


Credit; MMLoad

ပရိတ်သတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး ခင်ဝင့်ဝါဟာဆိုရင် ဘာဘီရုပ်လေးတစ်ရုပ်လို ချစ်စရာကောင်းပြီး ချောမောလှပတဲ့ ရုပ်ရည်လေး ရှိတဲ့အပြင် ဟန်ဆောင်မှုအရှိပဲ ပျော်ပျော်နေတတ်သူလေး ဖြစ်တာကြောင့် ပရိသတ်တွေရဲ့အချစ်တွေကိုအပြည့်အဝ သိမ်းပိုက်ရရှိထားတဲ့ အနုပညာရှင် တစ်ယေက်ပဲဖြစ်ပါတယ်နော်။ခင်ဝင့်ဝါဟာ ဗီဒီယိုဇာတ်ကားတွေ များစွာကို ရိုက်ကူးအောင်မြင်လာတာ ဖြစ်ပြီး နောက်ပိုင်းတွင် ရုပ်ရှင်ဇာတ်ကြီးတွေကိုပါ ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ဦး ပဲဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ခင်ဝင့်ဝါကတော့ အနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်နေကာ ကြော်ငြာတွေနဲ့ Photo Shooting တွေအပြင် Live sale တွေကိုပါ ကြိုးစားလုပ်ကိုင်နေတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။လတ်တလောမှာတော့ ပြည်သူလူထုနဲ့အတူ ငြိမ်းချမ်းစွာပူးပေါင်းပါဝင်ကာ သူမရဲ့ Social Network ထက်တွင် “Civil Disobedience Movementမှာပါဝင်ပေးနေကြတဲ့ပြည်သူ့ ဝန်ထမ်းများအားလုံးကို တစ်ဦးတစ်ယောက်ချင်းစီ လေးစားဂုဏ်ယူ အသိမှတ်ပြုပါတယ်။

🙏🏻ဝင့်ဝါ ကိုယ်တိုင်ကပြည်သူ့ဝန်ထမ် းမဟုတ်တဲ့အတွက်CDMမှာဘာမှထိထိရောက်ရောက်မပါဝင်နိုင်တာအလွန်စိတ်မကောင်းဖြစ်မိပါတယ်🙏🏻ဒါကြောင့်သရုပ်ဆောင်ပြည်သူတစ်ယောက်အနေနဲ့ကိုယ်တတ်နိုင်တဲ့အပိုင်းကနေပါဝင်ပါမယ်။ကျွန်မ ခင်ဝင့်ဝါသည် ဒီနေ့ဒီအချိန်မှစ၍ စစ်အာဏာရှင်များနှင့်ဆက်စပ်တဲ့မည်သည့်စီးပွားရေးလုပ်ငန်းကိုမှကြော်ငြာပေးခြင်းပြုလုပ်သွားမှာမဟုတ်သလို စစ်အာဏာရှင်များနှင့်ဆက်စပ်သောထုတ်လုပ်ရေးများနှင့်လည်းမည်သည့်အနုပညာလှုပ်ရှားမှုကိုမှ ပူးပေါင်းလုပ်ဆောင်တော့မည်မဟုတ်ပါ။”ဆိုတဲ့ စာသားလေးကို ရေးသားဖော်ပြလာတာ ဖြစ်တာကြောင့် ချစ်ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်….။

Source: Khin Wint Wah FB page
Credit; MMLoad

Leave a Comment

Your email address will not be published. Required fields are marked *