သရုပ္ေဆာင္ ခိုင္သင္းၾကည္ကေတာ့ ကာရိုက္တာေပါင္းစံုမွာ ပိုင္ပိုင္နိုင္နိုင္ သရုပ္ေဆာင္နိုင္တဲ့ မင္းသမီးတစ္ေယာက္ျဖစ္ေပမယ့္ လက္ေတြဘဝမွာေတာ့ ေပ်ာ္ေပ်ာ္ေနတတ္ျပီး အပူအပင္ကင္းကင္းေနသူတစ္ေယာက္ ျဖစ္ပါတယ္။ စိတ္ပ်ိဳလို့ကိုယ္နုတယ္ဆိုတဲ့စကားအတိုင္း အသက္ငါးဆယ္နီးပါးအရြယ္မွာတင္ အရမ္းကိုနုပ်ိဳလြန္းတဲ့ ခိုင္သင္းၾကည္က သူမရဲ့ အသက္အရြယ္အလိုက္ ဘာသာေရးနဲ့ ကုသိုလ္ေရးကို အခ်ိန္ေပးလုပ္ကိုင္ျဖစ္ေနာတပဲ ျဖစ္ပါတယ္။ လက္ရိွ ကိုဗစ္ကာလမွာလည္း ခုိင္သင္းၾကည္က နိုင္ငံသားတစ္ေယာက္ပီပီ ကိုဗစ္ထိန္းခ်ဳပ္ေရးလုပ္ငန္းစဥ္မ်ားမွာ အလွဴေငြေတြ လွဴဒါန္းေပးေနတာပဲ ျဖစ္ပါတယ္။

ဒီကေန့မွာလည္း ခိုင္သင္းၾကည္တုိ့မိသားစုက Covid-19 ကာကြယ္ေဆးဝယ္ယူရရွိေရးရန္ပုံေငြအတြက္ အလွဴေငြ သိန္း (၂၀၀) တိတိ လွဴဒါန္းခဲ့ေၾကာင္း သိရပါတယ္။ ခိုင္သင္းၾကည္ကေတာ့ သူမတို့မိသားစုရဲ့ ကုသိုလ္ေလးနဲ့ ပက္သတ္ျပီး “ကိုဗစ္ကာကြယ္ေဆးအလႉေလးပါရွင့္🙏 မခိုင္ေလးအေဖမွသိန္းတစ္ရာ.. မခိုင္ေလးမိသားစုမွသိန္းတစ္ရာလႉဒါန္းပါတယ္🙏ျမန္မာႏိုင္ငံႀကီးႏွင့္ကမာၻႀကီးကိုဗစ္ေရာဂါအျမန္ဆုံးကင္းစင္ပေပ်ာက္ပါေစ🙏🙏🙏” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေန မွ်ေဝလာပါတယ္။

ခိုင္သင္းၾကည္တို့ မိသားစုကေတာ့ လက္ရိွ နုိင္ငံသားတိုင္းအတြက္ အေရးၾကီးေနတဲ့ Covid-19 ကာကြယ္ေဆးဝယ္ယူရရွိေရးအတြက္ အလွဴေငြ သိန္း (၂၀၀) က်ပ္တိတိ လွဴဒါန္းခဲ့တာ ျဖစ္ပါတယ္။ ေစတနာေကာင္းတဲ့ ခုိင္သင္းၾကည္တို့ မိသားစု ဒီထက္မက လွဴနိုင္တန္းနုိင္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: KHINE THIN KYI’s fb
Credit– Cele Connections

သရုပ်ဆောင် ခိုင်သင်းကြည်ကတော့ ကာရိုက်တာပေါင်းစုံမှာ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် လက်တွေဘဝမှာတော့ ပျော်ပျော်နေတတ်ပြီး အပူအပင်ကင်းကင်းနေသူတစ်ယောက် ဖြစ်ပါတယ်။ စိတ်ပျိုလို့ကိုယ်နုတယ်ဆိုတဲ့စကားအတိုင်း အသက်ငါးဆယ်နီးပါးအရွယ်မှာတင် အရမ်းကိုနုပျိုလွန်းတဲ့ ခိုင်သင်းကြည်က သူမရဲ့ အသက်အရွယ်အလိုက် ဘာသာရေးနဲ့ ကုသိုလ်ရေးကို အချိန်ပေးလုပ်ကိုင်ဖြစ်နောတပဲ ဖြစ်ပါတယ်။ လက်ရှိ ကိုဗစ်ကာလမှာလည်း ခိုင်သင်းကြည်က နိုင်ငံသားတစ်ယောက်ပီပီ ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များမှာ အလှူငွေတွေ လှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ခိုင်သင်းကြည်တို့မိသားစုက Covid-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေအတွက် အလှူငွေ သိန်း (၂၀၀) တိတိ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ ခိုင်သင်းကြည်ကတော့ သူမတို့မိသားစုရဲ့ ကုသိုလ်လေးနဲ့ ပက်သတ်ပြီး “ကိုဗစ်ကာကွယ်ဆေးအလှူလေးပါရှင့်🙏 မခိုင်လေးအဖေမှသိန်းတစ်ရာ.. မခိုင်လေးမိသားစုမှသိန်းတစ်ရာလှူဒါန်းပါတယ်🙏မြန်မာနိုင်ငံကြီးနှင့်ကမ္ဘာကြီးကိုဗစ်ရောဂါအမြန်ဆုံးကင်းစင်ပပျောက်ပါစေ🙏🙏🙏” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ မျှဝေလာပါတယ်။

ခိုင်သင်းကြည်တို့ မိသားစုကတော့ လက်ရှိ နိုင်ငံသားတိုင်းအတွက် အရေးကြီးနေတဲ့ Covid-19 ကာကွယ်ဆေးဝယ်ယူရရှိရေးအတွက် အလှူငွေ သိန်း (၂၀၀) ကျပ်တိတိ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ စေတနာကောင်းတဲ့ ခိုင်သင်းကြည်တို့ မိသားစု ဒီထက်မက လှူနိုင်တန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: KHINE THIN KYI’s fb
Credit– Cele Connections