ရှမ်းတိုင်းရင်းသားလေးတစ်ယောက်ဖြစ်တဲ့ စိုင်းစည်တွမ်ခမ်းကတော့ တည်ကြည်တဲ့ အပြုံးတွေနဲ့ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ညှို့ယူဖမ်းစားနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ စိုင်းစည်တွမ်ခမ်းကတော့ ဆရာဝန်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေလည်း လုပ်ကိုင်နေလျက်ရှိရာ အလုပ်နှစ်ခုကို သင့်တင့်မျှတအောင် လုပ်ကိုင်နေလျက်ရှိပါတယ်။ လက်ရှိမှာတော့ စိုင်းစည်တွမ်ချမ်းက CDM ပြုလုပ်ကြတဲ့ ဆရာဝန်တွေနဲ့အတူတူ ကုသိုလ်ဖြစ်ဆေးခန်းအတူတူထိုင်ရင်း ပြည်သူလူထုအတွက် တဖက်တလမ်းကနေ ကူညီပေးနေတာပဲ ဖြစ်ပါတယ်။
မနေ့က ဖေဖော်ဝါရီလ (၁၈) ရက်နေ့မှာတော့ စိုင်းစည်တွမ်ခမ်းက ကုသိုလ်ဖြစ်ဆေးခန်းမှာ CDM လုပ်ကြတဲ့ ဆရာဝန်တွေကို ကူညီပေးရင်း မွေးနေ့တူကလေးလေးတစ်ယောက်ကို မွေးဖွားပေးနိုင်ခဲ့ကြောင်းကို “CDMကာလတွင်းမြောက်ဥက္ကလာ’ဆ’ရပ်ကွက်ကုသိုလ်ဖြစ်မွေးခန်း ပထမဦးဆုံး ညအိပ်စောင့်တဲ့ညမှာ ဈေးဦပေါက်ပါ။ မနက်02:05မှာမွေးတဲ့ ကျနော်နဲ့မွေးနေ့တူကြာဿပတေးသားလေး.. ကလေးတို့အနာဂါတ်တွေလှဖို့ဦးတို့အားလုံးအတူတူကြိုးစားပေးနေကြတယ်ဆိုတဲ့အမှတ်တရပါ..” ဆိုပြီးပြောလာပါတယ်။
စိုင်းစည်တွမ်ခမ်းကတော့ လက်ရှိပြည်တွင်းရေး မငြိမ်မသက်ဖြစ်နေစဉ်မှာ သူကျွမ်းကျင်တတ်မြောက်ထားတဲ့ ဆေးပညာနဲ့ ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။
Source: Sai Si Tom Kham’s fb
Bilie – Cele Connections