


Credit; (Yaung Chi)

ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ကတော့ ကိုဗစ်ကာလ ရိုက်ကူးရေးတွေ နားထားရတဲ့အချိန်မှာ သူမရဲ့ကိုယ်ပိုင် စီးပွားရေးလေးတစ်ခုဖြစ်တဲ့ Live Sale လေးတွေ ရောင်းချရင်း အားပေးတဲ့ပရိသတ်တွေပိုမိုများပြားလာခဲ့တယ်ဆိုရမှာပါ ။သူမရဲ့မွေးနေ့အတွက် ချစ်တဲ့ ပရိသတ်တွေက Surprise လုပ်ပေးခဲ့ကြတယ်လို့သိရပါတယ် ။

မနေ့ညက Live လွှင့်နေတုနိး နဂါးရစ်တောင် ဘုန်းဘုန်းကြီးရဲ့ သားသမီးတွေ အိမ်ရောက်လာပီး စပရိုက် လာလုပ်ခဲ့ကြတာဖြစ်ပြီး လက်ဆောင်တွေလည်း အထုတ် (၄၈) ထုတ်ပါလာတယ်လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာဖော်ပြလာခဲ့ပါတယ် ။ အိမ်မှာနေရင်း ဘာပွဲမှမလုပ်ပဲ ထောသွားတဲ့အတွက် မေတ္တာထားပြီး မွေးနေ့လက်ဆောင်ပေးကြတဲ့ တစ်ယောက်ချင်းဆီတိုင်း၊ မွေးနေ့ဆုတောင်းပေးကြတဲ့ တစ်ယောက်ချင်းဆီတိုင်း ကျေးဇူးတင်ပါတယ်လို့လည်းရေးသားထားပါသေးတယ် ။

လက်ဆောင်တွေအများကြီးရပြီး Surprise ဖြစ်သွားတဲ့ နှိုင်းယှဉ်အတွက် ပရိသတ်တွေကလည်း ထပ်တူ ဝမ်းသာပျော်ရွှင်ရကြောင်းမှတ်ချက်လေးတွေ ရေးသားခဲ့ကြပါတယ် ။ Happy Birthday ပါ နှိုင်းယှဉ်ရေ အလုပ်အကိုင်တွေ အဆင်ပြေပြီး ဒီထက်မက ပရိသတ်တွေချစ်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် ။

Source : Nhying Myint Moh
Credit; (Yaung Chi)