ပရိသတ်ကြီးရေ နိုင်ငံဂုဏ်ဆောင် အလှမယ်တစ်ယောက်ဖြစ်တဲ့ အလှမယ်မေမြတ်နိုးကတော့ လက်ရှိမှာ မော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ မေမြတ်နိုးကတော့ လက်ရှိအချိန်မှာ ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေမှာ ပါ International Role မော်ဒယ်တစ်ယောက်အနေနဲ့ လုပ်ကိုင်နေခဲ့ ပါသေးတယ်။

မကြာခင်ကလည်း ကိုရီယားနိုင်ငံရဲ့ နာမည်ကြီးမင်းသားတစ်ယောက်နဲ့ တွဲဖက်ကာကြော်ငြာရိုက်ကူးခဲ့တာကြောင့် နိုင်ငံတကာက မိန်းကလေးပရိသတ်တွေရဲ့ အားကျနှစ်သက်မှုကိုပါရရှိထားပါသေးတယ်။ အခုနောက်ပိုင်းမှာလည်း မေမြတ်နိုးက နိုင်ငံတကာမှာ လူကြိုက်များပြီး အောင်မြင်နေတဲ့ နာမည်ကြီးBrand တွေရဲ့ ကြော်ငြာမော်ဒယ်အနေနဲ့လည်း ကြော်ငြာရိုက်ကူးမှုတွေရှိနေခဲ့ပါတယ်။လတ်တလောမှာလည်း မေမြတ်နိုးက နာမည်ကြီး Brand တစ်ခုဖြစ်တဲ့ “Moschino” ရဲ့ ကြော်ငြာမော်ဒယ်အနေနဲ့ ကြော်ငြာဓာတ်ပုံရိုက်ကူးကာ အလုပ်တွဲလုပ်ခဲ့ပါ တယ်။

မြန်မာနိုင်ငံဖွားတစ်ယောက်အနေနဲ့ အခုလို နိုင်ငံတကာထိအောင်မြင်နေတဲ့ နာမည်ကြီး Brand တွေရဲ့ ကြော်ငြာမော်ဒယ်အဖြစ် အနုပညာအလုပ်တွေတွဲလုပ်နေတဲ့ မေမြတ်နိုးရဲ့ အောင်မြင်မှုကတော့ တကယ်ကို ပရိသတ်တွေအတွက် ဂုဏ်ယူစရာဖြစ်နေခဲ့ပါတယ်။ ပရိသတ်ကြီးရေ မေမြတ်နိုးရဲ့ အောင်မြင်မှုကတော့ တစ်ကယ်ကို ကြောက်ခမန်း လိလိပါပဲနော်။

Source – Moschino
Credit: Cele Zone

ပရိသတ္ႀကီးေရ နိုင္ငံဂုဏ္ေဆာင္ အလွမယ္တစ္ေယာက္ျဖစ္တဲ့ အလွမယ္ေမျမတ္နိုးကေတာ့ လက္ရွိမွာ ေမာ္ဒယ္တစ္ေယာက္အေနနဲ႔ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ေနတာပရိသတ္ေတြသိရွိၿပီးသားျဖစ္မွာပါ။ ေမျမတ္နိုးကေတာ့ လက္ရွိအခ်ိန္မွာ ျပည္တြင္းမွာသာမက ျပည္ပနိုင္ငံေတြမွာ ပါ International Role ေမာ္ဒယ္တစ္ေယာက္အေနနဲ႔ လုပ္ကိုင္ေနခဲ့ ပါေသးတယ္။

မၾကာခင္ကလည္း ကိုရီယားနိုင္ငံရဲ့ နာမည္ႀကီးမင္းသားတစ္ေယာက္နဲ႔ တြဲဖက္ကာေၾကာ္ျငာရိုက္ကူးခဲ့တာေၾကာင့္ နိုင္ငံတကာက မိန္းကေလးပရိသတ္ေတြရဲ့ အားက်ႏွစ္သက္မႈကိုပါရရွိထားပါေသးတယ္။ အခုေနာက္ပိုင္းမွာလည္း ေမျမတ္နိုးက နိုင္ငံတကာမွာ လူႀကိဳက္မ်ားၿပီး ေအာင္ျမင္ေနတဲ့ နာမည္ႀကီးBrand ေတြရဲ့ ေၾကာ္ျငာေမာ္ဒယ္အေနနဲ႔လည္း ေၾကာ္ျငာရိုက္ကူးမႈေတြရွိေနခဲ့ပါတယ္။လတ္တေလာမွာလည္း ေမျမတ္နိုးက နာမည္ႀကီး Brand တစ္ခုျဖစ္တဲ့ “Moschino” ရဲ့ ေၾကာ္ျငာေမာ္ဒယ္အေနနဲ႔ ေၾကာ္ျငာဓာတ္ပုံရိုက္ကူးကာ အလုပ္တြဲလုပ္ခဲ့ပါ တယ္။

ျမန္မာနိုင္ငံဖြားတစ္ေယာက္အေနနဲ႔ အခုလို နိုင္ငံတကာထိေအာင္ျမင္ေနတဲ့ နာမည္ႀကီး Brand ေတြရဲ့ ေၾကာ္ျငာေမာ္ဒယ္အျဖစ္ အႏုပညာအလုပ္ေတြတြဲလုပ္ေနတဲ့ ေမျမတ္နိုးရဲ့ ေအာင္ျမင္မႈကေတာ့ တကယ္ကို ပရိသတ္ေတြအတြက္ ဂုဏ္ယူစရာျဖစ္ေနခဲ့ပါတယ္။ ပရိသတ္ႀကီးေရ ေမျမတ္နိုးရဲ့ ေအာင္ျမင္မႈကေတာ့ တစ္ကယ္ကို ေၾကာက္ခမန္း လိလိပါပဲေနာ္။

Source – Moschino
Credit: Cele Zone