


Source : Kaung Kyaw
Credit ;(Cele Gabar)

ပရိသတ်တွေကို ဟာဒယရွှင်ဆေးတွေ အမြဲတိုက်ကျွေးခဲ့ပြီး သူတို့ချစ်တဲ့အနုပညာ နဲ့နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့ကြတဲ့ ဆိုနီ မိုးကျော် ဆိုတဲ့ လူရွှင်တော်ကြီး နှစ်ယောက်ကို ပရိသတ်တွေလည်းသိမှာပါ ။ (၄၁) နှစ်တာ အတွဲညီညီ ပရိသတ်တွေကို ဖျော်ဖြေခဲ့ကြတဲ့ ဝါရင့် လူရွှင်တော် ကြီးတွေဖြစ်ပြီး ဦးဆိုနီကတော့ (၂၀၀၉) ခုနှစ်အောက်တိုဘာလ မှာ ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်သွားခဲ့ပါတယ် ။

ဒီနေ့မှာတော့ မုံရွာမြို့ကို ခေတ္တရောက်ရှိနေတဲ့ ဟာသလူရွှင်တော်ကြီး ဦးမိုးကျော် ဒီဇင်ဘာလ (၂၄) နံနက်ပိုင်းက မျက်နှာတစ်ခြမ်းလေဖြန်းသွားတဲ့အတွက် မုံရွာဆေး ရုံးကြီးသို့ တင်ပို့ထားရတယ်လို့သိရပါတယ် ။ ဒီနေ့ ညနေပိုင်းမှာတော့ ကျောက်ပန်တောင်းမှာနေထိုင်တဲ့ ဦးမိုးကျော်ရဲ့သမီးက ကျောက်ပန်းတောင်းကို လာရောက်ခေါ်ေ ဆာင်မှာဖြစ်တယ်လို့လည်း လူရွှင်တော် ဦးကောင်းကျော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အသိပေးလာ ခဲ့ပါတယ် ။

ဆိုနီ မိုးကျော် အတွဲကို အားပေးချစ်ခင်ခဲ့ကြတဲ့ ပရိသတ်ကြီးကတော့ ဦးမိုးကျော် တစ်ယောက် အမြန်ဆုံး ကျန်းမာပါစေဆိုတဲ့ ဆုမွန်ကောင်းတွေ ပေးခဲ့ကြတယ် ။ ပရိသတ်ချစ်တဲ့ ဝါရင့်လူရွှင်တော် ဦးမိုးကျော်တစ်ယောက် စိတ်ပူနေတဲ့ ပရိသတ်တွေအတွက် အမြန်ဆုံး ကျန်းမာလာဖို့ ဆယ်လီကမ္ဘာကလည်း ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်နော် ။

Source : Kaung Kyaw
Credit ;(Cele Gabar)