ဆယ်ကျော်သက် မိန်းမလှလေးတွေရဲ့ အသည်းစွဲအားပေးချစ်ခင်မှုကိုရရှိထားတဲ့ သူတွေကတော့မြန်မာနိုင်ငံရဲ့ နာမည်ကျော် Dancer Group ဖြစ်တဲ့ Project K အဖွဲ့ပဲဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အသိအမှတ်ဂုဏ်ပြုထားတဲ့ Dancer Group ဆိုလည်းမမှားပါဘူး ။

K-pop အကကို ဦးစားပေး performance ပြုလုပ်ကာ အမြဲတမ်း အမိုက်စား အကတွေနဲ့ တင်ဆက်တတ်ပြီး ဖက်ရှင်၊ စတိုင်က အစ ကိုရီယား Idol တွေလို အထာကျလွန်းတာကြောင့် မိန်းမလှလေးတွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ခံရတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် သူတို့အဖွဲ့လေးက ပြည့်ပနိုင်ငံတွေမှာတောင် မြန်မာကိုယ်စားပြု အနေနဲ့ သွားရောက် ဖျော်ဖြေပေးခဲ့ရတဲ့အထိ အောင်မြင်ခဲ့တာပါ။ အခုလည်း ၂၀၂၁ ရဲ့နှစ်သစ်အစလေးမှာပဲ Padamyar FM ကချီးမြှင့်တဲ့ ဆုပေးပွဲမှာ ရန်ကုန်သားလေးကျွန်တော် သီချင်းနဲ့ Song Of The Year ဆုလေးကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာကြောင့်အတိုင်းမသိပျော်ရွှင်နေကြောင်းနဲ့ သူတို့ကိုအခိုင်အမာအားပေးခဲ့တဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း ပုံလေးတွေနဲ့တကွရေးသားကာ ဝေမျှထားတာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Project k




Credit – Cele Zone
Photo – Project k