမျိုး Alberto, အိန္ဒိယလူမျိုး Lucky, တရုတ်လူမျိုး Magukjinတို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

ရိုက်ကူးရေးအပြီး အမှတ်တရဓာတ်ပုံတွေ ရိုက်တဲ့အခါမှာ မင်းသား Lee Seung Gi နဲ့ အခြားအနုပညာရှင်တွေအားလုံးက လက်သုံးချောင်းထောင်ကာ အားပေးရင်း မြန်မာပြည်သူနဲ့ရပ်တည်နေကြောင်းပြသလိုက်တာ ဖြစ်ပါတယ်..။ဖေဖော်ဝါရီတစ်ရက်နေ့ကတည်းက ယနေ့အချိန်ထိ အဖြစ်အပျက် အခြေအနေတွေကို ဆွေးနွေး တင်ဆက်ခဲ့တာဖြစ်ပြီး ပရိုဂရမ် တာဝန်ရှိသူတွေက ဒါကို အဆင်ပြေသလို တည်းဖြတ်ကာ ၆လပိုင်း ၆ရက် TVမှာ ထုတ်လွှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။

“MCများ အားလုံးနဲ့ နိုင်ငံခြားသား အနုပညာသည် အားလုံးတို့ဟာ မြန်မ့ာအရေးကို အမှန်တကယ် စိတ်ဝင်တစား ရှိနေကြပြီး စိတ်ရင်းနဲ့ ပူပန်စိုးရိမ်နေကြတာကို သိခဲ့ရပါတယ်။ မင်းသား Lee Seung Gi ဆိုရင် ကျွန်မကို ဘာကြောင့် ဒီလို ဖြစ်ရသလဲကို သူစဥ်းစားမရနိုင်တဲ့အကြောင်း ထပ်ခါထပ်ခါ ပြောခဲ့ပါတယ်။ Idol Cha Eun Wooကလည်း အစီအစဥ် ပြီးတဲ့အထိ ကျွန်မနဲ့ စကားပြောရင်း မြန်မာလို ကျွန်မ သင်ပေးလိုက်တဲ့ “အားတင်းထား”ဆိုတဲ့ စကားလေးကို ထပ်ခါထပ်ခါ ပြောပေးခဲ့ပါတယ်။ ကလေးအဖေ ဖြစ်တဲ့ အားကစား ချန်ပီယံ Kim Dong Hyunကဆိုရင် ကလေးငယ်တွေ သေဆုံးမှုအကြောင်း နားထောင်ပြီး ကျွန်မ ဘေး ကနေ သက်ပြင်း အကြိမ်ကြိမ် ချနေခဲ့ပါတယ်။

အမေရိကန် လူမျိုး Tylorကလည်း မြန်မာလူမျိုးတွေအနေနဲ့ USအပေါ် ယုံကြည်အားကိုးမှုတွေ ရှိတာ သိရပေမယ့် ထိရောက်တဲ့ လုပ်ဆောင်မှုတွေ မပေးနိုင်တာကြောင့် သူ အားနာမိကြောင်းနဲ့ မြန်မာ့အရေးကို သူ့ ကိုယ်ပိုင် snsမှာ တင်ပေးမယ့်အကြောင်း ပြောခဲ့ပါတယ်။..” ဆိုပြီးတော့လည်း ဆရာမချမ်းမြမြသော်က ပြောပြထားပါသေး တယ်..။

celethatin

လက္ရွိအေျခအေနေတြဆိုးရြားေနတဲ့ ျမန္မာနိုင္ငံအတြက္ ျပည္ပနိုင္ငံေတာ္ေတာ္မ်ားမ်ားက ျပည္သူေတြနဲ႔အတူ ရပ္တည္ေနၿပီး စစ္ေကာင္စီရဲ့အၾကမ္းဖက္လုပ္ရပ္ ေတြကို ရႈံ႔ခ်ကာ ရပ္တန႔္ေပးဖို႔တိုက္တြန္းထားၾကတာေတြ႕ရသလို နိုင္ငံသီးသီးမွာ ေရာက္ရွိေနၾကတဲ့ ျမန္မာျပည္သူေတြကလည္းအေရးေတာ္ပုံႀကီးမွာ တစ္ဖက္တစ္လမ္းကေန တတ္နိုင္သေလာက္ ပါဝင္အားျဖည့္ေနၾကတာ ျဖစ္ပါတယ္..။ ကိုရီးယားနိုင္ငံရဲ့ နာမည္ေက်ာ္မင္းသားျဖစ္တဲ့ Lee Seung Gi တို႔ကလည္း ျမန္မာျပည္သူေတြနဲ႔အတူ ရပ္တည္ေၾကာင္း ျပသကာ အားေပးစကားေတြလည္း ေျပာလာပါတယ္..။

ကိုရီးယားနိုင္ငံရဲ့ နာမည္ေက်ာ္ SBS ႐ုပ္သံရဲ့ ပရိုဂရမ္တစ္ခုမွာ ျမန္မာနိုင္ငံသားျဖစ္တဲ့ ဆရာမခ်မ္းျမျမေသာ္ကို အဓိကထားၿပီး ကမၻာအရပ္ရပ္(ျပင္သစ္၊ အီတလီ စတဲ့) နိုင္ငံျခားသားေတြ စုေဝးၿပီး ျမန္မာ့အေရးကို သုံးသပ္ေဆြးေႏြးၾကမယ့္ “Master in the house” ဆိုတဲ့ အစီအစဥ္မွာ မင္းသား Lee Seung Gi က အျခားအႏုပညာရွင္ေတြနဲ႔အတူ MC အျဖစ္ ပါဝင္ခဲ့တာ ျဖစ္ပါတယ္..။

MC အေနနဲ႔ the master in the house အဖြဲ႕သားမ်ားက (Lee Seung Gi, Cha Eun Woo, Yang Sae Hyung, Kim Dong Hyun) ဦးေဆာင္ၾကၿပီး ပါဝင္ေဆြးေႏြးသူမ်ားအျဖစ္ ကိုရီးယား နိုင္ငံမွာ နာမည္ေက်ာ္ အႏုပညာရွင္အေနနဲ႔ ရပ္တည္ေနၾကတဲ့ အေမရိကန္လူမ်ိဳး Tylor, ျပင္သစ္လူမ်ိဳး Robin, အီတလီလူမ်ိဳး Alberto, အိႏၵိယလူမ်ိဳး Lucky, တ႐ုတ္လူမ်ိဳး Magukjinတို႔ ပါဝင္ေဆြးေႏြးခဲ့ၾကပါတယ္။

ရိုက္ကူးေရးအၿပီး အမွတ္တရဓာတ္ပုံေတြ ရိုက္တဲ့အခါမွာ မင္းသား Lee Seung Gi နဲ႔ အျခားအႏုပညာရွင္ေတြအားလုံးက လက္သုံးေခ်ာင္းေထာင္ကာ အားေပးရင္း ျမန္မာျပည္သူနဲ႔ရပ္တည္ေနေၾကာင္းျပသလိုက္တာ ျဖစ္ပါတယ္..။ေဖေဖာ္ဝါရီတစ္ရက္ေန႔ကတည္းက ယေန႔အခ်ိန္ထိ အျဖစ္အပ်က္ အေျခအေနေတြကို ေဆြးေႏြး တင္ဆက္ခဲ့တာျဖစ္ၿပီး ပရိုဂရမ္ တာဝန္ရွိသူေတြက ဒါကို အဆင္ေျပသလို တည္းျဖတ္ကာ ၆လပိုင္း ၆ရက္ TVမွာ ထုတ္လႊင့္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္..။

“MCမ်ား အားလုံးနဲ႔ နိုင္ငံျခားသား အႏုပညာသည္ အားလုံးတို႔ဟာ ျမန္မ့ာအေရးကို အမွန္တကယ္ စိတ္ဝင္တစား ရွိေနၾကၿပီး စိတ္ရင္းနဲ႔ ပူပန္စိုးရိမ္ေနၾကတာကို သိခဲ့ရပါတယ္။ မင္းသား Lee Seung Gi ဆိုရင္ ကၽြန္မကို ဘာေၾကာင့္ ဒီလို ျဖစ္ရသလဲကို သူစဥ္းစားမရနိုင္တဲ့အေၾကာင္း ထပ္ခါထပ္ခါ ေျပာခဲ့ပါတယ္။ Idol Cha Eun Wooကလည္း အစီအစဥ္ ၿပီးတဲ့အထိ ကၽြန္မနဲ႔ စကားေျပာရင္း ျမန္မာလို ကၽြန္မ သင္ေပးလိုက္တဲ့ “အားတင္းထား”ဆိုတဲ့ စကားေလးကို ထပ္ခါထပ္ခါ ေျပာေပးခဲ့ပါတယ္။ ကေလးအေဖ ျဖစ္တဲ့ အားကစား ခ်န္ပီယံ Kim Dong Hyunကဆိုရင္ ကေလးငယ္ေတြ ေသဆုံးမႈအေၾကာင္း နားေထာင္ၿပီး ကၽြန္မ ေဘး ကေန သက္ျပင္း အႀကိမ္ႀကိမ္ ခ်ေနခဲ့ပါတယ္။

အေမရိကန္ လူမ်ိဳး Tylorကလည္း ျမန္မာလူမ်ိဳးေတြအေနနဲ႔ USအေပၚ ယုံၾကည္အားကိုးမႈေတြ ရွိတာ သိရေပမယ့္ ထိေရာက္တဲ့ လုပ္ေဆာင္မႈေတြ မေပးနိုင္တာေၾကာင့္ သူ အားနာမိေၾကာင္းနဲ႔ ျမန္မာ့အေရးကို သူ႔ ကိုယ္ပိုင္ snsမွာ တင္ေပးမယ့္အေၾကာင္း ေျပာခဲ့ပါတယ္။..” ဆိုၿပီးေတာ့လည္း ဆရာမခ်မ္းျမျမေသာ္က ေျပာျပထားပါေသး တယ္..။

celethatin