


Source : Zay Thiha
Credit – CeleKhitThit

ပရိသတ်ကြီးရေလက်ရှိမှာ ဖြစ်ပွားနေတဲ့ Second Waveအနေနဲ့ ပြန်လည်ဖြစ်ပွားလာတဲ့ Covid19ကတော့ ဒီ​တစ်ခေါက်မှာအသေအပျောက်ပိုမိုများပြားလာခဲ့တာပါ။စက်တင်ဘာလ(၁၉)ရက်နေ့မှာတော့ နန္ဒါလှိုင်ရဲ့ ညီမဖြစ်သူရဲ့ ခင်ပွန်းလည်း Covid 19ကြောင့်ဆုံးပါးသွားခဲ့တာပဲ ဖြစ်ပါတယ်။

မောင်အငယ်ဆုံးဖြစ်သူသရုပ်ဆောင်​မောင်ကတော့ တူတူမလေးတွေနဲ့ Hotel Quarantine ဝင်ပေးခဲ့ရာကနေ Covidဖြစ်ပွားခဲ့ပြီး နောက် ပျောက်ကင်းကာ လုပ်အားပေးဆရာဝန်အနေနဲ့လည်းလုပ်ကိုင်ခဲ့တာပါ။ Covid 19ရောဂါနဲ့ ဆွေမျိုးမိသားစုဝင်တွေနဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ခဲ့ရတဲ့ အတွက် နန္ဒါလှိုင် အမျိုးသားဦးဇေသီဟကတော့ နှစ်သစ်ဆုတောင်းနဲ့ပတ်သက်ပြီးသူ့ရဲ့ခံစားချက်ကိုပြောပြခဲ့တာပါ။

“နှစ်သစ်ကူးခါနီး အလိုချင်ဆုံး ဆု တစ်ခုထဲကို တောင်းပါဆိုရင်….တစ်ကမ္ဘာလုံး ကိုဗစ်ရောဂါ အပါအဝင် ကပ်ဘေးအမျိုးမျိုး မှ ချက်ချင်း ကင်းဝေးကြပါစေ လို့သာ ဆုတောင်းချင်ပါတယ်။”ဆိုကာ တကယ့် ကပ်ရောဂါဆိုက်နေတဲ့ တကမ္ဘာလုံးအတွက် ဆုမွန်ကောင်းတောင်းခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ CeleKhitThit ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Zay Thiha
Credit – CeleKhitThit