Credit – Cele Zone
Photo – Lilla Khan
လတ်တလော ဖြစ်ပွားနေတဲ့ ကပ်ရောဆိုးကြီး ရဲ့ ဒဏ်ကိုခံခဲ့ရတဲ့ မိခင်အတွက် သူမရဲ့စိတ်ခံစားချက်တွေ ကို ” မေမေက December 10th မှာ အဖျားစတက်ခဲ့တယ်။ ခါတိုင်းလို ပဲ အဖေဆေးတိုက် လိုက်ရင် (၁/၂) ရက်နဲ့ ပျောက်သွားမယ် ထင်နေခဲ့တာ တတိယ မြောက် နေ့မှာ အသက်ရှု ပါကျပ်လာ လို့ oxygen level တိုင်း လိုက်တာ မိနစ် တိုင်းမှာ oxygen level ကျသွားလို့ လန့်ဖျပ် ပြီး ရန်ကုန် ဆေးရုံကြီး emergency ကို ခေါ်ပြေးခဲ့တယ်။ ဆေးရုံ ရောက်တဲ့ အချိန်ကစပြီး မေမေ့ကို မမြင် ရတော့ဘူး။ စစ်ဆေး ပြီး ပြန်သိခဲ့ရတာ က Covid ( p ) တဲ့လေ။ လွန်ခဲ့တဲ့ (၆) လ လောက်ထဲ က အိမ်အောက် တောင်မဆင်းတဲ့ အမေမို့ အံ့သြပြီး ကိုယ့် အိမ်သားတဦးဦးမှာ တော့ ရှိနေလောက်ပြီ ဆိုပြီး တာဝန် သိစွာ ကျမ်းမာရေးဌာန စီဖုန်းဆက် အသေးစိတ် ပြောပြပြီး အိမ်အကူပါ မကျန် တမိသားစုလုံး hotel တခု မှာ quarantine ဝင်ခဲ့ပါတယ်။ ”
” အမေ့အခြေအနေ ကတော့ ပထမ (၃) ရက်မှာ အရမ်း ကို စိုးရိမ်ရတဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။ oxygen mask အကြီး တစ်ခု နဲ့ လုံးဝ ကိုသတိမရှိတော့တဲ့အခြေအနေ တစ်ခုပေါ့။ (၄) ရက်မြောက် နေ့မှာ အမေနည်းနည်းလေး သတိဝင်လာပြီး သက်သာလာတယ်။ Laila တို့ကိုတော့ Hotel Q မှာ covid နှစ်ကြိမ်လာစစ်တယ် , နှစ်ကြိမ်လုံး Negative တဲ့ ။ ဝမ်းသာ ရမလား အမေ့အတွက် ဝမ်းနည်းရမလား မသိတော့ဘူးပေါ့။ တစ်ပတ်လောက်နေ မှ အမေနေကောင်းလာတယ်။ အမေကိုယ် နဲ့ စကားပြန်ပြောနိုင်တော့မှပဲ ဘဝအသစ်တစ်ခုကို ပိုင်ဆိုင်လိုက်ရသလိုပါပဲ။ ပျော်လိုက်တာ ဆိုတာ အဆုံးမရှိ ။ Laila ကတော့ မေေ့မရင်ခွင်ထဲပြန်တောင်ဝင်ရပါ့ မလားလို့ ။ အခုလို မိသားတစ်စုလုံး ကိုယ့်အိမ်ကိုယ် အပြုံးလေးတွေနဲ့ ပြန်ဝင်ခွင့်ရလို့ ပျော်မဆုံးပါဘူး ”
” Laila မေမေ့ကို အခု လို အပြုံးလေး နဲ့ အိမ်ပြန်နိင်အောင် အထူးဂရုတစိုက် ဆေးကုသပေးပြီး ပြုစု စောင့်ရှောက်ပေးခဲ့ တဲ့ ရန်ကုန် ပြည်သူ့ဆေးရုံကြီး မှ ဆရာဝန်များ ၊ nurses များ ၊ volunteer များ အားလုံးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်။ မိသားစု အခက်အခဲတွေ့ချိန် မှာ လိုလေသေး မရှိဝိုင်ဝန်း ကူညီပေးခဲ့တဲ့ Laila ချစ် အဒေါ်များ အားလုံး၊ Laila ညီမအရင်းလို ချစ်ရတဲ့ ချစ်ညီမလေး နှင့် တကွ အချိန်ပြည့် စိတ်ပူပေးခဲ့တဲ့ မောင်လေးရယ် ချစ်သူငယ်ချင်းတို့အားလုံး ကိုပါ အထူးပဲ ကျေးဇူးတင်ရင်း အားလုံး အန္တရာယ်ကင်းဘေး ရှင်းပြီး ကျမ်းမာကြပါစေ လို့ ဆုတောင်း လိုက်ပါတယ်။ ” ဆိုပြီး ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။
Credit – Cele Zone
Photo – Lilla Khan