


Credit – CeleKhitThit

ပရိသတ်ကြီးရေမူးလာကတော့ မြန်မာအိုင်ဒေါလ် Season (4)မှာ မိန်းကလေးသည်းသည်းလှုပ်အားပေးခဲ့ရတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ပါ။ ရိုးသားတဲ့ ကရင်လူမျိုးတစ်ဦးဖြစ်ပြီး အမြဲပျော်ပျော်နေတတ်သူပါ။

ဇာတိမြို့က ပုသိမ်ဖြစ်ပြီးအခုချိန်မှာတော့ ရန်ကုန်မှာပဲနေထိုင်ကာ အနုပညာအလုပ်တွေနဲ့ ပွဲတွေကိုတက်ရောက်လျက်ရှိပါတယ်နော်။ ပျော်ပျော်နေတတ်ပြီးသူငယ်ချင်း​တွေ ပရိသတ်​တွေကိုလည်းအမြဲစနောက်တတ်သူတစ်ဦးပါပဲနော်။

လက်ရှိမှာတော့ထီဖွင့်တဲ့၂၀၂၁ နှစ်ရဲ့ပထမဆုံးရက်မှာ ”2021 က အိပ်ရာတောင်မထရသေးဘူး ထီပေါက်တယ်ဆိုတဲ့ သတင်းကောင်းတေပဲကြားနေရပါကောလား😍မူးလာ ကံစကောင်းနေပြီလေ🥰”ဆို​တဲ့စာလေးနဲ့အတူ ၁သိန်းဆုတစ်ဆုနဲ့၅သောင်းဆု၂ဆုပေါက်ခဲ့ကြောင်းပြောပြလာခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Saw Chris Mooler
Credit – CeleKhitThit