ပရိသတ္ေတြ ငယ္စဥ္ကတည္းက အားေပးခ်စ္ခင္ၾကရတဲ့ အကယ္ဒမီ ယြန္းယြန္းက အသက္ (၂၀) ေက်ာ္ အပ်ိဳျဖန္းေလးတစ္ေယာက္ ျဖစ္လို့ေနျပီ ျဖစ္ပါတယ္။။ အသက္အ႐ြယ္တစ္ခုကို ရရွိလာၿပီျဖစ္တဲ့ သ႐ုပ္ေဆာင္ ယြန္းယြန္းက အခုဆိုရင္ ရန္ကုန္တကၠသိုလ္မွာ ပညာသင္ၾကားေနရင္း တစ္ဖက္မွာလည္း အႏုပညာလုပ္ငန္းေတြကို လက္လွမ္းမွီသေလာက္ လုပ္ကိုင္ေနဆဲ ျဖစ္ပါတယ္။ “ တိမ္မင္းသမီးရဲ့ဒ႑ာရီ ” ရုပ္ရွင္ဇာတ္ကားၾကီးနဲ့ အကယ္ဒမီအထူးဆုၾကီးကို ရရိွပိုင္ဆိုင္ထားတဲ့ ယြန္းယြန္းကေတာ့ အနုပညာေလာကရဲ့ ထင္ရွားတဲ့ ကေလးသရုပ္ေဆာင္တစ္ေယာက္အျဖစ္ ေက်ာ္ၾကားခဲ့တာပဲ ျဖစ္ပါတယ္..။

အခုဆိုရင္ အသက္ (၂၀) ေက်ာ္အရြယ္ရိွေနျပီျဖစ္တဲ့ အကယ္ဒမီ ယြန္းယြန္းက ဘယ္ေလာက္ပဲ အသက္ေတြၾကီးၾကီး မိဘေတြဆီမွာေတာ့ ကေလးေလးတစ္ေယာက္လို ဂရုတစိုက္နဲ့ အခ်စ္ခံေနရဆဲ ျဖစ္ပါတယ္။ ဒီတစ္ေခါက္မွာလည္း ယြန္းယြန္းက သူမရဲ့ ေမေမဆီက ခရစ္စမတ္လက္ေဆာင္အေနနဲ့ MK Smart Watch ေလးတစ္လံုး လက္ေဆာင္ရရိွခဲ့ေၾကာင္းကို သူမရဲ့ ေဖ့စ္ဘုတ္ My Day ကေနျပီး အခုလိုပဲ ဝမ္းသာစြာ မွ်ေဝေပးလာပါတယ္..။

အကယ္ဒမီ ယြန္းယြန္းကေတာ့ ငယ္ငယ္ကတည္းက ကိုယ့္ပိုက္ဆံကိုယ္ရွာခဲ့သူတစ္ေယာက္ျဖစ္ေပမယ့္ မိဘေတြရဲ့ အုပ္ထိန္းမႈေအာက္မွာသာရိွခဲ့ျပီး အရြယ္ေရာက္လာခ်ိန္မွာလည္း မိဘေတြဆီမွာ ကေလးေလးတစ္ေယာက္လို ဂရုစိုက္ခံရသူေလးတစ္ေယာက္ ျဖစ္ပါတယ္။ ယြန္းယြန္းတို့ မိသားစုေလး အခုလိုပဲ အျမဲထာဝရေပ်ာ္ရႊင္ခ်မ္းေျမ့ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

unicode

ပရိသတ်တွေ ငယ်စဉ်ကတည်းက အားပေးချစ်ခင်ကြရတဲ့ အကယ်ဒမီ ယွန်းယွန်းက အသက် (၂၀) ကျော် အပျိုဖြန်းလေးတစ်ယောက် ဖြစ်လို့နေပြီ ဖြစ်ပါတယ်။။ အသက်အရွယ်တစ်ခုကို ရရှိလာပြီဖြစ်တဲ့ သရုပ်ဆောင် ယွန်းယွန်းက အခုဆိုရင် ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားနေရင်း တစ်ဖက်မှာလည်း အနုပညာလုပ်ငန်းတွေကို လက်လှမ်းမှီသလောက် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ “ တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီအထူးဆုကြီးကို ရရှိပိုင်ဆိုင်ထားတဲ့ ယွန်းယွန်းကတော့ အနုပညာလောကရဲ့ ထင်ရှားတဲ့ ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် ကျော်ကြားခဲ့တာပဲ ဖြစ်ပါတယ်..။

အခုဆိုရင် အသက် (၂၀) ကျော်အရွယ်ရှိနေပြီဖြစ်တဲ့ အကယ်ဒမီ ယွန်းယွန်းက ဘယ်လောက်ပဲ အသက်တွေကြီးကြီး မိဘတွေဆီမှာတော့ ကလေးလေးတစ်ယောက်လို ဂရုတစိုက်နဲ့ အချစ်ခံနေရဆဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ယွန်းယွန်းက သူမရဲ့ မေမေဆီက ခရစ်စမတ်လက်ဆောင်အနေနဲ့ MK Smart Watch လေးတစ်လုံး လက်ဆောင်ရရှိခဲ့ကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ် My Day ကနေပြီး အခုလိုပဲ ဝမ်းသာစွာ မျှဝေပေးလာပါတယ်..။

အကယ်ဒမီ ယွန်းယွန်းကတော့ ငယ်ငယ်ကတည်းက ကိုယ့်ပိုက်ဆံကိုယ်ရှာခဲ့သူတစ်ယောက်ဖြစ်ပေမယ့် မိဘတွေရဲ့ အုပ်ထိန်းမှုအောက်မှာသာရှိခဲ့ပြီး အရွယ်ရောက်လာချိန်မှာလည်း မိဘတွေဆီမှာ ကလေးလေးတစ်ယောက်လို ဂရုစိုက်ခံရသူလေးတစ်ယောက် ဖြစ်ပါတယ်။ ယွန်းယွန်းတို့ မိသားစုလေး အခုလိုပဲ အမြဲထာဝရပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: Yoon Yoon’s fb
Bilie – Cele Connections

Leave a Comment

Your email address will not be published. Required fields are marked *