ပရိသတ္ႀကီးေရ Burmese Ghouls အသင္းကိုဂုဏ္ျပဳတဲ့ ပို႔စ္နဲ႔ပတ္သက္ၿပီး သူေရးသားသီဆိုခဲ့တဲ့ ေခတ္ သီခ်င္းနဲ႔ ကြဲျပားေနတဲ့အတြက္အေတာ္ေလး အျပင္းအထန္ေဝဖန္ခံခဲ့ရပါတယ္ ။ ဒီေဝဖန္မႈေတြနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြကို J-fire က ေခတ္သီခ်င္းသည္အခ်ိန္ကို အက်ိဳးရွိေအာင္အသုံးခ်ဖို႔အဓိကေျပာခဲ့တာျဖစ္ေၾကာင္း ျပန္လည္ေျဖရွင္းခဲ့ပါတယ္ ။ Professional Player ေတြရဲ႕ ကိုယ့္ႏိုင္ငံကိုယ္စားျပဳၿပိဳင္ပြဲအတြက္ ဂုဏ္ယူထိုက္လို႔ Postတင္ခဲ့တာ ျဖစ္ၿပီး တင္ၿပီးတဲ့ အခ်ိန္မွာပဲ နားလည္မႈလြဲစြာ အျပန္အလွန္ ဆဲဆိုမႈမ်ား ေၾကာင့္ အက်ိဳးမရွိဟုယူဆကာ Team နဲ႔တိုင္ပင္ၿပီး Postအားျပန္လည္ျဖဳတ္ခ်ခဲ့တာျဖစ္တယ္လို႔ ေျပာျပခဲ့ပါတယ္ ။

တင္ခဲ့သည့္ပုံကလည္း ၿပိဳင္ပြဲက်င္းပတဲ့ Moontonကုမၼဏီ မွ Myanmar National Team ကိုSupport ဖို႔ “M2” Instagram Campaign အတြက္ကမ္းလွမ္းခဲ့ျခင္းေၾကာင့္ ၿပိဳင္ပြဲမစခင္ တစ္ပတ္အလိုက ႐ိုက္ကူးထားေသာပုံျဖစ္တယ္လို႔သိရပါတယ္ ။ ဒါ့ေၾကာင့္ နားလည္မႈလြဲသည္ျဖစ္ေစ နားမလည္ခ်င္ေယာင္ေဆာင္သည္ ျဖစ္ေစ အားလုံးဟာ တစ္ႏိုင္ငံထဲသားညီအကိုေမာင္ႏွမမ်ားသာျဖစ္တဲ့အတြက္ အမ်ားညီ ဤ ကို ကြၽဲ မဖတ္ဘဲ စဥ္းစားေတြးေခၚႏိုင္စြမ္းမ်ားပိုင္ဆိုင္ၾကပါေစလို႔ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန ေရးသားေဖာ္ျပလာခဲ့ပါတယ္ ။

ေဝဖန္ေနတဲ့ ပရိသတ္ေတြကိုလည္း မိမိေလွ်ာက္လွမ္းခ်င္တဲ့ နယ္ပယ္တိုင္းမွာ Pro တစ္ေယာက္ျဖစ္ရပ္တည္ႏိုင္သည္အထိႀကီးပြါးတိုးတက္ၾကကာ မိသားစုအေပၚတာဝန္ေက်ၿပီး ႏိုင္ငံအတြက္ အခြန္မ်ားစြာထမ္းေဆာင္ႏိုင္ၾကပါေစ ႐ႊင္လန္းကာစိတ္ခ်မ္းသာၾကပါေစေၾကာင္းျပန္လည္ ဆုေတာင္းေပးခဲ့ပါေသးတယ္ ။

Source : J-fire
Credit : (Cele Gabar)

ပရိသတ်ကြီးရေ Burmese Ghouls အသင်းကိုဂုဏ်ပြုတဲ့ ပို့စ်နဲ့ပတ်သက်ပြီး သူရေးသားသီဆိုခဲ့တဲ့ ခေတ် သီချင်းနဲ့ ကွဲပြားနေတဲ့အတွက်အတော်လေး အပြင်းအထန်ဝေဖန်ခံခဲ့ရပါတယ် ။ ဒီဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေကို J-fire က ခေတ်သီချင်းသည်အချိန်ကို အကျိုးရှိအောင်အသုံးချဖို့အဓိကပြောခဲ့တာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။ Professional Player တွေရဲ့ ကိုယ့်နိုင်ငံကိုယ်စားပြုပြိုင်ပွဲအတွက် ဂုဏ်ယူထိုက်လို့ Postတင်ခဲ့တာ ဖြစ်ပြီး တင်ပြီးတဲ့ အချိန်မှာပဲ နားလည်မှုလွဲစွာ အပြန်အလှန် ဆဲဆိုမှုများ ကြောင့် အကျိုးမရှိဟုယူဆကာ Team နဲ့တိုင်ပင်ပြီး Postအားပြန်လည်ဖြုတ်ချခဲ့တာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ် ။

တင်ခဲ့သည့်ပုံကလည်း ပြိုင်ပွဲကျင်းပတဲ့ Moontonကုမ္မဏီ မှ Myanmar National Team ကိုSupport ဖို့ “M2” Instagram Campaign အတွက်ကမ်းလှမ်းခဲ့ခြင်းကြောင့် ပြိုင်ပွဲမစခင် တစ်ပတ်အလိုက ရိုက်ကူးထားသောပုံဖြစ်တယ်လို့သိရပါတယ် ။ ဒါ့ကြောင့် နားလည်မှုလွဲသည်ဖြစ်စေ နားမလည်ချင်ယောင်ဆောင်သည် ဖြစ်စေ အားလုံးဟာ တစ်နိုင်ငံထဲသားညီအကိုမောင်နှမများသာဖြစ်တဲ့အတွက် အများညီ ဤ ကို ကျွဲ မဖတ်ဘဲ စဉ်းစားတွေးခေါ်နိုင်စွမ်းများပိုင်ဆိုင်ကြပါစေလို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြလာခဲ့ပါတယ် ။

ဝေဖန်နေတဲ့ ပရိသတ်တွေကိုလည်း မိမိလျှောက်လှမ်းချင်တဲ့ နယ်ပယ်တိုင်းမှာ Pro တစ်ယောက်ဖြစ်ရပ်တည်နိုင်သည်အထိကြီးပွါးတိုးတက်ကြကာ မိသားစုအပေါ်တာဝန်ကျေပြီး နိုင်ငံအတွက် အခွန်များစွာထမ်းဆောင်နိုင်ကြပါစေ ရွှင်လန်းကာစိတ်ချမ်းသာကြပါစေကြောင်းပြန်လည် ဆုတောင်းပေးခဲ့ပါသေးတယ် ။

Source : J-fire
Credit : (Cele Gabar)