



နိုင်ငံကျော်တေးသံရှင် အဆိုတော် နိုင်းဝမ်းကတော့ နှစ်တွေအကြာကြီး မြတ်မြတ်နိုးနိုးချစ်ခဲ့ရတဲ့ မိန်းကလေးနဲ့ ရွှေလက်တွဲလက်ထပ်ခဲ့ပြီပဲ ဖြစ်ပါတယ်။ နိုင်းဝမ်းကတော့ သူချစ်တဲ့ မိန်းကလေးကို ခမ်းခမ်းနားနားလက်ထပ်မင်္ဂလာဆောင်ခဲ့တဲ့အပြင် သူ့ရဲ့ ရှိရှိသမျှ အချစ်တွေအကုန်လုံးကိုလည်း ပုံအောပေးအပ်ခဲ့တာမို့ ပရိသတ်တွေက အားကျနေကြတာပဲ ဖြစ်ပါတယ်။ နိုင်းဝမ်းကလည်း သူအချစ်ဆုံး အမျိုးသမီးကို လက်ထပ်နိုင်ခဲ့တာမို့ အတိုင်းထက်အလွန်ပျော်ရွှင်ပြီး သူ့ရဲ့ ကြင်စဦးအိမ်ထောင်သည်ဘဝလေးကို ကြည်နူးမှုတွေနဲ့ ဖြတ်သန်းကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်..။

လက်ထပ်ပြီးကာစ အကြင်လင်မယားအဖြစ်ကို ပူပူနွေးနွေး ရောက်ရှိနေပြီဆိုပေမယ့် နိုင်းဝမ်းကတော့ သူအချစ်ဆုံးအမျိုးသမီးကို ချစ်တဲ့အကြောင်းတွေ တဖွဖွပြောနေဆဲ ဖြစ်ပါတယ်။ နိုင်းဝမ်းက “ ကျွန်တော်ကလေ..ရုပ်ရည်ရူပကာလဲမကောင်းဘူး..အပြောကလဲမကောင်းဘူး..အကျင့်ကလဲမကောင်းဘူး..ကျွန်တော့မှာကောင်းတာဆိုလို့ ဒီလိုစိတ်ထားကောင်းပြီး အရမ်းချစ်စရာကောင်းတဲ့မိန်းကလေးကို ရအောင်လက်ထပ်နိုင်တဲ့ ကံလေးတစ်ခုပဲကောင်းတယ်🥰 ” ဟုဆိုပြီး ပြောခဲ့တာကြောင့် ပရိသတ်တွေခမျာ သဘောကျခဲ့ရတာပဲ ဖြစ်ပါတယ်..။

နိုင်ငံကျော်တေးသံရှင် အဆိုတော်နိုင်းဝမ်းကတော့ သူ့ရဲ့ အိမ်ထောင်သည်ဘဝကို အရမ်းကျေနပ်ပြီး ကြည်နူးမဆုံးဖြစ်နေတာပဲ ဖြစ်ပါတယ်။ နိုင်းဝမ်းတို့ ဇနီးမောင်နှံနှစ်ယောက် အခုလိုအမြဲချစ်နိုင်ပြီး သားသားမီမီးလေးတွေအများကြီး မွေးနိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်..။

Source: Kyaw Zin Latt’s fb
Credit – Cele Connections