


Source: Nay Win’s fb

Rapper ကြီးတစ်ယောက်ပီပီ အမိုက်စားသီချင်းတွေကို သီဆိုတတ်တဲ့ နေဝင်းကတော့ အချစ်နဲ့ ပက်သတ်ရင် ပရိသတ်တွေ ထင်မထားလောက်အောင် နူးညံ့သိမ်မွေ့သူတစ်ယောက် ဖြစ်ပါတယ်။ နေဝင်းကတော့ သူငယ်စဉ်ကတည်းက ချစ်ရတဲ့ ချစ်သူနဲ့ မကြာသေးခင် လပိုင်းအတွင်းကပဲ ရွှေလက်တွဲ လက်ထပ်ခဲ့ပြီဖြစ်ပြီး အခုဆိုရင် ကြင်စဦးဇနီးမောင်နှံဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ နေဝင်းတို့စုံတွဲကတော့ အိမ်ထောင်မကျခင်ကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ရရှိပိုင်ဆိုင်ခဲ့ပြီး အိမ်ထောင်ရှင်ေ တွဖြစ်သွားချိန်မှာလည်း ပရိသတ်စောင့်ကြည့်ခဲ့ရတဲ့ နေနဲ့လ ရွှေနဲ့မြလို ဇနီးမောင်နှံနှစ်ယောက်ပါပဲ။

မကြာခင် ဒီဇင်ဘာလ (၂၅) ရက်နေ့မှာ ချစ်သူသက်တမ်း (၁၁) နှစ်ပြည့်တော့မယ့် နေဝင်းတို့ ဇနီးမောင်နှံက နှစ်စဉ်နှစ်တိုင်းလိုလို တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်လက်ဆောင်ပေးရင်း ဖြတ်သန်းလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း နေဝင်းတို့ ဇနီးမောင်နှံက (၁၁) နှစ်ပြည့် Anniversary အတွက် တစ်ယောက်အကြိုက်တစ်ယောက် လက်ဆောင်ပေးရင်း Suprise လုပ်ခြဲ့ ကတာကို ပရိသတ်တွေကြည့်ရှုနိုင်ဖို့ အခုလိုပဲ ဗီဒီယိုလေး မျှဝေပေးလာပါတယ်။

နေဝင်းနဲ့ အိမ့်ချစ်ချောတို့ကတော့ နှစ်တွေအကြာကြီးအတူတူရှိခဲ့သူတွေပီပီ တစ်ယောက်အကြိုက်တစ်ယောက် ပြောစရာမလိုအောင် သိနေတာ မထူးဆန်းပါဘူးနော်။ နေဝင်းတို့ ဇနီးမောင်နှံနှစ်ယောက် ချစ်သက်တမ်း (၁၁) နှစ်ပြည့်မှသည် နှစ်ပေါင်း (၁၁၀) တိုင် သက်ဆုံးတိုင်ချစ်နိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါေ စလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Win’s fb
Credit – Cele Connection