အဆိုေတာ္ဂေရဟမ္ကေတာ့ ခ်စ္စရာေကာင္း႐ုံသာမက ခ်ိဳသာတဲ့အသံေလးေတြကို ပိုင္ဆိုင္ထားတဲ့ ခ်စ္စရာနတ္သမီးေလးႏွစ္ပါးကို ပိုင္ဆိုင္ထားသူပါ။ ဂေရဟမ္ရဲ႕သမီးႀကီး ပန္းေရာင္ျခယ္ကေတာ့ အဆိုေတာ္တစ္ေယာက္အျဖစ္ ေအာင္ျမင္တဲ့လမ္းေၾကာင္းေပၚကို ေရာက္ရွိေနၿပီျဖစ္ၿပီး ဇာတ္လမ္းတြဲေတြနဲ႔ ေၾကာ္ျငာေတြမွာလည္း ပါဝင္သ႐ုပ္ေဆာင္ေနတာကို ပရိသတ္ႀကီးေတြ႕ရမွာပဲ ျဖစ္ပါတယ္။ ပန္းေရာင္ျခယ္ကလည္း သူမကိုအားေပးၾကတဲ့ ပရိသတ္ေတြ အျမင္မ႐ိုးေစဖို႔ကို အႏုပညာလႈပ္ရွားမႈေတြအမ်ိဳးမ်ိဳးျပဳလုပ္ေနၿပီး အၿမဲတမ္းႀကိဳးစားေနသူတစ္ေယာက္ပါပဲ။

အသက္ (၁၀) ႏွစ္ေက်ာ္အ႐ြယ္ကတည္းက မိသားစုနဲ႔ ၾသစေတးလ်ႏိုင္ငံမွာေနထိုင္ခဲ့တဲ့ ပန္းေရာင္ျခယ္က သူမရဲ႕ ေက်ာင္းသူဘဝေတာ္ေတာ္မ်ားမ်ားကို ၾသစေတးလ်ႏိုင္ငံမွာ ျဖတ္သန္းခဲ့ရတာပဲ ျဖစ္ပါတယ္။ ပန္းေရာင္ျခယ္က ၾသစေတးလ်မွာ Primary school (၆) တန္းကေန High school (၁၂) တန္းအထိ တက္ခဲ့ၿပီး University of Western Australia (UWA) တကၠသိုလ္မွာ Architecture ဘာသာရပ္ကို သင္ယူခဲ့တာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ပန္းေရာင္ျခယ္က သူမရဲ့ တကၠသိုလ္ေက်ာင္းေတာ္ၾကီးကိုလြမ္းေနခဲ့ျပီး University of Western တကၠသိုလ္နာမည္ပါ အက်ႌေလးကို သတိတရျပန္လည္ထုတ္ဝတ္ျပီး ပရိသတ္ေတြကို ျပန္လည္ျပသလာပါတယ္။

ပန္းေရာင္ျခယ္ကေတာ့ အနုပညာအလုပ္ေတြတစ္ဖက္နဲ့ ပညာေရးကို အခ်ိန္သင့္တင့္မွ်တေအာင္ ၾကိဳးစားခဲ့ရျပီး သူမရဲ့ ငယ္ဘဝကိုလည္း ျပန္လည္သတိရေနခဲ့တာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Pan Yaung Chel’s fb
Credit – Cele Connections

အဆိုတော်ဂရေဟမ်ကတော့ ချစ်စရာကောင်းရုံသာမက ချိုသာတဲ့အသံလေးတွေကို ပိုင်ဆိုင်ထားတဲ့ ချစ်စရာနတ်သမီးလေးနှစ်ပါးကို ပိုင်ဆိုင်ထားသူပါ။ ဂရေဟမ်ရဲ့သမီးကြီး ပန်းရောင်ခြယ်ကတော့ အဆိုတော်တစ်ယောက်အဖြစ် အောင်မြင်တဲ့လမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီဖြစ်ပြီး ဇာတ်လမ်းတွဲတွေနဲ့ ကြော်ငြာတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတာကို ပရိသတ်ကြီးတွေ့ရမှာပဲ ဖြစ်ပါတယ်။ ပန်းရောင်ခြယ်ကလည်း သူမကိုအားပေးကြတဲ့ ပရိသတ်တွေ အမြင်မရိုးစေဖို့ကို အနုပညာလှုပ်ရှားမှုတွေအမျိုးမျိုးပြုလုပ်နေပြီး အမြဲတမ်းကြိုးစားနေသူတစ်ယောက်ပါပဲ။

အသက် (၁၀) နှစ်ကျော်အရွယ်ကတည်းက မိသားစုနဲ့ သြစတေးလျနိုင်ငံမှာနေထိုင်ခဲ့တဲ့ ပန်းရောင်ခြယ်က သူမရဲ့ ကျောင်းသူဘဝတော်တော်များများကို သြစတေးလျနိုင်ငံမှာ ဖြတ်သန်းခဲ့ရတာပဲ ဖြစ်ပါတယ်။ ပန်းရောင်ခြယ်က သြစတေးလျမှာ Primary school (၆) တန်းကနေ High school (၁၂) တန်းအထိ တက်ခဲ့ပြီး University of Western Australia (UWA) တက္ကသိုလ်မှာ Architecture ဘာသာရပ်ကို သင်ယူခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပန်းရောင်ခြယ်က သူမရဲ့ တက္ကသိုလ်ကျောင်းတော်ကြီးကိုလွမ်းနေခဲ့ပြီး University of Western တက္ကသိုလ်နာမည်ပါ အကျႌလေးကို သတိတရပြန်လည်ထုတ်ဝတ်ပြီး ပရိသတ်တွေကို ပြန်လည်ပြသလာပါတယ်။

ပန်းရောင်ခြယ်ကတော့ အနုပညာအလုပ်တွေတစ်ဖက်နဲ့ ပညာရေးကို အချိန်သင့်တင့်မျှတအောင် ကြိုးစားခဲ့ရပြီး သူမရဲ့ ငယ်ဘဝကိုလည်း ပြန်လည်သတိရနေခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Pan Yaung Chel’s fb
Credit – Cele Connections