


unicode

နိုင်ငံကျော် သရုပ်ဆောင် အဆိုတော်တစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ “ ချောကလတ်ရောင်ရေခဲအိပ်မက်များ ” ဆိုတဲ့ သီချင်းခွေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က ရုပ်ရှင်၊ ဂီတ နယ်ပယ်မှာ တောက်ပလာခဲ့ပြီး အခုဆိုရင် ပြိုင်စံရှား အနုပညာရှင်တစ်ယောက်အဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေနဲ့လည်း ရုပ်ရှင်၊ ဂီတ အနုပညာလှုပ်ရှားမှုတွေ အတူတူလုပ်ကိုင်ရလေ့ရှိတဲ့ အဆိုတော်သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က အာရှနိုင်ငံတွေမှာလည်း လူသိထင်ရှားတဲ့ မြန်မာအနုပညာရှင်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်..။

ဒီတစ်ခါမှာတော့ အဆိုတော်သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ ပရိသတ်တွေအတွက် ဝမ်းသာစရာသတင်းကောင်းလေးကို မျှဝေလာပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ အာရှ Digital Star အယောက်တစ်ရာစာရင်းမှာ ပါဝင်နိုင်ခဲ့ပြီး သူ့အနေနဲ့ အဲ့ဒီလိုစာရင်းထဲ ထည့်သွင်းဂုဏ်ပြုခြင်းခံရတဲ့ အဓိကအကြောင်းအရင်းကိုလည်း အခုလိုပဲပြောလာပါတယ်။ “ Forbes က အာရှ Digital Star အယောက်တစ်ရာစာရင်းမှာ ကျွန်တော့်ကိုထည့်ထားတယ် ကျွန်တော်ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ဖြစ်မှာပဲ။ Thanks to my fan ” ဆိုပြီး ပြောလာပါတယ်..။

အဆိုတော်သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ကတော့ သူအခုလို အာရှထိပ်သီးအနုပညာရှင်တစ်ယောက်အနေနဲ့ ဖော်ပြခံရတာ ပရိသတ်တွေကြောင့်သာဖြစ်တယ်လို့ ဆိုထားတာပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်နဲ့အတူတူ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုံရွှေရည်ကလည်း Forbes မဂ္ဂဇင်းရဲ့ အာရှ Digital Star အယောက်တစ်ရာစာရင်းမှာ ဖော်ပြခံခဲ့ရတာ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်..။

Source: Sai Sai Kham Leng’s fb
Bilie – Cele Connections