ပရိတ္သတ္ၾကီးေရ ရခုိင္တုိင္းရင္းသား မင္းသားေခ်ာတစ္ေယာက္ျဖစ္တဲ့ ေနတိုးကေတာ့ လက္ရိွအခ်ိန္မွာ ျမန္မာလူမ်ိဳးတစ္ေယာက္ပီပီ နိုင္ငံေတာ္ ေအးခ်မ္းတည္ျငိမ္ဖို့နဲ့ ျပည္သူတင္ေျမွာက္ထားတဲ့ အစိုးရအဖြဲ့ကို အျမန္ဆံုး လႊတ္ေပးဖို့ ေတာင္းဆိုေနတာပဲ ျဖစ္ပါတယ္။ ေနတိုးက နုိင္ငံသားတစ္ေယာက္ပီပီ ဒီမိုကေရစီလမ္းစဥ္အတြက္ ျငိမ္းခ်မ္းစြာဆႏၵထုတ္ေဖာ္ေနစဥ္ သူအနွစ္နွစ္အလလ အသံုးျပဳလာတဲ့ Nay Toe ေဖ့စ္ဘုတ္ေပ့ခ်္က ဖ်က္စီးျခင္းခံလိုက္ရျပီလုိ့ အခုလိုပဲ ေျပာလာပါတယ္။
“ကြၽန္ေတာ့္ကိုစိတ္ပူေပးၾကတဲ့ပရိသတ္မ်ားအားလုံးကိုေက်းဇူးအထူးတင္ပါတယ္ခင္ဗ်ာ။ လက္ရွိအခ်ိန္မွာ blue mark ရထားတဲ့page ကိုျပန္ရဖို႔ထက္ february (၁)ရက္ေန႔ကေနေပ်ာက္ဆုံးသြားတဲ့ကြၽန္ေတာ္တို႔အားလုံးရဲ႕အနာဂတ္ကိုျပန္ရဖို႔သာအေရးအႀကီးဆုံးပါ ။ ကြၽန္ေတာ့္ page ကိုဖ်က္ဆီးျဖစ္လိုက္ၾကလို႔ရေပမယ့္ ကြၽန္ေတာ့္ရင္ထဲကဆႏၵေတြကိုေတာ့ ဘယ္လိုနည္းပညာမ်ိဳးနဲ႔မွ ဖ်က္ဆီးျပစ္လို႔မရႏိုင္ပါဘူး။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လမ္းေပၚမွ အခ်ိန္တိုင္းေတြ႕မေနရဘူးဆိုရင္ေတာင္ ေရာက္ရာအရပ္ကေနျပည္သူေတြနဲ႔တူတူျပည္သူေတြရဲ႕အနာဂတ္ကိုျပန္ရဖို႔ႀကိဳးစားေနဦးမွာပါ။ ျပည္သူမ်ားအားလုံးအႏၲရာယ္ကင္းၾကပါေစ💪🏼❤ေနတိုး” ဆိုျပီး Naytoe 2021Officially ေပ့ခ်္ကေန ေျပာလာပါတယ္။
ေနတိုးကေတာ့ သူ့ရဲ့ ပရိသတ္ေတြနဲ့ ထိေတြ့ခဲ့တဲ့ Blue Mark ရထားတဲ့ Page ကို ဖ်က္ဆီးလိုက္လို့ရေပမယ့္ ရင္ထဲက ဆႏၵေတြကိုေတာ့ ဘယ္လိုမွ ဖ်က္ဆီးပစ္လို့မရနိုင္ဘူးဆိုျပီး ျပတ္ျပတ္သားသား ေျပာလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုကၸါတယ္ေနာ္။
Source: Naytoe 2021Officially’s fb
Credit – Cele Connections
ပရိတ်သတ်ကြီးရေ ရခိုင်တိုင်းရင်းသား မင်းသားချောတစ်ယောက်ဖြစ်တဲ့ နေတိုးကတော့ လက်ရှိအချိန်မှာ မြန်မာလူမျိုးတစ်ယောက်ပီပီ နိုင်ငံတော် အေးချမ်းတည်ငြိမ်ဖို့နဲ့ ပြည်သူတင်မြှောက်ထားတဲ့ အစိုးရအဖွဲ့ကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုနေတာပဲ ဖြစ်ပါတယ်။ နေတိုးက နိုင်ငံသားတစ်ယောက်ပီပီ ဒီမိုကရေစီလမ်းစဉ်အတွက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေစဉ် သူအနှစ်နှစ်အလလ အသုံးပြုလာတဲ့ Nay Toe ဖေ့စ်ဘုတ်ပေ့ချ်က ဖျက်စီးခြင်းခံလိုက်ရပြီလို့ အခုလိုပဲ ပြောလာပါတယ်။
“ကျွန်တော့်ကိုစိတ်ပူပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ လက်ရှိအချိန်မှာ blue mark ရထားတဲ့page ကိုပြန်ရဖို့ထက် february (၁)ရက်နေ့ကနေပျောက်ဆုံးသွားတဲ့ကျွန်တော်တို့အားလုံးရဲ့အနာဂတ်ကိုပြန်ရဖို့သာအရေးအကြီးဆုံးပါ ။ ကျွန်တော့် page ကိုဖျက်ဆီးဖြစ်လိုက်ကြလို့ရပေမယ့် ကျွန်တော့်ရင်ထဲကဆန္ဒတွေကိုတော့ ဘယ်လိုနည်းပညာမျိုးနဲ့မှ ဖျက်ဆီးပြစ်လို့မရနိုင်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် လမ်းပေါ်မှ အချိန်တိုင်းတွေ့မနေရဘူးဆိုရင်တောင် ရောက်ရာအရပ်ကနေပြည်သူတွေနဲ့တူတူပြည်သူတွေရဲ့အနာဂတ်ကိုပြန်ရဖို့ကြိုးစားနေဦးမှာပါ။ ပြည်သူများအားလုံးအန္တရာယ်ကင်းကြပါစေ💪🏼❤နေတိုး” ဆိုပြီး Naytoe 2021Officially ပေ့ချ်ကနေ ပြောလာပါတယ်။
နေတိုးကတော့ သူ့ရဲ့ ပရိသတ်တွေနဲ့ ထိတွေ့ခဲ့တဲ့ Blue Mark ရထားတဲ့ Page ကို ဖျက်ဆီးလိုက်လို့ရပေမယ့် ရင်ထဲက ဆန္ဒတွေကိုတော့ ဘယ်လိုမှ ဖျက်ဆီးပစ်လို့မရနိုင်ဘူးဆိုပြီး ပြတ်ပြတ်သားသား ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။
Source: Naytoe 2021Officially’s fb
Credit – Cele Connections