ပရိတ်သတ်ကြီးရေ…ပြီးခဲ့တဲ့ရက်ပိုင်းက ရုပ်ရှင်သရုပ်ဆောင်ခန့်စည်သူကို ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌရာထူးပေးအပ်ပြီးတဲ့နောက်မှာ ပရိသတ်တွေရဲ့ဝေဖန်မှုတွေဟာ မြင့်တက်လာခဲ့ပြီး အနုပညာရှင်အချို့လည်း ရုပ်ရှင်အစည် းအရုံးကနေနှုတ်ထွက်လာကြတာတွေ့ရပါတယ်။ မင်းသား၊မင်းသမီး၊ဒါရိုက်တာတွေနဲ့ ဇာတ်ပို့ဇာတ်ရံတွေအပါအဝင် စက်အဖွဲ့တွေအထိ ရုပ်ရှင်အစည်းအရုံးကနေနှုတ်ထွက်ကြောင်း တင်လာကြတာတွေ့ရပါတယ်။ခန့်စည်သူကိုယ်တိုင်လည်း အစည်းအရုံးဥက္ကဌအဖြစ်မလုပ်လိုကြောင်း ငြင်းပယ်ခဲ့ပြီး အနုပညာအသိုင်းအဝန်းကြားမှာ အတော်လေးဂယက်ရိုက်သွားခဲ့တာဖြစ်ပါ တယ်။

ရုပ်ရှင်အစည်းအရုံးဘက်ကနေလည်း နှုတ်ထွက်သူစာရင်းကို စာရင်းထုတ်ပြန်ထားတာတွေ့ရကာ ဒီဖြစ်ရပ်နဲ့ပက်သက်ပြီးလည်း ဇာတ်ပို့သရုပ်ဆောင်ဆင်မက သူ့ရဲ့ Facebookစာမျက်နှာမှာ “မိမိသ​ဘောအရ ကုတ်က ပ်ဆက်​နေကြသူများ ဒီစာရင်းတွင်(လုံးဝ)မပါရှိပါ🤣စာကြွင်း/ တရားဝင် နှုတ်ထွက်သူများစွာ ကျန်ရှိ​နေပါ​သေးတယ်၊ (အဝင်စာရင်းသာ ဘုံး​ဘောလ​အောလက်ခံသာ/အထွက်စာရင်းကြ ဟိုကျန်ဒီကျန်​နော် စာရင်းကိုင်ကြီးတို့​ရေ)🤣….” ဆိုပြီး ပွင့်ပွင့်လင်းလင်းရေးသားထားတာဖြစ်ပါ တယ်။

ဆင်မက အနုပညာလောကမှာဝါရင့် သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပြီး ပရိသတ်တွေကို ရသမျိုးစုံပေးနိုင်တဲ့အနုပညာရှင်တစ်ယောက်လည်းဖြစ်တဲ့အပြင် သူ့ရဲ့ရပ်တည်ချက်နဲ့ထင်မြင်ချက်တွေကိုလည်း ပွင့်ပွင့်လင်းလင်းပြောလေ့ရှိတဲ့သူပါ။ ဆင်မရဲ့အခုလိုရေးသားဖွင့်ချလာတဲ့အပေါ်မှာလည်း ပရိသတ်တွေကထင်မြင်ချက်အမျိုးမျိုးပေးကြတာလည်းတွေ့ရပါတယ်။ ပရိသတ်တွေ အတွက်ပြန်လည်ဖော်ပြပေးလိုက်ပါ တယ်…..။

Source: Sin Ma’s Facebook acc

Credit ; MMLoad

ပရိတ္သတ္ႀကီးေရ…ၿပီးခဲ့တဲ့ရက္ပိုင္းက ႐ုပ္ရွင္သ႐ုပ္ေဆာင္ခန႔္စည္သူကို ႐ုပ္ရွင္အစည္းအ႐ုံးရဲ့ ဥကၠ႒ရာထူးေပးအပ္ၿပီးတဲ့ေနာက္မွာ ပရိသတ္ေတြရဲ့ေဝဖန္မႈေတြဟာ ျမင့္တက္လာခဲ့ၿပီး အႏုပညာရွင္အခ်ိဳ႕လည္း ႐ုပ္ရွင္အစည္ းအ႐ုံးကေနႏႈတ္ထြက္လာၾကတာေတြ႕ရပါတယ္။ မင္းသား၊မင္းသမီး၊ဒါရိုက္တာေတြနဲ႔ ဇာတ္ပို႔ဇာတ္ရံေတြအပါအဝင္ စက္အဖြဲ႕ေတြအထိ ႐ုပ္ရွင္အစည္းအ႐ုံးကေနႏႈတ္ထြက္ေၾကာင္း တင္လာၾကတာေတြ႕ရပါတယ္။ခန႔္စည္သူကိုယ္တိုင္လည္း အစည္းအ႐ုံးဥကၠဌအျဖစ္မလုပ္လိုေၾကာင္း ျငင္းပယ္ခဲ့ၿပီး အႏုပညာအသိုင္းအဝန္းၾကားမွာ အေတာ္ေလးဂယက္ရိုက္သြားခဲ့တာျဖစ္ပါ တယ္။

႐ုပ္ရွင္အစည္းအ႐ုံးဘက္ကေနလည္း ႏႈတ္ထြက္သူစာရင္းကို စာရင္းထုတ္ျပန္ထားတာေတြ႕ရကာ ဒီျဖစ္ရပ္နဲ႔ပက္သက္ၿပီးလည္း ဇာတ္ပို႔သ႐ုပ္ေဆာင္ဆင္မက သူ႔ရဲ့ Facebookစာမ်က္ႏွာမွာ “မိမိသ​ေဘာအရ ကုတ္က ပ္ဆက္​ေနၾကသူမ်ား ဒီစာရင္းတြင္(လုံးဝ)မပါရွိပါ🤣စာႂကြင္း/ တရားဝင္ ႏႈတ္ထြက္သူမ်ားစြာ က်န္ရွိ​ေနပါ​ေသးတယ္၊ (အဝင္စာရင္းသာ ဘုံး​ေဘာလ​ေအာလက္ခံသာ/အထြက္စာရင္းၾက ဟိုက်န္ဒီက်န္​ေနာ္ စာရင္းကိုင္ႀကီးတို႔​ေရ)🤣….” ဆိုၿပီး ပြင့္ပြင့္လင္းလင္းေရးသားထားတာျဖစ္ပါ တယ္။

ဆင္မက အႏုပညာေလာကမွာဝါရင့္ သ႐ုပ္ေဆာင္တစ္ဦးလည္းျဖစ္ၿပီး ပရိသတ္ေတြကို ရသမ်ိဳးစုံေပးနိုင္တဲ့အႏုပညာရွင္တစ္ေယာက္လည္းျဖစ္တဲ့အျပင္ သူ႔ရဲ့ရပ္တည္ခ်က္နဲ႔ထင္ျမင္ခ်က္ေတြကိုလည္း ပြင့္ပြင့္လင္းလင္းေျပာေလ့ရွိတဲ့သူပါ။ ဆင္မရဲ့အခုလိုေရးသားဖြင့္ခ်လာတဲ့အေပၚမွာလည္း ပရိသတ္ေတြကထင္ျမင္ခ်က္အမ်ိဳးမ်ိဳးေပးၾကတာ လည္းေတြ႕ရပါတယ္။ ပရိသတ္ေတြ အတြက္ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္…..။

Source: Sin Ma’s Facebook acc

Credit ; MMLoad