ကိုယ္တိုင္ လမ္းေပၚထြက္ၿပီး စစ္အာဏာရွင္ အား ဆန႔္က်င္ ဆႏၵျပေနသလို၊ လက္ရွိ ျမန္မာ နိုင္ငံမွာ ၾကဳံေတြ႕ေနရတဲ့ မတရားခံရမႈေတြအတြ က္ နိုင္ငံတကာကို ေျပာျပခ်င္တဲ့ အေၾကာင္းအရာေတြကို အားသာတဲ့ Platform သုံးၿပီး အာဏာရွင္ က်ရႈံးတဲ့အထိ ေျပာေနဦးမယ္လို႔ သ႐ုပ္ ေဆာင္ ျမတ္နိုးေအး က ေျပာပါတယ္။

Mgid
Mgid

HERBEAUTY
The Biggest Signs You Want To Be With Your Girlfriend Forever
LEARN MORE→
“ကိုယ့္နိုင္ငံမွာ ခံေနရတဲ့ မတရားခံရမႈ အတြက္ နိုင္ငံတကာကို ေျပာျပခ်င္တယ္။ ဘယ္လိုေျပာရင္ အထိေရာက္ဆုံးျဖစ္မယ္ေတြ ဘာေတြ မသိပါဘူး။ ေျပာခ်င္ခဲ့တာပဲ သိတယ္။ အဲ့ေတာ့ ကိုယ့္မွာ ရွိတဲ့ ကိုယ္အားသာတဲ့ Platform ကို သုံးၿပီး ေျပာခဲ့တာေတြ အခုလို သူမ်ားနိုင္ငံ မီဒီယာေတြမွာ အသိအမွတ္ျပဳခံရေတာ့ ေက်နပ္ပါတယ္” လို႔ ျမတ္နိုးေအးက ေျပာပါတယ္။

ျမန္မာနိုင္ငံမွာ ျဖစ္ပ်က္ေနတဲ့ အေၾကာင္းအရာမ်ားကို ဆိုရွယ္မီဒီယာ ပလက္ေဖာင္း မ်ိဳးစုံက ေဖာ္ျပေပးေနသလို၊ Tiktok မွာလည္း ျမတ္နိုး ေအး ကိုယ္တိုင္ေျပာျပခဲ့တဲ့ ဗီဒီယိုဖိုင္ဟာ တျခားနိုင္ငံမ်ားရဲ့ မီဒီယာမ်ားမွာ ေဖာ္ျပခံထားရပါတယ္။ ဒီလို မတရားခံရမႈမ်ားကို ေျပာေနတာေတြဟာ မေၾကာက္တဲ့အတြက္ ေျပာေနျခင္း မဟုတ္ဘဲ အနာဂတ္မဲ့သြားမွာ နဲ႔ အမွန္တရားဘက္မွာ မ ရပ္တည္နိုင္တဲ့သူျဖစ္မွာကို ပိုေၾကာက္တယ္လို႔ ဆိုပါတယ္။

“မေၾကာက္ဘူးလားဆိုေတာ့ ေၾကာက္ ပါတယ္။ ဒါေပမဲ့ ဘာမွ မလုပ္လို႔ လိပ္ျပာမလုံဘဲ ေနရမွာကို ပိုေၾကာက္ပါတယ္။ အနာဂတ္ေတြ မဲ့မွာ ကို ပိုေၾကာက္ပါတယ္။ အမွန္တရားဘက္မွာ မရပ္တည္နိုင္တဲ့သူ တေယာက္ ျဖစ္မွာကို ပိုေၾကာက္ပါတယ္”လို႔ျမတ္နိုးေအးက ေျပာပါတ ယ္။ဆက္လက္ၿပီးေတာ့လည္း စစ္အာဏာရွင္ က်ရႈံးတဲ့ အထိ တတ္နိုင္တဲ့ဘက္က ေျပာေပးေနဦးမွာျဖစ္တယ္လို႔ ဆိုပါတယ္။ “မတရားသျဖင့္ တက္အုပ္ခ်ဳပ္ေနတဲ့ စစ္အာဏာရွင္စနစ္ က်ရႉံးတဲ့အထိ ျမတ္နိုးကေတာ့ တတ္နိုင္တဲ့ဘက္ ကေန အမွန္တရားအတြက္ Speak Out လုပ္ေနဦးမွာပါ” လို႔ ျမတ္နိုးေအးက ေျပာပါတယ္။

သ႐ုပ္ေဆာင္ ျမတ္နိုးေအးက ကိုယ္တိုင္လည္း ျပည္သူမ်ား နဲ႔အတူ ရပ္တည္ၿပီး အမွန္တရားအတြက္ အႏုပညာရွင္ တဦးအေနနဲ႔ ေျပာေပး ေနသလို တျခားေသာ ႏႈတ္ဆိတ္ေနတဲ့ အႏုပညာရွင္ တဦးကိုလည္း စကားသံ ထြက္ေပးဖို႔ တိုက္တြန္းခဲ့တာကို ေတြ႕ရပါတယ္။

Credit…..

ကိုယ်တိုင် လမ်းပေါ်ထွက်ပြီး စစ်အာဏာရှင် အား ဆန့်ကျင် ဆန္ဒပြနေသလို၊ လက်ရှိ မြန်မာ နိုင်ငံမှာ ကြုံတွေ့နေရတဲ့ မတရားခံရမှုတွေအတွ က် နိုင်ငံတကာကို ပြောပြချင်တဲ့ အကြောင်းအရာတွေကို အားသာတဲ့ Platform သုံးပြီး အာဏာရှင် ကျရှုံးတဲ့အထိ ပြောနေဦးမယ်လို့ သရုပ် ဆောင် မြတ်နိုးအေး က ပြောပါတယ်။

Mgid
Mgid

HERBEAUTY
The Biggest Signs You Want To Be With Your Girlfriend Forever
LEARN MORE→
“ကိုယ့်နိုင်ငံမှာ ခံနေရတဲ့ မတရားခံရမှု အတွက် နိုင်ငံတကာကို ပြောပြချင်တယ်။ ဘယ်လိုပြောရင် အထိရောက်ဆုံးဖြစ်မယ်တွေ ဘာတွေ မသိပါဘူး။ ပြောချင်ခဲ့တာပဲ သိတယ်။ အဲ့တော့ ကိုယ့်မှာ ရှိတဲ့ ကိုယ်အားသာတဲ့ Platform ကို သုံးပြီး ပြောခဲ့တာတွေ အခုလို သူများနိုင်ငံ မီဒီယာတွေမှာ အသိအမှတ်ပြုခံရတော့ ကျေနပ်ပါတယ်” လို့ မြတ်နိုးအေးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာများကို ဆိုရှယ်မီဒီယာ ပလက်ဖောင်း မျိုးစုံက ဖော်ပြပေးနေသလို၊ Tiktok မှာလည်း မြတ်နိုး အေး ကိုယ်တိုင်ပြောပြခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ တခြားနိုင်ငံများရဲ့ မီဒီယာများမှာ ဖော်ပြခံထားရပါတယ်။ ဒီလို မတရားခံရမှုများကို ပြောနေတာတွေဟာ မကြောက်တဲ့အတွက် ပြောနေခြင်း မဟုတ်ဘဲ အနာဂတ်မဲ့သွားမှာ နဲ့ အမှန်တရားဘက်မှာ မ ရပ်တည်နိုင်တဲ့သူဖြစ်မှာကို ပိုကြောက်တယ်လို့ ဆိုပါတယ်။

“မကြောက်ဘူးလားဆိုတော့ ကြောက် ပါတယ်။ ဒါပေမဲ့ ဘာမှ မလုပ်လို့ လိပ်ပြာမလုံဘဲ နေရမှာကို ပိုကြောက်ပါတယ်။ အနာဂတ်တွေ မဲ့မှာ ကို ပိုကြောက်ပါတယ်။ အမှန်တရားဘက်မှာ မရပ်တည်နိုင်တဲ့သူ တယောက် ဖြစ်မှာကို ပိုကြောက်ပါတယ်”လို့မြတ်နိုးအေးက ပြောပါတ ယ်။ဆက်လက်ပြီးတော့လည်း စစ်အာဏာရှင် ကျရှုံးတဲ့ အထိ တတ်နိုင်တဲ့ဘက်က ပြောပေးနေဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။ “မတရားသဖြင့် တက်အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်စနစ် ကျရှူံးတဲ့အထိ မြတ်နိုးကတော့ တတ်နိုင်တဲ့ဘက် ကနေ အမှန်တရားအတွက် Speak Out လုပ်နေဦးမှာပါ” လို့ မြတ်နိုးအေးက ပြောပါတယ်။

သရုပ်ဆောင် မြတ်နိုးအေးက ကိုယ်တိုင်လည်း ပြည်သူများ နဲ့အတူ ရပ်တည်ပြီး အမှန်တရားအတွက် အနုပညာရှင် တဦးအနေနဲ့ ပြောပေး နေသလို တခြားသော နှုတ်ဆိတ်နေတဲ့ အနုပညာရှင် တဦးကိုလည်း စကားသံ ထွက်ပေးဖို့ တိုက်တွန်းခဲ့တာကို တွေ့ရပါတယ်။

Credit…..