ပရိတ်သတ်ကြီးရေ…တစ်နိုင်ငံလုံးကပရိသတ်တွေရင်ခုန်စွာနဲ့ အားပေးခဲ့ကြရတဲ့ The Voice Myanmar Season (3) ရဲ့ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ခင်ရတနာစိုးဟာဆိုရင် သူမကျွမ်းကျင်တဲ့အဆိုပညာနဲ့ဆိုင်းပညာကိုကောင်းကောင်းအသုံးချပြီး ပရိတ်သတ်တွေအံ့သြမှင်သက်စေအောင်သီဆိုဖျော်ဖြေနိုင်ခဲ့တဲ့ထူးခြားတဲ့ပါရမီရှင်တစ်ဦးပဲဖြစ်ပါတယ်။ခင်ရတနာစိုးကတော့ကံမကောင်းစွာနဲ့ Winner ဆုကြီးကို လွဲချော်ခဲ့ရပေမယ့်လည်း တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးမှုကိုသိမ်းကြုံးရရှိ သွားခဲ့တာတဲ့သူလည်းဖြစ်ပါ တယ်နော်..။
ပြိုင်ပွဲပြီးဆုံးသွားပြီးနောက်ပိုင်းမှာဆိုရင်လည်း Onlineကနေတစ်ဆင့်ရတနာပစ္စည်းတွေကို Liveလွှင့်ရောင်းချပြီး သူမအရမ်းချစ်ရတဲ့မိခင်ကြီးကို ရိုးသားစွာနဲ့ရှာကျွေးနေတာပဲဖြစ်ပါတယ်နော်။ခင်ရတနာစိုးက လတ်တလောဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေမှာဆိုရင်လည်း သူမတတ်နိုင်တဲ့ဘက်ကနေပါဝင်ပြီး သူမရဲ့ ဖေ့စ်ဘုတ်အကောင့်မှတစ်ဆင့် Speak Out လုပ်ပေးနေတာကိုလည်းတွေ့မြင့်ရပါသေးတယ်နော်.။နိုင်ငံရေးအခြေအနေတွေကြောင့်ရယ် ကိုဗစ် 19 ရောဂါတွေဖြစ်ပေါ်နေတဲ့အတွက်ရယ်ကြောင့် သူမရဲ့အလုပ်တွေကိုရပ်နားထားရတာပဲဖြစ်ပါတယ်နော်။အခြားသောစီးပွားရေးလုပ်ငန်းမရှိတဲ့ခင်ရတနာစိုးက သူမတို့ရဲ့စားဝတ်နေရေးအတွက် Online ကတစ်ဆင့် Live လွှင့်စျေးရောင်းတဲ့အလုပ်ကို ပြန်လည်လုပ်ကိုင်ချင်တဲ့အတွက် ပရိတ်သတ်တွေသူမရဲ့အလုပ်ကို နားလည်ပေးဖို့ခွင့်ပန်လာခဲ့တာပဲဖြစ်ပါ တယ်နော်..။
ခင်ရတနာစိုးက “နိုင်ငံရေးအခြေအနေမကောင်းသေးတာညီမသိပါတယ်ရှင့်သို့ပေမယ့် ညီမပရိတ်သတ်ကိုခွင့်တောင်းစရာလေးရှိပါတယ်ရှင့်တော်တော်များများLive saleလေးတွေပြန်လုပ်နေကြပါပြီညီမလည်းနိုင်ငံရေးအခြအနေမဖြစ်ခင်ကထဲငွေကြိုယူထားတဲ့Live saleလေးတွေကော စရံယူထားတဲ့Live saleလေးတွေကောအနည်းငယ်ရှိပါတယ်ရှင့်အလုပ်ရှင်များကလည်းlive saleလုပ်ဖို့ပြန်ကမ်းလှမ်းလာတဲ့အတွက် live saleလေးတွေပြန်လုပ်ခွင့်ပေးပါရှင်ညီမလည်းCovidနဲ့ နိုင်ငံရေးကြား စီးပွါးရေးကလည်းတစ်ခြားဘာမှမရှိတဲ့အတွက်ခွင့်ပန်ပါရစေရှင့်အားလုံးနားလည်ပေးကြပါအခက်အခဲအားလုံးမှာရှိတာသိပေမယ့်ညီမအတွက် ဒီအလုပ်လေးတွေရှိလက်စမို့ လုပ်ခွင့်ပြုပါလို့ရိုသေစွာခွင့်ပန်ပါရစေရှင့်ပရိတ်သတ်အမြင်မကြည်မဖြစ်ရအောင်လည်းညီမရက်ဆက်တိုက်Live saleမလုပ်ပါဘူးရှင့်တတ်နိုင်သလောက်ခပ်ခွါခွါလုပ်ပါ့မယ်အားလုံကျန်းမာချမ်းသာ ဘေးကင်းကြပါစေ🙏” ဆိုပြီးခွင့်ပန်လာခဲ့တာပဲဖြစ်ပါတယ်နော်။ချစ်ပရိတ်သတ်ကြီးကလည်း ခင်ရတနာစိုးရဲ့အခက်အခဲကို နားလည်ပေးလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်..။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါ တယ်…။
Source ; Khin Yadanar Soe Facebook Page
Credit ; Celebrity Platforms