


Credit– Celegabar

ချစ်လှစွာသောပရိသတ်ကြီးရေ စန္ဒီမြင့်လွင် ကတော့သရုပ်ဆောင် အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ချစ်ခင်ပွန်းနဲ့အတူ ချစ်စရာကောင်းလှတဲ့ သမီးလေးကိုပိုင်ဆိုင်ထားပြီး ဘဝကိုအေးချမ်းစွာဖြတ်သန်းနေပါ တယ်…။

စန္ဒီမြင့်လွင်ရဲ့ သမီးလေးဖြစ်တဲ့ ခင်လင်းထင် (ခ)ထရက်ရှာလေး ကလည်း မေမေ့လိုပဲ ချစ်မွှေးပါပြီး ချစ်စရာကောင်းလှတာကြောင့် ပရိသတ်တွေရဲ့အချစ်တော်လေးလည်း ဖြစ်နေပါသေးတယ်။ မေမေစန္ဒီမြင့်လွင် ကသမီးလေးကိုချစ်ကြတဲ့ ပရိသတ်တွေရှိတာကြောင့် သမီးလေးကို ချစ်တဲ့ပရိသတ်တွေအတွက် မကြာခဏဆိုသလို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သမီးလေးရဲ့ ချစ်စရာကောင်းလှတဲ့ ပုံလေးတွေ ဗီဒီယိုလေးတွေကို မျှဝေဖော်ပြပေးလေ့ရှိပါ တယ်…။

ဒီနေ့မှာလည်း စန္ဒီမြင့်လွင်က ခင်ပွန်းဖြစ်သူရဲ့ဖုန်းထဲမှာရိုက်ကူးထားတဲ့ ထရက်လေး ကြက်ပေါင်ကြော်စားရင်းအိုက်တင်အပြည့်နဲ့ကပြနေတဲ့ ချစ်စရာကောင်းလှတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကို ပြန်လည်မျှဝေဖော်ပြလာခဲ့ပါတယ်။ ချစ်ပရိသတ်ကြီးရေ ထရက်ရှာလေးကတော့ Food Blogger လုပ်တော့မှာ တဲ့နော်…။

Source – Sandy Myint Lwin
Credit– Celegabar

Leave a Comment

Your email address will not be published. Required fields are marked *