Credit – CeleKhitThit
ပရိသတ်ကြီးရေ သရုပ်ဆောင်မောင်ကတော့ မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲမင်းသမီးကြီးတစ်ဦးဖြစ်ခဲ့တဲ့ နန္ဒါလှိုင်ရဲ့မောင်အရင်းပဲ ဖြစ်ပါတယ်။ မောင်ကတော့ဖောင်ကြီးမှာ စေတနာ့ဝန်ထမ်း Volunteerအဖြစ် လုပ်ကိုင်ခဲ့ပါသေးတယ်။
မောင်ရဲ့အချစ်ရေးကတော့ ပရိသတ်တွေလည်းသိပြီးသားဖြစ်တဲ့ သရုပ်ဆောင် ရီရီပွင့်ဖြူနဲ့ ချစ်သူတွေဖြစ်ကြောင်း တရားဝင်ချပြထားကာ Vlogလေးတွေလည်းရိုက်ကူးလျက်ရှိတာပါ။ လက်ရှိမှာတော့ မောင်တစ်ယောက်ဟာ ” တကယ် ဝိတ်ချတော့မှာနော်၊အရမ်းဒွေ ချောလာတော့ မှ အပေါင်းအသင်းလာမလုပ်ပါနဲ့ 😜”ဆိုတဲ့စာလေး တင်လာခဲ့တာပါ။
အကြောင်းအရင်းကတော့ Urban ကနေ မကြာခင် ကျင်းပတော့မယ့် ၄၅ရက် အတွင်းအဆီကျမယ့် ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အစီအစဉ်ရှိကာ စာရင်းပေးထားပြီလို့သိရပါတယ်။ ချစ်​တဲ့ပရိသတ်တွေလည်း မောင်တစ်ယောက် ဝိတ်တွေဘယ်လိူကျသွားမလဲဆိုတာ စောင့်ကြည့်အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source :Sein Hlaing Phyo
Credit – CeleKhitThit