




Credit

ပရိသတ်ကြီးရေ စိန်ဖြိုးလှိုင်တို့ ချစ်သူနှစ်ဦးဟာ လက်ရှိမှာ အောက်ဆီဂျင်တွေ လှူဖို့အတွက် မော်လမြိုင်မြို့ကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်နော်။ ပြည်သူတွေအတွက် လိုအပ်တဲ့အရာတွေကို တစ်ထောင့် တစ်နေရာကနေ ပါဝင်လှူဒါန်းပေးနေတဲ့ ချစ်စရာကောင်းတဲ့ စုံတွဲလေး ပါပဲနော်။

သူတို့အတွဲလေးဟာ ချစ်သူသက်တမ်း (၈) နှစ်ရှိပြီ ဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် မခွဲနိုင် မခွာရက် သိပ်ချစ်ကြပါတယ်နော်။ မကြာခင်မှာ လက်ထပ်ကြဖို့အတွက်လည်း နှစ်ယောက်အတူ အလုပ်တွေ ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်နော်။ သူတို့ရဲ့လှုပ်ရှားမှုတွေကိုလည်း အမြဲလိုလို ဝေမျှပေးတတ်ပြီး အခုမှာလည်း ဗီဒီယိုလေးတစ်ခု တင်ပေး လာခဲ့ပြန်ပါပြီနော်။

ဒါကတော့ နွားနို့တွေ မသောက်ထားဘူးလို့ လိမ်ပြောနေတဲ့ ချစ်သူလေးကို သက်သေရှာပြီး ဖော်ထုတ်လိုက်တဲ့ စိန်ဖြိုးလှိုင်ရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်နော်။ ရီရီပွင့်ဖြူတစ်ယောက် နွားနို့တွေ ခိုးမသောက်ကြောင်း ဘူးခံငြင်းနေပေမယ့် သူမရဲ့ နှုတ်ခမ်းတွင် နွားနို့တွေ ပေနေတာကို စိန်ဖြိုးလှိုင်မှ မြင်တွေ့သွားခဲ့တာ ဖြစ်ပါ တယ်နော်။ ကဲပရိသတ်ကြီး ကြည့်ရှုဖို့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Credit