ကစ်ကတော့ သူမရဲ့နှစ်သစ်ဆုတောင်းစကားလေးကို ” အားလုံးပဲ မင်္ဂလာနှစ်သစ်လေး ဖြစ်ကြပါစေနော် ကစ်အတွက်တော့ (၂၀၂၀) က Covid ဖြစ်တာကလွဲရင် အစစအရာရာ blessing ဖြစ်ရတဲ့ နှစ်လေးတစ်နှစ်ပါ အလုပ်အကိုင်တွေလည်း အဆင်ပြေပြီး ကစ်လုပ်ချင်တဲ့ Brand တွေနဲ့ အတူတကွ လက်တွဲလုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ (၂၀၂၁) အတွက်လည်း ဆက်လက်လုပ်ဆောင်ဖို့ ထပ်မံကမ်းလှမ်းခံခဲ့ရပြီး တခြားအပြင်စီးပွါးရေးလုပ်ငန်းအသစ်တွေ လည်း စတင်ဖြစ်ခဲ့ပါတယ်။ အတွေ့အကြုံအသစ်တွေ၊ သင်ခန်းစာအသစ်တွေ လေ့လာခွင့်ရခဲ့ တာမို့ ကိုယ့်ကိုယ်ကိုယ် Productive ဖြစ်တယ်လို့ ခံစားရတယ်။ ”

” အတူတကွ လက်တွဲလုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့ကြတဲ့ စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးတစ်ယောက် ချင်းစီကိုလည်း ရင်ထဲကနေ ကျေးဇူးအထူးတင်ရှိပါတယ် ကစ် ဘာလေးလုပ်လုပ် အမြဲတမ်း စောင့်ကြည့်အားပေးကြတဲ့ ကစ်ရဲ့ ပရိတ်သတ်အယောက်ချင်းစီ တိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် တစ်ရက်ထပ်တစ်ရက် Content ဖြစ်ဖို့ ကြိုးစားရင်း ကိုယ်လိုချင်တာ၊ ကိုယ်ဖြစ်ချင်တာ ဘာလဲဆိုတာလဲ ဆန်းစစ်လေ့လာပြီး ပြန်လည်သုံးသပ်ဖြစ်ခဲ့ ပါတယ်။ ”

” မိသားစုမှာလည်း ပျော်ရွှင်စရာတွေနဲ့ ပြီးပြည့်စုံခဲ့ပြီး တခြားလူမှုရေးပိုင်းမှာလည်း စိတ်ချမ်းသာမှုတွေနဲ့ ပြည့်စုံခဲ့ရတဲ့ နှစ်လေး တစ်နှစ်ပါ ကိုယ့်ကို ချစ်တဲ့သူတွေ၊ ကိုယ်ကချစ်ရတဲ့ သူတွေနဲ့ နေ့ရက်တိုင်း စိတ်ချမ်းချမ်းသာသာ ဖြတ်သန်းခဲ့ရတာမို့ အကုန်လုံးခြုံငုံ သုံးသပ်ရရင် အဆင်ပြေပျော်ရွှင်ခဲ့ရတဲ့ နှစ်လေးတစ်နှစ်ပါ စိန်ခေါ်မှုအသစ်တွေ၊ ခြေလှမ်းအသစ်၊ အလုပ်အသစ်တွေနဲ့ (၂၀၂၁) ကိုလည်း ဆက်လက်ဖြတ်သန်းဖို့ ရင်ခုန်စိတ်လှုပ်ရှားရင်း ကစ်ကတော့ Ready ဖြစ်နေပါပြီ ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။

Credit – Cele Zone
Photo – Wutt Hmone Shwe Yi




Credit – Cele Zone
Photo – Wutt Hmone Shwe Yi