ပရိတ္သတ္ၾကီးေရ အႏုပညာေလာကမွာ အခ်ိန္အတိုအတြင္း ေအာင္ျမင္မႈေတြနဲ႔အတူ အေကာင္းဆုံးေလၽွာက္လွမ္းလာတဲ့ စူးရွထက္ကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့အေျခအေနေတြမွာလည္း ျပည္သူလူထုေတြနဲ႔အတူ ရပ္တည္ၿပီး အင္တိုက္အားတိုက္ အားျဖည့္ပါဝင္ေနတာကိုေလးစားစြာ ေတြ႕ျမင္ရပါတယ္ေနာ္။

လူထုလႈပ္ရွားမႈေတြျပဳလုပ္ေနသလို အစားအေသာက္ေတြလည္း ေပးေဝလႉဒါန္းၿပီး တတ္အားသေရြ႕ပါဝင္ေနတာကိုလည္း မၾကာခဏဆိုသလို ျမင္ေတြ႕ရတာမို႔ ပရိသတ္ေတြကလည္း ေလးစားသေဘာက်ေနၾကတာပါ။ေန႔စဥ္တိုင္းလိုလို ယေန႔အခ်ိန္ထိ လူငယ္တစ္ေယာက္ပီပီ တိုင္းျပည္ရဲ့ အနာဂတ္လွပေအာင္ ယုံၾကည္ခ်က္ေတြအျပည့္နဲ႔ ရဲဝင့္စြာ လမ္းေပၚထြက္ လႈပ္ရွားမႈေတြျပဳလုပ္ေနတာ တကယ္ကိုေလးစားစရာပါေနာ္ ။

အခုလည္းဘုန္းႀကီးေက်ာင္းမွာေနထိုင္ေနရတဲ့ မီးရထားဝန္ထမ္း သုံးရာေက်ာ္ကိုအလႉရွင္ေတြကိုယ္စား အစားအေသာက္မ်ားကိုယ္တိုင္သြားေရာက္လႉဒါန္းေပးခဲ့တာကိုေတြ႕ရပါတယ္။ဒါ့အျပင္သူကိုယ္တိုင္လည္း ဟင္းေတြခ်က္ကာလႉဒါန္းျဖစ္ခဲ့ေၾကာင္းကိုခုလိုေရးသားေဖာ္ျပလားတာျဖစ္ပါတယ္။” CDMမီးရထားဝန္ထမ္းေတြ ဘုန္းႀကီးေက်ာင္းမွာ သုံးရာေက်ာ္ေလာက္ရွိပါတယ္ စူးကေတာ့ ေန႔တိုင္း ဟင္းခ်က္လႉေပးတယ္ ဒီေန႔စားစရာေတြလႉရွင္ ကိုယ္စားသြားေရာက္ လႉတန္းေပးခဲ့ပါတယ္” စာေလးပဲျဖစ္ရာ ပရိသတ္ႀကီးအတြက္ျပန္လည္ေဝမၽွေပးလိုက္ပါတယ္။

Credit – Cele Zone
Photo – Zar Chi

ပရိတ်သတ်ကြီးရေ အနုပညာလောကမှာ အချိန်အတိုအတွင်း အောင်မြင်မှုတွေနဲ့အတူ အကောင်းဆုံးလျှောက်လှမ်းလာတဲ့ စူးရှထက်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလည်း ပြည်သူလူထုတွေနဲ့အတူ ရပ်တည်ပြီး အင်တိုက်အားတိုက် အားဖြည့်ပါဝင်နေတာကိုလေးစားစွာ တွေ့မြင်ရပါတယ်နော်။

လူထုလှုပ်ရှားမှုတွေပြုလုပ်နေသလို အစားအသောက်တွေလည်း ပေးဝေလှူဒါန်းပြီး တတ်အားသရွေ့ပါဝင်နေတာကိုလည်း မကြာခဏဆိုသလို မြင်တွေ့ရတာမို့ ပရိသတ်တွေကလည်း လေးစားသဘောကျနေကြတာပါ။နေ့စဉ်တိုင်းလိုလို ယနေ့အချိန်ထိ လူငယ်တစ်ယောက်ပီပီ တိုင်းပြည်ရဲ့ အနာဂတ်လှပအောင် ယုံကြည်ချက်တွေအပြည့်နဲ့ ရဲဝင့်စွာ လမ်းပေါ်ထွက် လှုပ်ရှားမှုတွေပြုလုပ်နေတာ တကယ်ကိုလေးစားစရာပါနော် ။

အခုလည်းဘုန်းကြီးကျောင်းမှာနေထိုင်နေရတဲ့ မီးရထားဝန်ထမ်း သုံးရာကျော်ကိုအလှူရှင်တွေကိုယ်စား အစားအသောက်များကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့တာကိုတွေ့ရပါတယ်။ဒါ့အပြင်သူကိုယ်တိုင်လည်း ဟင်းတွေချက်ကာလှူဒါန်းဖြစ်ခဲ့ကြောင်းကိုခုလိုရေးသားဖော်ပြလားတာဖြစ်ပါတယ်။” CDMမီးရထားဝန်ထမ်းတွေ ဘုန်းကြီးကျောင်းမှာ သုံးရာကျော်လောက်ရှိပါတယ် စူးကတော့ နေ့တိုင်း ဟင်းချက်လှူပေးတယ် ဒီနေ့စားစရာတွေလှူရှင် ကိုယ်စားသွားရောက် လှူတန်းပေးခဲ့ပါတယ်” စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Zar Chi

Leave a Comment

Your email address will not be published. Required fields are marked *