ကျော်ကျော်နန္ဒကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေပြုလုပ်ပြီး ပြည်သူတွေနဲ့အတူ အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ခဲ့သူပဲ ဖြစ်ပါတယ်။ တတ်နိုင်သလောက် အင်တိုက်အားတိုက်ပါဝင်ခဲ့တဲ့ ကျော်ကျော်နန္ဒကတော့ ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခံထားရပေမယ့် အခုတော့ အမှုရုပ်သိမ်းပေးတဲ့ အထဲမှာ ပါဝင်ခဲ့တာကြောင့် ပရိသတ်တွေ အားလုံးက ဝမ်းသာနေကြ တာပါ ။

ရှောင်တိမ်းနေရချိန်တွေမှာ လည်း သူ့အနေနဲ့ အခက်အခဲတွေ အဆင်မပြေမှုတွေကို ရင်ဆိုင်ခဲ့ရတာပါ ။ အခုတော့ အမှုက ရုပ်သိမ်းခံရတာကြောင့် ကျန်းမာရေးမကောင်းတဲ့ မိခင်ကြီးကိုလည်း အနီးကပ် ပြုစုပေးရလို့ ကြည်နူးပီတိဖြစ်နေရှာတာပါ ။ သူကိုယ်တိုင်လည်း နေထိုင်မကောင်းဖြစ်နေကြောင်းကိုလည်း ဖေ့ဘွတ်စာမျက်နှာထက် မှာဖော်ပြခဲ့ပါသေးတယ် ။

ဒီနေ့လေးမှာတော့ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားနေတဲ့ ကိုဗစ် ရောဂါဆိုးကြီးကနေ ပြည်သူပြည်သားတွေ ဘေးကင်း လွတ်မြောက်စေဖို့ တတ်နိုင်သလောက် အလှူအတန်းတွေ လုပ်ကာ ဆုတောင်းပေးခဲ့ကြောင်းဖော်ပြလာပါတယ် ။ ဘုန်းဘုန်း ထံမှာ ကိုယ်တိုင် ဆွမ်းချိုင့် နဲ့ ဝတ္တုငွေများ ကပ်လှူနေတဲ့ ပုံလေးတွေကိုလည်း ဝေမျှထားရာ ပရိသတ်ကြီးလည်း ကျော်ကျော်နန္ဒရဲ့ အလှူလေးကို သာဓု ခေါ်နိုင်စေရန် ပြန်လည် ဖော်ပြပေး လိုက်ပါတယ် ။

CRD – Cele Zone

ေက်ာ္ေက်ာ္နႏၵကေတာ့ ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ လမ္းေပၚထြက္လႈပ္ရွားမႈေတြျပဳလုပ္ၿပီး ျပည္သူေတြနဲ႔အတူ အေရးေတာ္ပုံႀကီး ေအာင္ျမင္ဖို႔အတြက္ တစ္ေထာင့္တစ္ေနရာကေန ပါဝင္အားျဖည့္ခဲ့သူပဲ ျဖစ္ပါတယ္။ တတ္ႏိုင္သေလာက္ အင္တိုက္အားတိုက္ပါဝင္ခဲ့တဲ့ ေက်ာ္ေက်ာ္နႏၵကေတာ့ ၅၀၅ က ျဖင့္ အမႈဖြင့္အေရးယူခံထားရေပမယ့္ အခုေတာ့ အမႈ႐ုပ္သိမ္းေပးတဲ့ အထဲမွာ ပါဝင္ခဲ့တာေၾကာင့္ ပရိသတ္ေတြ အားလုံးက ဝမ္းသာေနၾက တာပါ ။

ေရွာင္တိမ္းေနရခ်ိန္ေတြမွာ လည္း သူ႔အေနနဲ႔ အခက္အခဲေတြ အဆင္မေျပမႈေတြကို ရင္ဆိုင္ခဲ့ရတာပါ ။ အခုေတာ့ အမႈက ႐ုပ္သိမ္းခံရတာေၾကာင့္ က်န္းမာေရးမေကာင္းတဲ့ မိခင္ႀကီးကိုလည္း အနီးကပ္ ျပဳစုေပးရလို႔ ၾကည္ႏူးပီတိျဖစ္ေနရွာတာပါ ။ သူကိုယ္တိုင္လည္း ေနထိုင္မေကာင္းျဖစ္ေနေၾကာင္းကိုလည္း ေဖ့ဘြတ္စာမ်က္ႏွာထက္ မွာေဖာ္ျပခဲ့ပါေသးတယ္ ။

ဒီေန႔ေလးမွာေတာ့ တစ္ေက်ာ့ျပန္ ျပန္လည္ျဖစ္ပြားေနတဲ့ ကိုဗစ္ ေရာဂါဆိုးႀကီးကေန ျပည္သူျပည္သားေတြ ေဘးကင္း လြတ္ေျမာက္ေစဖို႔ တတ္ႏိုင္သေလာက္ အလႉအတန္းေတြ လုပ္ကာ ဆုေတာင္းေပးခဲ့ေၾကာင္းေဖာ္ျပလာပါတယ္ ။ ဘုန္းဘုန္း ထံမွာ ကိုယ္တိုင္ ဆြမ္းခ်ိဳင့္ နဲ႔ ဝတၱဳေငြမ်ား ကပ္လႉေနတဲ့ ပုံေလးေတြကိုလည္း ေဝမွ်ထားရာ ပရိသတ္ႀကီးလည္း ေက်ာ္ေက်ာ္နႏၵရဲ႕ အလႉေလးကို သာဓု ေခၚႏိုင္ေစရန္ ျပန္လည္ ေဖာ္ျပေပး လိုက္ပါတယ္ ။

CRD – Cele Zone