ပရိသတ္ႀကီး​ေရအႏုပညာေလာကမွာ ေလွ်ာက္ လွမ္းၾကတဲ့ သူတိုင္း ေဝဖန္မႈ တိုက္ခိုက္မႈေတြကို အခ်ိန္နဲ႔အမွ် ခံစားရတာပဲျဖစ္ပါတယ္။တခ်ိဳ႕ကလဲ ေဒါသအေလ်ာက္ တုံ႔ျပန္ၾကသလို တခ်ိဳ႕ကလဲ မျမင္ခ်င္ေယာင္ေဆာင္မ်က္ကြယ္ျပဳတတ္ၾကပါတယ္။စိုင္းစိုင္းခမ္းလႈိင္တစ္ေယာက္ကေတာ့ ေဒါသအေလ်ာက္ တုံ႔ျပန္တာမ်ိဳးလဲ မဟုတ္ မ်က္ကြယ္ျပဳတာမ်ိဳးလဲ မဟုတ္ပဲ ပညာသားပါပါ ခ်စ္စဖြယ္ တုံ႔ျပန္တတ္တာမ်ိဳးပါ။

သူ႔ရဲ႕ အလုပ္အကိုင္အေပၚ စိတ္ႏွစ္တတ္မႈ လူ႔က်င့္ဝတ္ျပည့္ဝမႈ ဆက္ဆံေရးေတြမွာပညာရွင္ဆန္ဆန္ ျပဳမႈတတ္ျခင္းတို႔အျပင္ သူ႔ကို မုန္းေန တိုက္ခိုက္ေနတတ္တဲ့ သူေတြကိုေတာင္မွ သူပရိသတ္ျဖစ္လာေတာင္ အခ်ိန္တိုနဲ႔ စြဲေဆာင္ႏိုင္မႈတို႔က စိုင္းစိုင္းခမ္းလႈိင္ရဲ႕ အစြမ္းေတြထဲ အစြမ္းတစ္ခုပဲျဖစ္ပါတယ္။

ဒီေန႔မွာလည္း ”ခ်စ္ပရိသတ္မ်ားနားဆင္ဖို႔ သီခ်င္းတစ္ပုဒ္ကို ခက္ခက္ခဲခဲ ႀကိဳးစားဖန္တီးရ တာျဖစ္ပါတယ္ ။မႀကိဳက္တဲ့သူေတြ မႀကိဳက္တာဘာမွမေျပာလိုပါ သဘာဝပါ ။က်ေနာ္တို႔တင္ဆက္မႈဟာ ကိုယ့္ပရိသတ္အတြက္ ပဲရည္႐ြယ္တာျဖစ္ပါတယ္ ။​က်ေနာ့္ကိုခ်စ္တဲ့သူေတြကိုေတာ့ ဒီလို ခ်ိဳမိုင္မိုင္ဆိုရင္ေတာင္ အားေပးမယ္မ်ိဳးဟာ တင္စားၿပီးေျပာတာျဖစ္ေပမယ့္က်ေနာ္တို႔ ႀကိဳးပမ္းထားတာကို အားေပးရာမေရာက္ဘဲ ႏွိမ့္ခ်ရာေရာက္တဲ့အေၾကာင္း ရွင္းျပလိုပါတယ္

ၿပီးေတာ့ တဘက္သားကို ပုတ္ခတ္တာေတြဟာလည္း ရန္မ်ားေစၿပီးေတာ့ အႏုပညာဖန္တီးရာမွာ စိတ္မေႏွာက္အယွက္ျဖစ္ေစတတ္ပါတယ္ ဒီလိုသေဘာတရားမ်ိဳးရွိတာကိုလည္း ပရိသတ္အခ်င္းခ်င္းရွင္းျပေပးဖို႔ အကူအညီေတာင္းပါတယ္ က်ေနာ့္ပရိသတ္မ်ားအတြက္ သီခ်င္းသစ္ တစ္ေခြစာေတာင္ ထြက္ဖို႔ရွိေနပါတယ္

ဆက္ႀကိဳးစားလိုက္ဦးမယ္ေနာ့”ဆိုတဲ့စယေလးနဲ႔ သူ႔ရဲ႕ we loveေတြကို ေသခ်ာရွင္းျပခဲ့တာပါ။တကယ့္ကို ပညာသားပါပါျပႆနာေျဖရွင္းတတ္တဲ့ ပေရာ္ဖက္ရွင္နယ္လ္ဆန္လြန္းသူပါပဲေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source : we love sai sai khan leng
Credit – CeleKhitThit

ပရိသတ်ကြီး​ရေအနုပညာလောကမှာ လျှောက် လှမ်းကြတဲ့ သူတိုင်း ဝေဖန်မှု တိုက်ခိုက်မှုတွေကို အချိန်နဲ့အမျှ ခံစားရတာပဲဖြစ်ပါတယ်။တချို့ကလဲ ဒေါသအလျောက် တုံ့ပြန်ကြသလို တချို့ကလဲ မမြင်ချင်ယောင်ဆောင်မျက်ကွယ်ပြုတတ်ကြပါတယ်။စိုင်းစိုင်းခမ်းလှိုင်တစ်ယောက်ကတော့ ဒေါသအလျောက် တုံ့ပြန်တာမျိုးလဲ မဟုတ် မျက်ကွယ်ပြုတာမျိုးလဲ မဟုတ်ပဲ ပညာသားပါပါ ချစ်စဖွယ် တုံ့ပြန်တတ်တာမျိုးပါ။

သူ့ရဲ့ အလုပ်အကိုင်အပေါ် စိတ်နှစ်တတ်မှု လူ့ကျင့်ဝတ်ပြည့်ဝမှု ဆက်ဆံရေးတွေမှာပညာရှင်ဆန်ဆန် ပြုမှုတတ်ခြင်းတို့အပြင် သူ့ကို မုန်းနေ တိုက်ခိုက်နေတတ်တဲ့ သူတွေကိုတောင်မှ သူပရိသတ်ဖြစ်လာတောင် အချိန်တိုနဲ့ စွဲဆောင်နိုင်မှုတို့က စိုင်းစိုင်းခမ်းလှိုင်ရဲ့ အစွမ်းတွေထဲ အစွမ်းတစ်ခုပဲဖြစ်ပါတယ်။

ဒီနေ့မှာလည်း ”ချစ်ပရိသတ်များနားဆင်ဖို့ သီချင်းတစ်ပုဒ်ကို ခက်ခက်ခဲခဲ ကြိုးစားဖန်တီးရ တာဖြစ်ပါတယ် ။မကြိုက်တဲ့သူတွေ မကြိုက်တာဘာမှမပြောလိုပါ သဘာဝပါ ။ကျနော်တို့တင်ဆက်မှုဟာ ကိုယ့်ပရိသတ်အတွက် ပဲရည်ရွယ်တာဖြစ်ပါတယ် ။​ကျနော့်ကိုချစ်တဲ့သူတွေကိုတော့ ဒီလို ချိုမိုင်မိုင်ဆိုရင်တောင် အားပေးမယ်မျိုးဟာ တင်စားပြီးပြောတာဖြစ်ပေမယ့်ကျနော်တို့ ကြိုးပမ်းထားတာကို အားပေးရာမရောက်ဘဲ နှိမ့်ချရာရောက်တဲ့အကြောင်း ရှင်းပြလိုပါတယ်

ပြီးတော့ တဘက်သားကို ပုတ်ခတ်တာတွေဟာလည်း ရန်များစေပြီးတော့ အနုပညာဖန်တီးရာမှာ စိတ်မနှောက်အယှက်ဖြစ်စေတတ်ပါတယ် ဒီလိုသဘောတရားမျိုးရှိတာကိုလည်း ပရိသတ်အချင်းချင်းရှင်းပြပေးဖို့ အကူအညီတောင်းပါတယ် ကျနော့်ပရိသတ်များအတွက် သီချင်းသစ် တစ်ခွေစာတောင် ထွက်ဖို့ရှိနေပါတယ်

ဆက်ကြိုးစားလိုက်ဦးမယ်နော့”ဆိုတဲ့စယလေးနဲ့ သူ့ရဲ့ we loveတွေကို သေချာရှင်းပြခဲ့တာပါ။တကယ့်ကို ပညာသားပါပါပြဿနာဖြေရှင်းတတ်တဲ့ ပရော်ဖက်ရှင်နယ်လ်ဆန်လွန်းသူပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : we love sai sai khan leng
Credit – CeleKhitThit