


crd :

ရခိုင်တိုင်းရင်းသား သရုပ်ဆောင် ဘုန်းလျှံကတော့ ပရိသတ်တွေနဲ့ နှစ်အတော်ကြာဝေးကွာခဲ့ပြီး အခုဆိုရင် သူချစ်တဲ့မိသားစုတွေ၊ ပရိသတ်တွေနဲ့ ပြန်လည်ဆုံဆည်းနေပြီပဲဖြစ်ပါတယ်။ ဘုန်းလျှံဟာ (၁၆) နှစ်ကျော်ဝေးပြီးမှ ပြန်ဆုံတွေ့တဲ့ငယ်ချစ်လေးနဲ့ လက်ထပ်ခဲ့ပြီး အိမ်ထောင်ရှင် အမျိုးသားတစ်ယောက်ဖြစ်လို့နေပြီပဲဖြစ်ပ ါတယ်။

သာယာတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားနိုင်ပြီဖြစ်တဲ့ ဘုန်းလျှံဟာ သူ့ရဲ့ကိုယ်ပိုင်စားသောက်ကုန်လုပ်ငန်းကိုလည်း ဦးစီးလုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့မွေးနေ့ကမှ ဇနီးသည်ဆီက သူ့ရဲ့အသွေးအသားလေးကို မွေးနေ့လက်ဆောင်ရရှိခဲ့တဲ့ ဘုန်းလျှံဟာ ဖခင်တစ်ယောက်အဖြစ် တာဝန်တွေထမ်းေ ဆာင်ရတော့မှာမို့ စိတ် လှုပ်ရှားရင်ခုန်နေတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ဘုန်းလျှံက ဇနီးဖြစ်သူဗိုက်ထဲက ရင်သွေးလေးကို Ultrasound ရိုက်ပြီး “ဒီတခါတော့ ကလေးက နှလုံးစခုန်ပြီးအသက်ဝင်ပါပြီဗျာ.😍😍သားသားလားမီးမီးလားမသိသေးပေမယ်.ပါပါကအရမ်းချစ်နေပြီကလေးရေ..😘😘😘” ဆိုပြီး ပြောလာပါတယ်။ဘုန်းလျှံကတော့ နှလုံးခုန်ပြီး အသက်ဝင်ကာ စပဲရှိသေးတဲ့ ရင်သွေးလေး ကိုတောင် အရမ်းချစ်နေပြီဆိုကာ သူ့ရဲ့ ဖခင်မေတ္တာကြီးမားပုံကို ပြောလာတာပဲဖြစ်ပါတယ်။

crd :

Leave a Comment

Your email address will not be published. Required fields are marked *