ထပ်ဆင့်အကယ်ဒမီခိုင်သင်းကြည်ကတော့ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး အနုပညာအလုပ် တွေကိုလည်း ဆက်လက်လုပ်ကိုင်နေတာဖြစ်ပါတ ယ်။ခိုင်သင်းကြည်ကို ပရိသတ်တွေကလည်း အားပေးနေကြဆဲဖြစ်ပါတယ်။ စံထိပ်ထားဦးကလည်း မေမေနဲ့အတူ အနုပညာအလုပ်တွေအတူလုပ်ကိုင်ကာ ကြော်ငြာလေးတွေ ရိုက်ကူးနေပြီဖြစ်ပါတယ်။

မိသားစုအပေါ်မှာ တန်ဖိုးထားတတ်တဲ့ မခိုင်လေးက ချစ်ခင်ပွန်းနဲ့သမီးလေးကို ဂရုစိုက်သလို သူမရဲ့မိဘနှစ်ပါးကိုလည်း ပြုစုစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ် ။မခိုင်လေးက အနုပညာဘက်မှာ ထူးချွန်သလို မိသားစုအတွက်လည်း အိမ်ထောင်ရှင်မကောင်းတစ်ယောက်ပီသသူလေးလည်းဖြစ်ပါတယ် ။

ပရိသတ်တွေကလည်း မခိုင်လေးတို့ရဲ့ လှုပ်ရှားမှုပုံလေးတွေကို အမြဲစောင့်ကြည့်အားပေးနေတာလည်းဖြစ်ပါတယ်။ အခုလည်း အွန်လိုင်းမှာနာမည်ကြီးနေတဲ့ Last Christmas သီချင်းလေးကို သားအမိနှစ်ယောက်အင်္ကျီဆင်တူလေးဝတ်ကာ အမိုက်စားကကွက်တွေနဲ့ ညီညီညာညာအမိုက်စားကပြထားတဲ့ဗီဒီယိုလေးကိုဖော်ပြခဲ့ပါတယ်။ ဗီဒီယိုလေးဟာ ချစ်စရာကောင်းလွန် းတာကြောင့် ကြည့်ရှုသူများပြားခဲ့တာလည်းဖြစ်ပါတယ်။

Credit – Cele Zone
Photo – Khine Thin Kyi




Credit – Cele Zone
Photo – Khine Thin Kyi