စတူဒီယိုေတးသံရွင္ ခ်စ္ေကာင္းရဲ့ သမီးျဖစ္သူ အိမ့္ခ်စ္ကေတာ့ အေဖနဲ့အတူတူ သီခ်င္းေတြကို လုိက္ဆိုရင္း သူမကိုယ္တိုင္ ေအာင္ျမင္တဲ့ အနုပညာလမ္းေၾကာင္းေပၚကို ေရာက္ရိွလာခဲ့သူတစ္ေယာက္ပါ။ ဆယ္ေက်ာ္သက္အရြယ္ကတည္းက အဆိုေတာ္တစ္ေယာက္အျဖစ္ အနုပညာလမ္းမကိုသာ တစိုက္မတ္မတ္ေလွ်ာက္လွမ္းလာခဲ့တဲ့ အိမ့္ခ်စ္က ဂီတသက္တမ္း (၁၆) နွစ္ေက်ာ္မွာ ထူးခြ်န္ဆုေတြအမ်ားၾကီးမရခဲ့ေပမယ့္ ရိုးသားၾကိဳးစားမႈေၾကာင့္ ပရိသတ္ေတြရဲ့ေမတၱာေတြေတာ့ရရိွခဲ့တဲ့အေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။

“တစ္ခါတစ္ေလလဲလူ႔ဘဝမွာဘယ္ေလာက္ပဲႀကိဳစား အသိမွတ္ျပဳမခံရတာေတြႀကဳံဖူးၾကမွာပါ။ ဟုတ္တယ္မလား…??? ဒါေပမယ့္အဓိကကေတာ့ ကိုယ့္ႀကိဳးစားမႈတိုင္းဟာ ကိုယ့္ဟာကိုသိေနဖို႔နဲ႔လိပ္ျပာလုံေနဖို႔ သန္႔ရွင္းေနဖို႔ပဲ လိုပါတယ္။ ဒါဟာအေရးအႀကီးဆုံးပါ။ အဲ့ဒီစိတ္ပဲထည့္ထားၿပီးဂီတနဲ႔ပတ္သတ္ရင္အ႐ိုးရွင္းဆုံးနဲ႔ အမွန္ကန္ဆုံးပဲေပးခဲ့တာမို႔ ျပန္ရခဲ့တာေတြကေတာ့ ပရိတ္သတ္ရဲ႕ေမတၱာေတြပါပဲ။ ဂီတနဲ႔ပတ္သတ္ၿပီး မမွန္ကန္တဲ့နည္းေတြသုံးၿပီး အေပၚေရာက္ေအာင္မတက္ခဲ့ဘူး။”

“ေလွကားတစ္ထစ္ခ်င္းစီပဲ ေျဖးေျဖးနဲ႔မွန္မွန္တက္လာခဲ့တာ အခုဆို ဂီတသက္တန္း၁၆ ႏွစ္ေက်ာ္ခဲ့ၿပီ။ ေလွ်ာက္ခဲ့တဲ့သက္တမ္းမွာ ဂီတထူးခြၽန္ဆုေတြ အမ်ားႀကီးမရခဲ့ဖူးပါဘူး။ ဒါေပမယ့္ ပရိတ္သတ္ရဲ႕ေမတၱာေတြေတာ့ရခဲ့တယ္။ ပရိတ္သတ္ေမတၱာနဲ႔ပဲ ဆက္လက္ရွင္သန္သြားမယ္။ အဲ့ဒီေမတၱာေတြနဲ႔ပဲ အၿမဲရွင္သန္ေနခြင့္ေပးပါေနာ္ ခ်စ္ရတဲ့ပရိတ္သတ္ႀကီးရွင့္….. 🙏🏼🙏🏼🙏🏼” ဆိုျပီး ေျပာလာခဲ့ပါတယ္။အိမ့္ခ်စ္ကေတာ့ ပရိသတ္ၾကီးသိျပီးသားအတိုင္းပဲ ဂီတကို ခ်စ္ျမတ္နိုးတဲ့စိတ္နဲ့ပဲ ၾကိဳးစားေနသူျဖစ္ျပီး ရိုးရိုးသားသား အလုပ္လုပ္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အိမ့္ခ်စ္တစ္ေယာက္ ေရွ့ဆက္ေလွ်ာက္မယ့္ အနုပညာလမ္းမမွာ ပရိသတ္ေတြရဲ့ ေမတၱာနဲ့တကြ ဂီတထူးခြ်န္ဆုေတြမ်ားစြာကိုလည္း ဆြတ္ခူးနိုင္ပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Eint Chit’s fb
Credit – Cele Connections

စတူဒီယိုတေးသံရှင် ချစ်ကောင်းရဲ့ သမီးဖြစ်သူ အိမ့်ချစ်ကတော့ အဖေနဲ့အတူတူ သီချင်းတွေကို လိုက်ဆိုရင်း သူမကိုယ်တိုင် အောင်မြင်တဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာခဲ့သူတစ်ယောက်ပါ။ ဆယ်ကျော်သက်အရွယ်ကတည်းက အဆိုတော်တစ်ယောက်အဖြစ် အနုပညာလမ်းမကိုသာ တစိုက်မတ်မတ်လျှောက်လှမ်းလာခဲ့တဲ့ အိမ့်ချစ်က ဂီတသက်တမ်း (၁၆) နှစ်ကျော်မှာ ထူးချွန်ဆုတွေအများကြီးမရခဲ့ပေမယ့် ရိုးသားကြိုးစားမှုကြောင့် ပရိသတ်တွေရဲ့မေတ္တာတွေတော့ရရှိခဲ့တဲ့အကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

“တစ်ခါတစ်လေလဲလူ့ဘဝမှာဘယ်လောက်ပဲကြိုစား အသိမှတ်ပြုမခံရတာတွေကြုံဖူးကြမှာပါ။ ဟုတ်တယ်မလား…??? ဒါပေမယ့်အဓိကကတော့ ကိုယ့်ကြိုးစားမှုတိုင်းဟာ ကိုယ့်ဟာကိုသိနေဖို့နဲ့လိပ်ပြာလုံနေဖို့ သန့်ရှင်းနေဖို့ပဲ လိုပါတယ်။ ဒါဟာအရေးအကြီးဆုံးပါ။ အဲ့ဒီစိတ်ပဲထည့်ထားပြီးဂီတနဲ့ပတ်သတ်ရင်အရိုးရှင်းဆုံးနဲ့ အမှန်ကန်ဆုံးပဲပေးခဲ့တာမို့ ပြန်ရခဲ့တာတွေကတော့ ပရိတ်သတ်ရဲ့မေတ္တာတွေပါပဲ။ ဂီတနဲ့ပတ်သတ်ပြီး မမှန်ကန်တဲ့နည်းတွေသုံးပြီး အပေါ်ရောက်အောင်မတက်ခဲ့ဘူး။”

“လှေကားတစ်ထစ်ချင်းစီပဲ ဖြေးဖြေးနဲ့မှန်မှန်တက်လာခဲ့တာ အခုဆို ဂီတသက်တန်း၁၆ နှစ်ကျော်ခဲ့ပြီ။ လျှောက်ခဲ့တဲ့သက်တမ်းမှာ ဂီတထူးချွန်ဆုတွေ အများကြီးမရခဲ့ဖူးပါဘူး။ ဒါပေမယ့် ပရိတ်သတ်ရဲ့မေတ္တာတွေတော့ရခဲ့တယ်။ ပရိတ်သတ်မေတ္တာနဲ့ပဲ ဆက်လက်ရှင်သန်သွားမယ်။ အဲ့ဒီမေတ္တာတွေနဲ့ပဲ အမြဲရှင်သန်နေခွင့်ပေးပါနော် ချစ်ရတဲ့ပရိတ်သတ်ကြီးရှင့်….. 🙏🏼🙏🏼🙏🏼” ဆိုပြီး ပြောလာခဲ့ပါတယ်။အိမ့်ချစ်ကတော့ ပရိသတ်ကြီးသိပြီးသားအတိုင်းပဲ ဂီတကို ချစ်မြတ်နိုးတဲ့စိတ်နဲ့ပဲ ကြိုးစားနေသူဖြစ်ပြီး ရိုးရိုးသားသား အလုပ်လုပ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အိမ့်ချစ်တစ်ယောက် ရှေ့ဆက်လျှောက်မယ့် အနုပညာလမ်းမမှာ ပရိသတ်တွေရဲ့ မေတ္တာနဲ့တကွ ဂီတထူးချွန်ဆုတွေများစွာကိုလည်း ဆွတ်ခူးနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Eint Chit’s fb
Credit – Cele Connections