အဆိုေတာ္တစ္ေယာက္လည္းျဖစ္သလို ဆရာဝန္မေလးတစ္ေယာက္လည္းျဖစ္တဲ့ နီနီခင္ေဇာ္ကေတာ့ လက္ရိွတိုင္းျပည္မျငိမ္မသက္ျဖစ္ေနစဥ္အခ်ိန္မွာ CDM မွာ ပါဝင္ၾကတဲ့ သူငယ္ခ်င္း ဆရာဝန္ေတြနဲ့အတူတူ ပရဟိတေဆးခန္းေလး ဖြင့္လွစ္ျပီး ေဆးအကူဆရာဝန္တစ္ေယာက္အျဖစ္ တစ္ဖက္တစ္လမ္းကေန ကူညီေပးေနတာပဲ ျဖစ္ပါတယ္။ အနုပညာအလုပ္ေတြလုပ္လို့ တရားဝင္ေဆးကုသခြင့္လိုင္စင္ မရရိွတဲ့ နီနီခင္ေဇာ္က ေဆးအကူအျဖစ္ပဲ သူငယ္ခ်င္းဆရာဝန္ေတြကို ကူညီရင္း ကေလးေလးတစ္ေယာက္ ေမြးဖြားေပးနိုင္ခဲ့ေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။

“ယ​ေန႔ ​ေျမာက္ဥကၠလာ (ဆ) ရပ္ကြက္ ကုသိုလ္ျဖစ္ *အခမဲ့*သားဖြားခန္း​ေလးမွာ CDM လုပ္​ေနၾကတဲ့ အထူးကု OG ဆရာဝန္​ေတြ ဖြား​ေပးလိုက္တဲ့ က​ေလးပါ။ နီနီ႔ သူငယ္ခ်င္း ဆရာဝန္ CDM လုပ္ၿပီး​​ေနာက္ပိုင္း ကိုယ္ထူကိုယ္ထဖြင့္ထား​ေပးတာပါ။ အခက္အခဲ​ေတြၾကားထဲ​ေန႔တိုင္းဖြား​ေပးခဲ့တဲ့ CDM Doctors မ်ား Respect ပါ။ အခုမွ ​သားဖြားေဆးခန္း​ေလး စလုပ္တာမို႔ အလႈ​ေတြလႉဒါန္းခ်င္လည္း လႉႏိုင္ပါတယ္ရွင္။ ဆက္သြယ္လႉဒါန္းရန္ သို႔ မီးဖြားမည့္သူမ်ား ျပရန္ ph 09763190595 (ည​ေနဘက္လည္း ​ေ႐ႊ​ေဆးခန္းမွာ​ေဆးအကူအ​ေနနဲ႔လုပ္အား​ေပးရင္း လူနာမ်ားအားလုံးကို ​ေဆးဝါးဒါန အခမဲ့ ျပဳခဲ့ပါတယ္)” ဆိုျပီး သူမရဲ့ေဖ့စ္ဘုတ္စာမ်က္နွာကေန မွ်ေဝေပးလာပါတယ္။

နီနီခင္ေဇာ္ကေတာ့ CDM လုပ္ေနၾကတဲ့ သူငယ္ခ်င္း အထူးကုဆရာဝန္ေတြနဲ့အတူတူ “အခမဲ့သားဖြားခန္း”မွာ ကေလးေလးတစ္ေယာက္ ေမြးဖြားေပးခဲ့ေၾကာင္း ေျပာလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုကၸါတယ္ေနာ္။

Source: Ni Ni Khin Zaw ‘s fb
Credit – Cele Connections

အဆိုတော်တစ်ယောက်လည်းဖြစ်သလို ဆရာဝန်မလေးတစ်ယောက်လည်းဖြစ်တဲ့ နီနီခင်ဇော်ကတော့ လက်ရှိတိုင်းပြည်မငြိမ်မသက်ဖြစ်နေစဉ်အချိန်မှာ CDM မှာ ပါဝင်ကြတဲ့ သူငယ်ချင်း ဆရာဝန်တွေနဲ့အတူတူ ပရဟိတဆေးခန်းလေး ဖွင့်လှစ်ပြီး ဆေးအကူဆရာဝန်တစ်ယောက်အဖြစ် တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေတာပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေလုပ်လို့ တရားဝင်ဆေးကုသခွင့်လိုင်စင် မရရှိတဲ့ နီနီခင်ဇော်က ဆေးအကူအဖြစ်ပဲ သူငယ်ချင်းဆရာဝန်တွေကို ကူညီရင်း ကလေးလေးတစ်ယောက် မွေးဖွားပေးနိုင်ခဲ့ကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

“ယ​နေ့ ​မြောက်ဥက္ကလာ (ဆ) ရပ်ကွက် ကုသိုလ်ဖြစ် *အခမဲ့*သားဖွားခန်း​လေးမှာ CDM လုပ်​နေကြတဲ့ အထူးကု OG ဆရာဝန်​တွေ ဖွား​ပေးလိုက်တဲ့ က​လေးပါ။ နီနီ့ သူငယ်ချင်း ဆရာဝန် CDM လုပ်ပြီး​​နောက်ပိုင်း ကိုယ်ထူကိုယ်ထဖွင့်ထား​ပေးတာပါ။ အခက်အခဲ​တွေကြားထဲ​နေ့တိုင်းဖွား​ပေးခဲ့တဲ့ CDM Doctors များ Respect ပါ။ အခုမှ ​သားဖွားဆေးခန်း​လေး စလုပ်တာမို့ အလှု​တွေလှူဒါန်းချင်လည်း လှူနိုင်ပါတယ်ရှင်။ ဆက်သွယ်လှူဒါန်းရန် သို့ မီးဖွားမည့်သူများ ပြရန် ph 09763190595 (ည​နေဘက်လည်း ​ရွှေ​ဆေးခန်းမှာ​ဆေးအကူအ​နေနဲ့လုပ်အား​ပေးရင်း လူနာများအားလုံးကို ​ဆေးဝါးဒါန အခမဲ့ ပြုခဲ့ပါတယ်)” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ မျှဝေပေးလာပါတယ်။

နီနီခင်ဇော်ကတော့ CDM လုပ်နေကြတဲ့ သူငယ်ချင်း အထူးကုဆရာဝန်တွေနဲ့အတူတူ “အခမဲ့သားဖွားခန်း”မှာ ကလေးလေးတစ်ယောက် မွေးဖွားပေးခဲ့ကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: Ni Ni Khin Zaw ‘s fb
Credit – Cele Connections