ပရိသတ္ႀကီးေရ စိန္ၿဖိဳးလွိုင္ (သ႐ုပ္ေဆာင္ ေမာင္)ကေတာ့ ကမၻာ ကပ္ေရာဂါဆိုး အေနနဲ႔ ၾကဳံေတြ႕ေနရတဲ့ ကိုဗစ္နဲ ႔ပတ္သက္ၿပီး ပရိသတ္ေတြႀကိဳတင္ ေဆာင္ရြက္ ထားသင့္တာေတြကို အႀကံျပဳေျပာၾကားလာ ခဲ့ပါတယ္။ ေမာင္ကေတာ့ ဆရာဝန္ဘြဲ႕ကို ရရွိထားတဲ့ သူတစ္ေယာက္လည္း ျဖစ္ သလို ကိုဗစ္ေရာဂါ ကို ကိုယ္တိုင္ကူးစက္ခံခဲ့ရတဲ့အျပင္ Volunteer အေနနဲ႔လည္း လုပ္ကိုင္ခဲ့ဖူးခဲ့တဲ့ သူတစ္ေယာက္ပါ။

လတ္တေလာ မွာလည္း ကိုဗစ္ေရာဂါက ေတာ္ေတာ္ေလးကို ျပန္လည္ကူးစက္မႈႏႈန္းျမင့္မား ေနခဲ့ၿပီး ေရာဂါလကၡဏာ ဆိုးရြားစြာ ခံစားရတာေၾကာင့္ ေမာင္က သူသိသေလာက္ ေဆာင္ရြက္ထား သင့္တာေတြကို အခုလိုပဲေျပာျပလာခဲ့တာပါ။ “ကၽြန္ေတာ္တို႔ ပတ္ဝန္းက်င္မွာ COVID ျဖစ္တဲ့သူေတြ ‌ေန႔တိုင္းနီးပါေတြ႕လာေနရပါတယ္။ ကာကြယ္ေဆး ထိုးထားတိုင္းလဲ အျပည့္အဝ စိတ္မခ်ရပါဘူး။ အရင္လို Center ေတြမ်ားတဲ့အခ်ိန္မွာေတာင္ ကၽြန္ေတာ္တို႔ေတြဒုကၡေရာက္ခဲ့ၾက တာ အခုအေျခအေနမ်ိဳးနဲ႔ဆို ပိုဆိုးနိုင္တာမို႔ COVID ျဖစ္ခဲ့ရင္ဘာလုပ္ရမလဲဆိုတာ ႀကိဳၿပီး စုံစမ္း စီစဥ္ ထားၾကပါ။

ေအာက္စီဂ်င္တိုင္း တဲ့ စက္ဝယ္ထားၾကပါ။ ေအာက္စီဂ်င္အိုး ငွားလို႔ရမဲ့ေနရာေတြ ရွာထားၾကပါ။ဘယ္အစိုးရေဆး႐ုံ ဘယ္ပုဂၢလိက ေဆး႐ုံေတြက COVID စစ္ေပးလဲ၊ ကုေပးလဲ ဆိုတာ သိတဲ့လူေတြကို ေမးထားၾကပါ။အျပင္သြားတိုင္းအကာအကြယ္ အျပည့္ယူၾကပါ။ သတိထားၾကပါ။”ဆိုၿပီး သူ႔ရဲ့လူမႈကြန္ရက္ စာမ်က္ႏွာကေန မၽွေဝေဖာ္ျပထားခဲ့တာျဖစ္ၿပီး ပရိတ္ေတြ အတြက္ ျပန္လည္မၽွေဝေဖာ္ျပေပးလိုက္ပါ တယ္။

Source – Sein Phyo Hlaing
Credit:Cele Zone

ပရိသတ်ကြီးရေ စိန်ဖြိုးလှိုင် (သရုပ်ဆောင် မောင်)ကတော့ ကမ္ဘာ ကပ်ရောဂါဆိုး အနေနဲ့ ကြုံတွေ့နေရတဲ့ ကိုဗစ်နဲ ့ပတ်သက်ပြီး ပရိသတ်တွေကြိုတင် ဆောင်ရွက် ထားသင့်တာတွေကို အကြံပြုပြောကြားလာ ခဲ့ပါတယ်။ မောင်ကတော့ ဆရာဝန်ဘွဲ့ကို ရရှိထားတဲ့ သူတစ်ယောက်လည်း ဖြစ်သလို ကိုဗစ်ရောဂါကို ကိုယ်တိုင်ကူးစက်ခံခဲ့ရတဲ့အပြင် Volunteer အနေနဲ့လည်း လုပ်ကိုင်ခဲ့ဖူးခဲ့တဲ့သူတစ်ယောက် ပါ။

လတ်တလော မှာလည်း ကိုဗစ်ရောဂါက တော်တော်လေးကို ပြန်လည်ကူးစက်မှုနှုန်းမြင့်မား နေခဲ့ပြီး ရောဂါလက္ခဏာ ဆိုးရွားစွာ ခံစားရတာကြောင့် မောင်က သူသိသလောက် ဆောင်ရွက်ထား သင့်တာတွေကို အခုလိုပဲပြောပြလာခဲ့တာပါ။ “ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ COVID ဖြစ်တဲ့သူတွေ ‌နေ့တိုင်းနီးပါတွေ့လာနေရပါတယ်။ ကာကွယ်ဆေး ထိုးထားတိုင်းလဲ အပြည့်အဝ စိတ်မချရပါဘူး။ အရင်လို Center တွေများတဲ့အချိန်မှာတောင် ကျွန်တော်တို့တွေဒုက္ခရောက်ခဲ့ကြ တာ အခုအခြေအနေမျိုးနဲ့ဆို ပိုဆိုးနိုင်တာမို့ COVID ဖြစ်ခဲ့ရင်ဘာလုပ်ရမလဲဆိုတာ ကြိုပြီး စုံစမ်း စီစဉ်ထ ားကြပါ။

အောက်စီဂျင်တိုင်း တဲ့ စက်ဝယ်ထားကြပါ။ အောက်စီဂျင်အိုး ငှားလို့ရမဲ့နေရာတွေ ရှာထားကြပါ။ဘယ်အစိုးရဆေးရုံ ဘယ်ပုဂ္ဂလိက ဆေးရုံတွေက COVID စစ်ပေးလဲ၊ ကုပေးလဲ ဆိုတာ သိတဲ့လူတွေကို မေးထားကြပါ။အပြင်သွားတိုင်းအကာအကွယ် အပြည့်ယူကြပါ။ သတိထားကြပါ။”ဆိုပြီး သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့တာဖြစ်ပြီး ပရိတ်တွေ အတွက် ပြန်လည်မျှဝေဖော်ပြပေးလိုက် ပါတယ်။

Source – Sein Phyo Hlaing
Credit:Cele Zone