မော်ဒယ်၊ သရုပ်ဆောင် မင်းသမီးချောလေး အိန်ဂျယ်လမုန်ကတော့ အရုပ်မလေးလို ချစ်စရာကောင်းတဲ့မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ နိုင်ငံခြားသူလေးလို ဘိုဆန်ဆန်လှနေတဲ့ ပက်ထရစ်ရှာက ပရိသတ်တွေအသည်းခိုက်အောင် ကြွေနေရတဲ့ မိန်းမလှလေးဆိုရင်လည်း မမှားပါဘူးနော်။ ဒါ့အပြင် အိန်ဂျယ်လမုန်က အမြဲလိုလို အမိုက်စားဖက်ရှင်တွေနဲ့ ခေတ်ဆန်ဆန်လေး လှနေတတ်တာလည်း ဖြစ်ပါတယ်။

ခေတ်နဲ့အညီ လိုက်လျောညီထွေစွာ ဝတ်စားဆင်ယင်တတ်တဲ့ အိန်ဂျယ်လမုန်က လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးဖက်ရှင်လေးတွေနဲ့ အမြဲတမ်းအထာကျနေတတ်သူ ဖြစ်ပါတယ်။သူမကတော့ မော်ဒယ်တစ်ယောက်ပီပီ မိန်းကလေးတိုင်းအားကျရတဲ့ အချိုးအစားပြေပြစ်ပြီး လှပတဲ့ခန္ဓာကိုယ် အလှကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သူမကတော့ ယခုမှာ အနှပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာပါ ။

ဒါ့အပြင် အဆိုပိုင်းမှာလည်း ဝါသနာပါသူလေးဖြစ်ရာ သူရဲ့သီချင်းတွေဟာလည်း ပရိသတ်တွေကြား ရေပန်းစားလူကြိုက်များလျက်ရှိပါတယ် ။ အခုလည်း Justin Bieber သီဆိုထားတဲ့ နာမည်ကြီး Mistletoe သီချင်းလေးကို တစ်မျိုးဆန်းသစ်တဲ့ သီဆိုဟန်လေးတွေနဲ့ပြန်လည်ဆိုပြထားတဲ့ ဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရပါတယ်။ သီချင်းလေးဟာ အရမ်းနားထောင်ကောင်းတာကြောင့် ခဏလေးအတွင်း ကြည့်ရှုသူများပြားခဲ့တာလည်းဖြစ်ရာ မကြည့်ရှုရသေးတဲ့ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Angle Lamung




Credit – Cele Zone
Photo – Angle Lamung