ပရိတ္သတ္ႀကီးေရ….ျမန္မာနိုင္ငံ တစ္ဝွမ္းရွိ ျပည္သူအခ်ိဳ႕ဟာ အခုရက္ပိုင္းေတြ အတြင္း အ​ေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ အသက္ ေသဆုံးေနေၾကာင္း သတင္းေတြမွာ မၾကာခဏျမင္ေတြ႕ေနရပါတယ္။ပစ္ခတ္ခံရမႈေတြ၊ လုယက္ခံရမႈေတြေၾကာင့္ ျပည္သူအခ်ိဳ႕ေသဆုံးေနသလို ကိုဗစ္ေရာဂါေၾကာင့္ အသက္ရႉၾကပ္သူေတြ၊ႏွလုံးရပ္ၿပီး ေသဆုံးသြားတဲ့ ျပည္သူေတြလည္းရွိၾကပါတယ္။ သ႐ုပ္ေဆာင္ ညီထြဋ္ေခါင္ရဲ့ခ်စ္သူေကာင္မေလးဟာ မေန႔က ႐ုတ္တရက္ႏွလုံးရပ္ၿပီး ကြယ္လြန္သြားခဲ့ကာ ခ်စ္သူဆုံးပါးသြားတာကို ညီထြဋ္ေခါင္ကိုယ္တိုင္လည္း မယုံၾကည္နိုင္ျဖစ္ေနခဲ့ ပါတယ္။

ပရိသတ္ေတြ ကလည္း ခ်စ္သူေကာင္မေလး ဆုံးရႈံးလိုက္ရတဲ့ ညီထြဋ္ေခါင္ အတြက္ စိတ္မေကာင္ းျဖစ္မိေၾကာင္း လူမႈကြန္ယက္ စာမ်က္ႏွာထက္မွာ ေရးသားေနၾကပါတယ္။ ဆုံးပါးသြားတဲ့ ညီထြဋ္ေခါင္ရဲ့ ေကာင္မေလးဟာ ခ်စ္သူအေပၚမွာေရာ သူငယ္ခ်င္းေတြျဖစ္ၾကတဲ့ ေက်ာ္ေက်ာ္၊ဆုျမတ္နိုးဦးတို႔အေပၚမွာ အရမ္းေကာင္းခဲ့သူ တစ္ေယာက္ပဲျဖစ္ပါတယ္။ေက်ာ္ေက်ာ္တို႔သူငယ္ခ်င္းတစ္စုကေတာ့ ႏွလုံးရပ္ၿပီး ႐ုတ္တရက္ ဆုံးပါးသြားတဲ့ ညီထြဋ္ေခါင္ရဲ့ေကာင္မေလးအတြက္ ဝမ္းနည္းေနၾကၿပီး အတူေပ်ာ္ရႊင္ရယ္ေမာခဲ့ၾကတဲ့ အမွတ္တရဗီဒီယိုဖိုင္ကို ခ်ျပလာခဲ့ ပါတယ္။

ညီထြဋ္ေခါင္၊ေက်ာ္ေက်ာ္၊ဆုျမတ္နိုးဦးတို႔အတူဖြင့္ထားတဲ့ pageေလးမွာ “ညီညီ…အရမ္းခ်စ္ရတဲ့ ခ်စ္သူ မေမရီ ဟာ ႐ုတ္တရက္ႏွလုံး ရပ္တန႔္ကာ က်ေနာ္တို႔အားလုံးကိုႏႈတ္ဆက္ ထြက္ခြာ သြားခဲ့ပါၿပီ..ညီညီ အေပၚမွာေရာ သူငယ္ခ်င္းေတြ အေပၚမွာပါ အေမတစ္ေယာက္လို ၾကင္နာ ဆက္ဆံၿပီး လတစ္စင္းလိုၾကည္လင္ ဝင္းပခဲ့တဲ့ မမေမေရ…ပူေလာင္ျခင္းေတြ ကင္းစင္ၿပီး ၿငိမ္းခ်မ္းတဲ့ေနရာေလးမွာ အိပ္စက္အနားယူ ပါေတာ့ေနာ္…က်ေနာ္တို႔အားလုံး အျမဲတမ္းသတိရေနမွာပါ”ဆိုၿပီး လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားထားခဲ့တာ ပဲျဖစ္ပါတယ္။သူငယ္ခ်င္းေတြနဲ ႔အတူ ရယ္ေမာေပ်ာ္ရႊင္ခဲ့တဲ့ သ႐ုပ္ေဆာင္ ညီထြဋ္ေခါင္ေကာင္မေလးရဲ့ အမွတ္တရဗီဒီယိုဖိုင္ေလးကို စိတ္မေကာင္းစြာနဲ႔ ျပန္လည္ေဖာ္ျပေပးလိုက္ ရပါတယ္။

Source: n-h-k ဗရမ္းဗတာ ဘီအက္ဖ္အက္ဖ္မ်ား ‘s facebook page
Credit ; MMLoad

ပရိတ်သတ်ကြီးရေ….မြန်မာနိုင်ငံ တစ်ဝှမ်းရှိ ပြည်သူအချို့ဟာ အခုရက်ပိုင်းတွေ အတွင်း အ​ကြောင်း အမျိုးမျိုးကြောင့် အသက် သေဆုံးနေကြောင်း သတင်းတွေမှာ မကြာခဏမြင်တွေ့နေရပါတယ်။ပစ်ခတ်ခံရမှုတွေ၊ လုယက်ခံရမှုတွေကြောင့် ပြည်သူအချို့သေဆုံးနေသလို ကိုဗစ်ရောဂါကြောင့် အသက်ရှူကြပ်သူတွေ၊နှလုံးရပ်ပြီး သေဆုံးသွားတဲ့ ပြည်သူတွေလည်းရှိကြပါတယ်။ သရုပ်ဆောင် ညီထွဋ်ခေါင်ရဲ့ချစ်သူကောင်မလေးဟာ မနေ့က ရုတ်တရက်နှလုံးရပ်ပြီး ကွယ်လွန်သွားခဲ့ကာ ချစ်သူဆုံးပါးသွားတာကို ညီထွဋ်ခေါင်ကိုယ်တိုင်လည်း မယုံကြည်နိုင်ဖြစ်နေခဲ့ ပါတယ်။

ပရိသတ်တွေ ကလည်း ချစ်သူကောင်မလေး ဆုံးရှုံးလိုက်ရတဲ့ ညီထွဋ်ခေါင် အတွက် စိတ်မကောင် းဖြစ်မိကြောင်း လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားနေကြပါတယ်။ ဆုံးပါးသွားတဲ့ ညီထွဋ်ခေါင်ရဲ့ ကောင်မလေးဟာ ချစ်သူအပေါ်မှာရော သူငယ်ချင်းတွေဖြစ်ကြတဲ့ ကျော်ကျော်၊ဆုမြတ်နိုးဦးတို့အပေါ်မှာ အရမ်းကောင်းခဲ့သူ တစ်ယောက်ပဲဖြစ်ပါတယ်။ကျော်ကျော်တို့သူငယ်ချင်းတစ်စုကတော့ နှလုံးရပ်ပြီး ရုတ်တရက် ဆုံးပါးသွားတဲ့ ညီထွဋ်ခေါင်ရဲ့ကောင်မလေးအတွက် ဝမ်းနည်းနေကြပြီး အတူပျော်ရွှင်ရယ်မောခဲ့ကြတဲ့ အမှတ်တရဗီဒီယိုဖိုင်ကို ချပြလာခဲ့ ပါတယ်။

ညီထွဋ်ခေါင်၊ကျော်ကျော်၊ဆုမြတ်နိုးဦးတို့အတူဖွင့်ထားတဲ့ pageလေးမှာ “ညီညီ…အရမ်းချစ်ရတဲ့ ချစ်သူ မမေရီ ဟာ ရုတ်တရက်နှလုံး ရပ်တန့်ကာ ကျနော်တို့အားလုံးကိုနှုတ်ဆက် ထွက်ခွာ သွားခဲ့ပါပြီ..ညီညီ အပေါ်မှာရော သူငယ်ချင်းတွေ အပေါ်မှာပါ အမေတစ်ယောက်လို ကြင်နာ ဆက်ဆံပြီး လတစ်စင်းလိုကြည်လင် ဝင်းပခဲ့တဲ့ မမမေရေ…ပူလောင်ခြင်းတွေ ကင်းစင်ပြီး ငြိမ်းချမ်းတဲ့နေရာလေးမှာ အိပ်စက်အနားယူ ပါတော့နော်…ကျနော်တို့အားလုံး အမြဲတမ်းသတိရနေမှာပါ”ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာ ပဲဖြစ်ပါတယ်။သူငယ်ချင်းတွေနဲ ့အတူ ရယ်မောပျော်ရွှင်ခဲ့တဲ့ သရုပ်ဆောင် ညီထွဋ်ခေါင်ကောင်မလေးရဲ့ အမှတ်တရဗီဒီယိုဖိုင်လေးကို စိတ်မကောင်းစွာနဲ့ ပြန်လည်ဖော်ပြပေးလိုက်ရ ပါတယ်။

Source: n-h-k ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ ‘s facebook page
Credit ; MMLoad