ပရိတ္သတ္ၾကီးေရ…..သ႐ုပ္ေဆာင္ ပိုးၾကာျဖဴခင္ကေတာ့ ေဖေဖာ္ဝါရီလ အစကတည္းက ေျပာင္းလဲခဲ့တဲ့ နိုင္ငံေရး အေျခအေနေတြမွာ တစ္တပ္တစ္အား အေနနဲ႔ ပါဝင္ေနတဲ့ ျပည္သူထဲက ျပည္သူတစ္ေယာက္ပါ။ရက္ေပါင္းမ်ားစြာ ၾကာျမင့္ ေနၿပီျဖစ္တဲ့ နိုင္ငံေရးအေျပာင္းအလဲမွာ ေသြးေအးမသြားပဲ ျပည္သူေတြနဲ႔အတူ တစ္သားတည္းရပ္တည္ေနတဲ့ ပိုးၾကာျဖဴခင္က ယခုအခ်ိန္ထိလည္း တတ္နိုင္တဲ့ဘက္ကေန ပါဝင္အားျဖည့္ေနတာကို ေတြ႕ရပါတယ္။

ပိုးၾကာျဖဴခင္က သူမကိုယ္တိုင္လည္း လမ္းေပၚထြက္ၿပီး ျပည္သူ ေတြနဲ႔အတူ လူထုလႈပ္ရွားမႈႀကီးမွာ ပါဝင္ခဲ့သလို လိုအပ္တဲ့ေနရာေတြမွာလည္း တတ္စြမ္းသေလာက္ အလႉျပဳေနခဲ့တာပါ။ဒါ့အျပင္ အားေပးသူ Follower မ်ားတဲ့ သူမရဲ့ Facebook Account ထက္မွာလည္း လက္ရွိအေျခအေနနဲ႔ သက္ဆိုင္တဲ့ အေၾကာင္းအရာေတြကို အမ်ားျပည္သူသိရေအာင္ တင္ေပးေလ့ရွိတာျဖစ္ပါတယ္။

အရင္ကထက္ ပိုမိုဆိုးရြားလာတဲ့ နိုင္ငံေရးေၾကာင့္ ပိုးၾကာျဖဴခင္က ဘုရားကို သြားေရာက္ၿပီး ျမန္မာနိုင္ငံႀကီး အျမန္ဆုံး ၿငိမ္းခ်မ္းဖို႔အတြက္ ဆုေတာင္းေပးေနခဲ့ပါတယ္။ ပိုးၾကာျဖဴခင္က ဘုရားမွာ ဆီမီးမ်ားကို ပူေဇာ္ကာ ဝတ္ျပဳဆုေတာင္းေနတဲ့ ပုံေတြအျပင္ ” ငိုစရာ မ်က္ရည္ေတြလဲ မက်န္ေတာ့ဘူး ဒီေလာက္နဲ႔ပဲေက်နပ္ၾကပါေတာ့ ” ဆိုတဲ့ စာသားကိုလည္း ေရးသား ေတာင္းဆိုခဲ့ ပါေသးတယ္။ တတ္နိုင္တဲ့ဘက္ကေန နိုင္ငံအတြက္ စြမ္းစြမ္းတမံ ကူညီအားျဖည့္ေပးေနတဲ့ ပိုးၾကာျဖဴခင္ရဲ့ ပုံေတြကို ကူးယူၿပီး ပရိသတ္ေတြထံ ေဖာ္ျပေပးလိုက္ပါတယ္။

Credit ; Celethatin

ပရိတ်သတ်ကြီးရေ…..သရုပ်ဆောင် ပိုးကြာဖြူခင်ကတော့ ဖေဖော်ဝါရီလ အစကတည်းက ပြောင်းလဲခဲ့တဲ့ နိုင်ငံရေး အခြေအနေတွေမှာ တစ်တပ်တစ်အား အနေနဲ့ ပါဝင်နေတဲ့ ပြည်သူထဲက ပြည်သူတစ်ယောက်ပါ။ရက်ပေါင်းများစွာ ကြာမြင့် နေပြီဖြစ်တဲ့ နိုင်ငံရေးအပြောင်းအလဲမှာ သွေးအေးမသွားပဲ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတဲ့ ပိုးကြာဖြူခင်က ယခုအချိန်ထိလည်း တတ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်နေတာကို တွေ့ရပါတယ်။

ပိုးကြာဖြူခင်က သူမကိုယ်တိုင်လည်း လမ်းပေါ်ထွက်ပြီး ပြည်သူ တွေနဲ့အတူ လူထုလှုပ်ရှားမှုကြီးမှာ ပါဝင်ခဲ့သလို လိုအပ်တဲ့နေရာတွေမှာလည်း တတ်စွမ်းသလောက် အလှူပြုနေခဲ့တာပါ။ဒါ့အပြင် အားပေးသူ Follower များတဲ့ သူမရဲ့ Facebook Account ထက်မှာလည်း လက်ရှိအခြေအနေနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို အများပြည်သူသိရအောင် တင်ပေးလေ့ရှိတာဖြစ်ပါတယ်။

အရင်ကထက် ပိုမိုဆိုးရွားလာတဲ့ နိုင်ငံရေးကြောင့် ပိုးကြာဖြူခင်က ဘုရားကို သွားရောက်ပြီး မြန်မာနိုင်ငံကြီး အမြန်ဆုံး ငြိမ်းချမ်းဖို့အတွက် ဆုတောင်းပေးနေခဲ့ပါတယ်။ ပိုးကြာဖြူခင်က ဘုရားမှာ ဆီမီးများကို ပူဇော်ကာ ဝတ်ပြုဆုတောင်းနေတဲ့ ပုံတွေအပြင် ” ငိုစရာ မျက်ရည်တွေလဲ မကျန်တော့ဘူး ဒီလောက်နဲ့ပဲကျေနပ်ကြပါတော့ ” ဆိုတဲ့ စာသားကိုလည်း ရေးသား တောင်းဆိုခဲ့ ပါသေးတယ်။ တတ်နိုင်တဲ့ဘက်ကနေ နိုင်ငံအတွက် စွမ်းစွမ်းတမံ ကူညီအားဖြည့်ပေးနေတဲ့ ပိုးကြာဖြူခင်ရဲ့ ပုံတွေကို ကူးယူပြီး ပရိသတ်တွေထံ ဖော်ပြပေးလိုက်ပါတယ်။

Credit ; Celethatin

Leave a Comment

Your email address will not be published. Required fields are marked *