ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် ပိုးအိအိခန့်ကတော့ အွန်လိုင်းပေါ်မှာ ဂိမ်းကစားရင်း ခင်မင်ခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် ဘောလုံးကစားသမား အောင်သူနဲ့ ဖူးစာဆုံခဲ့တာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် ပိုးအိအိခန့်က လက်ရွေးစင်ဘောလုံးသမား အောင်သူနဲ့ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ်ကပဲ လက်ထပ်ခဲ့ကြပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သားလေး သွင်ဦးဟန်နဲ့ အေးချမ်းဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ (၁၉) ရက်နေ့မှာတော့ ပိုးအိအိခန့်နဲ့ အောင်သူတို့ရဲ့ သားငယ်လေး သွင်ဦးဟန်ရဲ့ (၁)နှစ်နဲ့(၅)လပြည့်မွေးနေ့လေးအတွက် ရင်နဲ့အမျှရေးထားတဲ့ စာလေးတစ်စောင်ရေးလာတာကို တွေ့ရပါတယ်။

“သားလေးရေ.. ဒီစာလေးက 19.12.2020 မှာ အသက် ၁ နှစ်၅လပြည့်သွားပြီဖြစ်တဲ့ မေမေ့ သားလေးအတွက် သားလေးကြီးလာရင် ဖတ်ဖို့ မေမေရေးထားတဲ့ စာပါ။ မေမေ့ စိတ် မေမေ့အတွေ့အကြုံ မေမေ့ ခံယူချက်တွေကို ထည့်ရေးထားတဲ့ စာတွေဆိုလည်း မမှားပါဘူး။ သားလေးရေ ဒီကမ္ဘာလောကကြီးမှာ လူရယ်လို့ ဖြစ်လာပြီဆိုရင် ဘက် ၂ ဘက်ကို ကြည့်တတ်အောင် ကြိုးစားပါ။ ဘက် ၂ ဘက် ဆိုတာ သူ့ဘက် နဲ့ ကိုယ့်ဘက်ကို ပြောတာပါ။ ကိုယ်ခံစားရတာပဲ ကြည့်တတ်သူဆိုရင် သားလေးလူဖြစ်ရှုံးမှာပေါ့သားရယ်”

“ကိုယ်ခံစားရတာလည်း ကြည့်သလို သူရော ခံစားရလားဆိုတာပါ ထည့်စဉ်းစားပေးမှ သားလေးလူကောင်းတစ်ယောက်ဖြစ်မှာပေါ့သားရယ်။ သားလေးရေ ဘဝမှာ အတတ်နိုင်ဆုံး ပေးနိုင်တဲ့သူဖြစ်အောင်သာ ကြိုးစားပါ။ ပေးတဲ့သူရဲ့လက် နဲ့ ယူတဲ့သူရဲ့ လက်မှာ အဓိပ္ပါယ်တွေ ပီတိတွေ အများကြီး ကွာတာမို့ ဒါကို မေမေ အကျယ် တဝံ့မရှင်းပြတော့ဘူးနော် ဘာဖြစ်လို့လည်း ဆိုတော့ မေမေ ပြောသလိုသာ ပေးတဲ့လက်တစ်စုံဖြစ်အောင် သားလေးကြိုးစားခဲ့လို့ ပေးနိုင်တဲ့လက်တစ်စုံဖြစ်ခဲ့ရင် ပေးဆပ်ရခြင်းရဲ့ ပီတိကို သားလေးကိုယ်တိုင်ခံစားမိမှာ မေမေ ယုံကြည်ပါတယ်။ သားလေးရေ ယောကျာ်းကောင်းဆိုတာ အရာရာ အဘက်ဘက်ကို မျှတစွာ နေနိုင် ပြောနိုင် ဆိုနိုင် ကျင့်ကြံနိုင်ရပါတယ်သားရေ “မဇ္ဇိမ ပဋိပဒ္ဒါ “တဲ့ အလယ်အလတ်လမ်းစဉ်ကိုသာ လိုက်ပါ သားရေ.. အရာရာ သင့်တင့်ပြီး မျှတမှုကသာ တရားနည်းလမ်းကြလို့ပါသားရယ် ”

“သားလေးရေ ကိုယ့်အပေါ် ကောင်းတဲ့ တစ်စုံ တစ်ဦး တစ်ယောက် အပေါ် ဘယ်တော့မှ အနိုင်မယူမိပါစေနဲ့နောf်။ သည်းခံနိုင်တဲ့သူဆိုတာလည်း အတိုင်းအတာနဲ့မို့ သူတစ်ဖက်သားကို နှုတ်နဲ့သော်လည်းကောင်း ကိုယ်ဖြင့်သော်လည်းကောင်း နာကျင်အောင် သားလေးမလုပ်မိပါစေနဲ့လို့ မေမေ သတိပေးပါရစေ။ သားလေးရေ ဘဝမှာ လူတော်ထက် လူကောင်းဖြစ်ဖို့ အရင်ကြိုးစားပေးပါနော်။ မေမေကလည်း သားလေး သူတော်ကောင်းလေးဖြစ်ဖို့ မှားတာကို မှားနေမှန်းသိအောင် ၊ အရာရာမှာ မျှမျှတတ ကျင့်ကြံတတ်အောင် ၊ တစ်ကိုယ်ကောင်းဆန်တတ်တဲ့ကလေးလေးမဖြစ်အောင်၊ အမှား အမှန် အဆိုး အကောင်းကို ခွဲခြားသိမြင်နိုင်တဲ့ကလေးလေးဖြစ်အောင် ဆုံးမ သွန်သင်ဖို့က မေမေ့တာဝန်ပါ ။”

“သားလေးရေ….မေမေက သားလေးကို independence baby လေးဖြစ်အောင် ငယ်ငယ် ထဲက train ပေးမယ်နော်။ ကိုယ်ပိုင်လွတ်လပ်တဲ့ အတွေးအခေါ် အသိဉာဏ် နဲ့ ကိုယ်ပိုင် ဆုံးဖြတ်နိုင်တဲ့ ကလေးလေးဖြစ်ဖို့ သားလေးကို မေမေ အခွင့်အရေးတွေ ပေးမှာပါ။ မေမေ့ရဲ့ စေတနာ လွတ်လပ်ခွင့် ပေးတာလေးကိုတော့ ကောင်းမွန်တဲ့နေရာမှာပဲ အသုံးချဖို့ ကတိပေးရမယ်နော် ကလေးလေး သားလေးငယ်စဉ်ကတည်းက သားလေး ကို self decision လုပ်ခွင့် မေမေပေးခဲ့မှ သားလေးအရွယ်ရောက်လို့ အရေးကြုံတဲ့အခါ self decision ကို ဘယ်သူ့အကူအညီမှ မလိုဘဲ confidence ပြည့်ပြည့်ဝဝနဲ့ ချနိုင်မယ်လို့ မေမေယုံကြည်ပါတယ်သားလေးရေ…..Happy 1 year & 5 months birthday ပါ သားသားရေ❤️❤️❤️❤️” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Poe Ei Ei Khant’s fb
Credit ; Cele Connections