TWWH(Pay Phu Hlwar)
ပရိသတ်ကြီးရေ အမေရိကန်နိုင်ငံမှာခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့တဲ့ ၆၉ ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံ စံတော်ချိန် ဒီနေ့မနက် ၆:၃၀ မိနစ်တွင်ပြုလုပ်ခဲ့ပါတယ်နော်။နိုင်ငံပေါင်းများစွာက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အလန်းစားဖက်ရှင်တွေဝတ်ဆင်ကာ အလှကိုယ်စီနဲ့လှနေကြတာကိုတွေ့ရပါတယ်။ဒီထဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ်သူဇာဝင့်လွင်ကတော့ Top 21 Finalists အထိ ရောက်ရှိနိုင်ခဲ့ပါ တယ်နော်။
ယခုဆိုရင်တော့ CandyလေးဟာMiss Universe ပြိုင်ပွဲကြီးရဲ့ Best in National Costume ဆုကြီးကို ချင်းရိုးရာဝတ်စုံဖြင့် ထိုက်ထိုက်တန်တန်ဆုခူး ရရှိခဲ့ပါတယ်နော်။၀၁၆ တွင် ကျင်းပခဲ့သော Miss Universe ပြိုင်ပွဲတွင် အကောင်းဆုံးဝတ်စုံဆုကို အလှမယ် ထက်ထက်ထွန်းမှ ရုပ်သေး ဝတ်စုံဖြင့်ရရှိခဲ့ တာဖြစ်ပြီး အခုကတော့ မြန်မာနိုင်ငံအတွက်ဒုတိယအကြိမ်အနေနဲ့ သူဇာဝင့်လွင်ကရယူနိုင်ခဲ့တာဖြစ်ပါ တယ်။
Candyလေးဆုရရှိခဲ့တာကို အလှမယ်ထားထက်ထက်မှလည်း ဂုဏ်ယူကြောင်းကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာတင်ပြထားတာကို တွေ့ရပါတယ်နော်။ထားထက်ထက်က”Congratulations Miss Universe Myanmar We all are so glad to hear that you win the Best in National Costume 👏👏👏၆၉ ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးရဲ့ Best in National Costume ဆုကို ချင်းရိုးရာ ဝတ်စုံဖြင့် မြန်မာအလှမယ် သူဇာဝင့်လွင်မှ ရရှိသွားပါတယ်။ကျွန်မတို့တွေအတွက် ဝမ်းသာစရာသတင်းဖြစ်ရသလိုအားတက်စရာလည်း ဖြစ်ရပါတယ်။ “လို့ရေးသားထားပါ တယ်။
သူဇာဝင့်လွင်ကလည်း သူမဆုရရှိခဲ့လို့ ဝမ်းသာပျော်ရွှင်ကာ အဘက်ဘက်မှ ပါဝင်ကူညီပေးကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောပြထား ပါတယ်။သူမက”ဆုတောင်းတွေပြည့်ခဲ့ပါပြီ ❤️သူဇာနဲ့အတူတူ ချစ်တဲ့ပရိတ်သတ်တွေအားလုံးလည်း ပျော်ရွှင်နေကြမယ်လို့ ယုံကြည်ပါတယ်။ ဒီ့ထက်ပိုမြင့်မားတဲ့result ရယူပေးချင်ခဲ့ပေမယ့် Top 21 ပါခဲ့တဲ့အတွက်တော့ အားလုံးစိတ်ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်။ သူဇာ့ကို အချိန်နဲ့အမျှ စောင့် ကြည့်အားပေးပူပန်ပေးခဲ့ကြတဲ့ ပြည်တွင်းပြည်ပက ပရိတ်သတ်များနဲ့ Miss Universe ပြိုင်ပွဲကြီးဆီ အရောက်သွားနိုင်အောင် အဖက်ဖက်က ပံ့ပိုးကူညီပေးခဲ့တဲ့အသိမိတ်ဆွေများ၊ အခုလိုခက်ခဲတဲ့ကာလကြီးမှာ Training အတွက်စိတ်ရောလူရောအပင်ပန်းခံပြီးသင်ကြားပေးခဲ့တဲ့ သူဇာ့ရဲ့ Trainer ကိုအောင်ပိုင်၊ National Costume အတွက် အချိန်မဆိုင်းဘဲ ကူညီပေးခဲ့တဲ့ ချင်းတောင်တန်း (အတ္တလန်တာ၊ ဂျော်ဂျီယာ)နှင့်အတူအမေရိကရောက်ချင်းလူမျိုးများ၊ NC အတွက် Voting ပေးခဲ့ကြသော ပြည်တွင်း/ပြည်ပ ပရိသတ်တွေအားလုံးကိုဒီနေရာကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းပြောချင်ပါတယ် We may have lost everything..But we still never fail if we are MYANMAR 🇲🇲 “ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ်။ပရိသတ်ကြီးလည်း သူဇာဝင့်လွင်ရဲ့ဆုရရှိတဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ဝမ်းသာပီတိဖြစ် နေမယ်လို့ထင်ပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။
Source:Thuzar Wint Lwin’s And Htar Htet Htet’s fb
TWWH(Pay Phu Hlwar)