ကိုယ်ချစ်တဲ့သူနဲ့ သွားချင်တဲ့နေရာတိုင်းကို အတူတူသွားနိုင်တာလည်း ကံကောင်းတာပါပဲ။ မြတ်ကတော့ သူမကိုတန်ဖိုးထားပြီး သိပ်ချစ်တဲ့ Ah Boy နဲ့ဖူးစာဆုံနိုင်ခဲ့တာကြောင့် အိမ်ထောင်ရှင်ဘဝမှာလည်း အပျိုဘဝတုန်းက တောက်ပမှုနဲ့လှပမှုတွေဟာ လျော့ပါးမသွားဘဲ ပိုတောင်တိုးလာခဲ့ပါသေးတယ်။ ချစ်သမီးလေးကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပြီး နွေးထွေးတဲ့မိသားစု ဘဝလေးဟာ မြင်သူတိုင်းအားကျရလောက်အောင် သာယာစိုပြေနေခဲ့ပါတယ်။

လတ်တလောမှာတော့ ကပ်ရောဂါဆိုးကြီးကြောင့် ခရီးတွေပြန်မထွက်နိုင်သေးဘဲ အိမ်ထဲမှာပဲနေရတဲ့ကာလတွေများလာတဲ့အခါ မြတ်တစ်ယောက် ခင်ပွန်းနဲ့အတူသွားခဲ့ဖူးတဲ့ ခရီးတွေထဲက အမှတ်တရပုံလေးတွေကို သူမရဲ့လူမှုကွန်ရက်ကနေတဆင့် အလွမ်းပြေ ပြန်တင်ခဲ့ပါတယ်။ ကြည့်လိုက်တာနဲ့ နှစ်ယောက်သားဘယ်လောက်တောင်ပျော်ခဲ့တယ်ဆိုတာ မြင်သာနေတဲ့ ပုံလေးတွေပါ။

ပျော်စရာအမှတ်တရတွေဟာ ဘယ်အချိန်ကြည့်ကြည့် ပျော်ရွှင်မှုကိုအပြည့်အဝ ပြန်ခံစားရပါတယ်။ မြတ်တို့ရဲ့ကြည်နူးစရာ ပုံလေးတွေဟာ သူမတို့နှစ်ယောက်ကြားမှာရှိတဲ့ နက်ရှိုင်းတဲ့ချစ်ခြင်းမေတ္တာကို ပုံဖော်နိုင်ခဲ့တာတော့အမှန်ပါပဲ။ သူမတို့ရဲ့အမှတ်တရ ပုံလေးတွေကို ” Covid ကြီး မရှိတော့ရင် အချစ်နဲ့ ခရီးတွေပြန်သွားချင်တယ် ခရီးပြန်ထွက်လို့ရရင် ဘယ်ကို အသွားချင်ဆုံးလဲ ???? မြတ်ကတော့ Korea ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Credit – Cele Zone
Photo – Myat Yadanar Kyaw