


Credit – CeleGabar
Source – Yoon Yoon

ပရိသတ်ကြီးရေ ယွန်းယွန်းကတော့ ပရိသတ်တွေရဲ့အားပေး ချစ်ခင်မှုကိုရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ပါ။ အနုပညာအလုပ်တွေကို ငယ်စဉ်ကတည်းက လုပ်ကိုင်ခဲ့တဲ့ သူဖြစ်ပြီး အသက်ငယ်ငယ်နဲ့ အနုပညာအရည်အသွေးအပြည့်အဝပိုင်ဆိုင်ထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင် တစ်ယောက်လို့ဆိုရင်လည်း မမှားပါဘူး။

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားပြီး သူ့ရဲ့မွေးနေ့လေးအတွက်ကို မွေးနေ့ သီချင်းလေးရေးစပ်ပေးတဲ့ အထိကို ချစ်ခင်အားပေးခြင်းကို ခံနေရတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာလည်း ယွန်းယွန်းက သူ့ရဲ့ မွေးနေ့ရက်လေးကို အသားပေါ်မှာသေရာပါတတ်တူးထိုးပေးတဲ့ အထိအားပေးတဲ့ ပရိသတ်ကြောင့် ထပ်မံပြီးပျော်ရွှင်ကြည်နူးဖြစ်နေခဲ့ ပါသေးတယ်။

အသားပေါ်မှာ သေရာပါတတ်တူးထိုးပေးတဲ့ ဆိုတာကတော်ရုံတန်ရုံအားပေးမှုမျိုးနဲ့မလုပ်နိုင်တဲ့ အတွက် ယွန်းယွန်းကတော့ ဒီလို တတ်တူထိုးပေးတဲ့ အထိအားပေးတဲ့ ပရိသတ်တွေ ရှိနေတာဟာ တော်တော်လေးကို ပရိသတ်တွေရဲကချစ်ခင်အားပေးတာကို ခံနေရတာပါနော်။ ပရိသတ်ကြီးရေ ယွန်းယွန်းကတော့ အခုလို တတ်တူးထိုးပြီ းအားပေးတဲ့ ဒါနဲ့ဆို နှစ်ယောက်တောင်ရှိသွားပြီတဲ့။

Credit – CeleGabar
Source – Yoon Yoon