


Credit:Swelsone News
Cele Secrets

မြို့ပြနဲ့ဝေးပြီး သာယာအေးချမ်းတဲ့ ရွာလေး တစ်ရွာမှာ အမေဖြစ်သူနဲ့အတူ ပျော်ရွှင်စွာ အနားယူနေတဲ့ ဆိုတေး

တေးရေး၊တေးဆို တစ်ဦးဖြစ်တဲ့ အဆိုတော်ဆိုတေး ကတော့ “မီးအိမ်ရှင်” သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ရင်ထဲမှာ စတင် နေရာယူခဲ့တာ ဖြစ်ပါတယ် ။ အသံချိုချို အေးအေးလေးကို ပိုင်ဆိုင် ထားတဲ့ ဆိုတေးက အချစ်သီချင်းတွေနဲ့ အလွမ်း သီချင်းကောင်းလေးတွေကို ဖန်တီးတဲ့ နေရာမှာ အင်မတန် ထူးချွန်သူ ဖြစ်ပါတယ် ။ ဆိုတေးက တစ်ကိုယ်တော် အခွေသာမက သီချင်းကောင်းတွေ အများအပြားထွက်ရှိ ခဲ့တာဖြစ်ပြီး လူငယ်ပရိသတ်တွေရဲ့အားပေးမှု ကိုလည်း အပြတ်အသတ် ရရှိခဲ့တာ ဖြစ်ပါတယ် ။

အခုချိန် အထိလည်း ဆိုတေးက သူဝါသနာပါတဲ့အလုပ်ကိုသာ အားစိုက် လုပ်ကိုင်ရင်း သီချင်းတွေ ဆက်လက် ဖန်တီးနေတာ ဖြစ်ပါတယ် ။ ဆိုတေးရဲ့ဂီတ လှုပ်ရှားမှုတွေနဲ့ သီချင်းသစ်တွေကိုတော့ သူ့ရဲ့ပရိသတ် တွေက အမြဲစောင့်ကြည့်ပြီး အားပေး ဝန်းရံနေကြတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ဆိုတေး တစ်ယောက် သူချစ်ရတဲ့မိခင်ကြီးနဲ့ အတူ သာယာတဲ့ နေရာလေးတစ်ခုမှာ ပျော်ပျော်ပါးပါး အနားယူ နေတာ ဖြစ်ပါတယ် ။

ဆိုတေးက “မြို့ပြနဲ့ဝေးရာ သာယာသောနေရာလေးဆီသို့” ဆိုပြီး စိမ်းစိုလှပတဲ့သဘာဝရှုခင်းနဲ့ အေးချမ်းတဲ့ရွာလေးမှာ ပျော်နေတဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ဆိုတေးကတော့ ရွာအနှံ့လျှောက်လည်ရင်း စိုက်ခင်းတွေ၊သီးပင်စားပင်တွေနဲ့ ဓာတ်ပုံရိုက်ကာ ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော် ဆိုတေးတို့ သားအမိနှစ်ယောက်ရဲ့အမှတ်တရ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။

Credit:Swelsone News
Cele Secrets

Leave a Comment

Your email address will not be published. Required fields are marked *