အဆိုတော် ကျော်ကျော်နန္ဒကတော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ် ။လှုပ်ရှားမှုတွေမှာ ပြည်သူတစ်ယောက်နေရာကနေ တစ်တပ်တစ်အား ပါဝင်ခဲ့တဲ့ ကျော်ကျော်နန္ဒက ပုဒ်မ (၅၀၅)က နဲ့ ဝရမ်းထုတ်ခံခဲ့ရတာလည်း ဖြစ်ပါ တယ် ။ ဒါကြောင့် ကျော်ကျော်နန္ဒက အဝေးတစ်နေရာမှာ အနေဆင်းရဲ၊အစားဆင်းရဲနဲ့ ဒုက္ခခံပြီး ရှောင်ပုန်းခဲ့ရတာ ဖြစ်ပါ တယ် ။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ကျော်ကျော်နန္ဒအပါအဝင် အနုပညာရှင် (၂၅) ဦးကို (၅၀၅)ကနဲ့ တရားစွဲဆိုထားတဲ့စာရင်းကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါ တယ်။

ဒီသတင်းကြောင့် ပရိသတ်တွေကလည်း ကျော်ကျော်နန္ဒအတွက် ဝမ်းသာနေကြတာ ဖြစ်ပါတယ် ။အခုတော့ကျော်ကျော်နန္ဒက သူ့ရဲ့မိခင်ကြီး နေမကောင်းဖြစ်နေတာကိုကြားရလို့ အမြန်သွားပြီး ကိုယ်တိုင်ပြုစုစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ် ။

မိခင်ဖြစ်သူ နေမကောင်းဖြစ်နေတဲ့အချိန်မှာ သားတစ်ယောက်အနေနဲ့ အခုလိုပြုစုခွင့်ရတာက “ဘုရားကယ်လို့ပါ”ဆိုပြီး ကျော်ကျော်နန္ဒက ပြောထားတာ ဖြစ်ပါတယ် ။

ဒါ့အပြင် ကျော်ကျော်နန္ဒက သူ့ကို အဘက်ဘက်ကနေ ကူညီပေးခဲ့သူတွေနဲ့ ဆုတောင်းမေတ္တာပို့သပေးခဲ့တဲ့သူတွေအားလုံးကိုကျေးဇူး တင်စကားပြောထားတာလည်း တွေ့ရပါတယ်။ နာမကျန်းဖြစ်နေတဲ့ မိခင်ရဲ့လက်လေးကိုကိုင်ပြီး ဘေးကနေ အားပေးနေတဲ့ ကျော်ကျော်နန္ဒရဲ့အကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ် ။

klnews

အဆိုေတာ္ ေက်ာ္ေက်ာ္နႏၵကေတာ့ ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္က ရဲရဲဝင့္ဝင့္ရပ္တည္ခဲ့တဲ့ အႏုပညာရွင္တစ္ဦး ျဖစ္ပါတယ္ ။လႈပ္ရွားမႈေတြမွာ ျပည္သူတစ္ေယာက္ေနရာကေန တစ္တပ္တစ္အား ပါဝင္ခဲ့တဲ့ ေက်ာ္ေက်ာ္နႏၵက ပုဒ္မ (၅၀၅)က နဲ႔ ဝရမ္းထုတ္ခံခဲ့ရတာလည္း ျဖစ္ပါ တယ္ ။ ဒါေၾကာင့္ ေက်ာ္ေက်ာ္နႏၵက အေဝးတစ္ေနရာမွာ အေနဆင္းရဲ၊အစားဆင္းရဲနဲ႔ ဒုကၡခံၿပီး ေရွာင္ပုန္းခဲ့ရတာ ျဖစ္ပါ တယ္ ။

ၿပီးခဲ့တဲ့ရက္ပိုင္းကေတာ့ ေက်ာ္ေက်ာ္နႏၵအပါအဝင္ အႏုပညာရွင္ (၂၅) ဦးကို (၅၀၅)ကနဲ႔ တရားစြဲဆိုထားတဲ့စာရင္းကေန ထုတ္ပယ္ခဲ့တာ ျဖစ္ပါ တယ္။

ဒီသတင္းေၾကာင့္ ပရိသတ္ေတြကလည္း ေက်ာ္ေက်ာ္နႏၵအတြက္ ဝမ္းသာေနၾကတာ ျဖစ္ပါတယ္ ။အခုေတာ့ေက်ာ္ေက်ာ္နႏၵက သူ႔ရဲ့မိခင္ႀကီး ေနမေကာင္းျဖစ္ေနတာကိုၾကားရလို႔ အျမန္သြားၿပီး ကိုယ္တိုင္ျပဳစုေစာင့္ေ ရွာက္ေပးေနတာ ျဖစ္ပါတယ္ ။

မိခင္ျဖစ္သူ ေနမေကာင္းျဖစ္ေနတဲ့အခ်ိန္မွာ သားတစ္ေယာက္အေနနဲ႔ အခုလိုျပဳစုခြင့္ရတာက “ဘုရားကယ္လို႔ပါ”ဆိုၿပီး ေက်ာ္ေက်ာ္နႏၵက ေျပာထားတာ ျဖစ္ပါတယ္ ။

ဒါ့အျပင္ ေက်ာ္ေက်ာ္နႏၵက သူ႔ကို အဘက္ဘက္ကေန ကူညီေပးခဲ့သူေတြနဲ႔ ဆုေတာင္းေမတၱာပို႔သေပးခဲ့တဲ့သူေတြအားလုံးကိုေက်းဇူး တင္စကားေျပာထားတာလည္း ေတြ႕ရပါတယ္။ နာမက်န္းျဖစ္ေနတဲ့ မိခင္ရဲ့လက္ေလးကိုကိုင္ၿပီး ေဘးကေန အားေပးေနတဲ့ ေက်ာ္ေက်ာ္နႏၵရဲ့အေၾကာင္းကို ျပန္လည္ေဖာ္ျပေပးလိုက္ တာပဲ ျဖစ္ပါတယ္ ။

klnews