ပရိသတ္ေတြ သည္းသည္းလႈပ္အားေပးၾကတဲ့ နုိင္ငံေက်ာ္ မင္းသားနွစ္လက္ျဖစ္တဲ့ ေနတိုးနဲ့ ေက်ာ္ေက်ာ္ဗုိလ္တို့ကေတာ့ အနုပညာလမ္းေၾကာင္းေပၚမွာ ေအာင္ျမင္မႈေတြ အသီးသီး ရရိွေနသူမင္းသားနွစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေနတိုးနဲ့ ေက်ာ္ေက်ာ္ဗိုလ္က ရုပ္ရွင္ဗီဒီယိုဇာတ္ကားေတြမွာလည္း အမ်ားၾကီးပါဝင္သရုပ္ေဆာင္ခဲ့ဖူးသလို အျပင္မွာလည္း ေသြးသားရင္း ညီအစ္ကိုေတြထက္ ခင္မင္ရင္းနွီးၾကသူေတြပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ေနတိုးလို့ ဆိုလိုက္တာနဲ့ ေက်ာ္ေက်ာ္ဗိုလ္ကို ျမင္ၾကသလို ေက်ာ္ေက်ာ္ဗိုလ္လို့ ဆိုလိုက္တာနဲ့ ေနတိုးကို တြဲျမင္ၾကတဲ့အထိ အတူသြား အတူစားရိွၾကတဲ့ မင္းသားနွစ္လက္ပဲ ျဖစ္ပါတယ္။

တစ္ေယာက္နဲ့တစ္ေယာက္ အျမဲတမ္း အရိပ္တၾကည့္ၾကည့္နဲ့ ေဆးထိုးၾကသလို တစ္ေယာက္ကိုတစ္ေယာက္ အျမဲတမ္း ေဖးမေပးေလ့ရိွတဲ့ မင္းသားနွစ္ေယာက္က ဒီတစ္ေခါက္မွာလည္း ပရိသတ္ေတြကို သေဘာက်ေစခဲ့ျပန္ပါတယ္။ ေနတိုးက ေက်ာ္ေက်ာ္ဗိုလ္ရဲ့ Live Sale မွာ စိန္နားကပ္ၾကီးတစ္ရံကို လာဝယ္ခဲ့ျပီး ေက်ာ္ေက်ာ္ဗိုလ္ကလည္း ေစ်းလာဝယ္တဲ့ ေနတိုးကို အမ်ိဳးမ်ိဳးစေနာက္က်ီစယ္ခဲ့တာကို အခုလိုမ်ိဳးပဲ ေတြ့ရပါတယ္။

ေနတိုးကေတာ့ ေတာ္ရံုအြန္လုိင္း Live Sale ေတြမွာ ဝယ္ယူေလ့မရိွေပမယ့္ ခ်စ္အစ္ကိုၾကီး ေက်ာ္ေက်ာ္ဗိုလ္ရဲ့ Live Sale မွာေတာ့ စိန္နားကပ္ၾကီးတစ္ရံကို ဝယ္ယူခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေနတိုးနဲ့ ေက်ာ္ေက်ာ္ဗုိလ္တို့ရဲ့ ညီအစ္ကိုထက္ေတာင္ပိုၾကတဲ့ သံေယာဇဥ္ကိုၾကည့္ျပီး သေဘာက်ေနၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Kyaw Kyaw Bo’s fb
Credit – Cele Connections

ပရိသတ်တွေ သည်းသည်းလှုပ်အားပေးကြတဲ့ နိုင်ငံကျော် မင်းသားနှစ်လက်ဖြစ်တဲ့ နေတိုးနဲ့ ကျော်ကျော်ဗိုလ်တို့ကတော့ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေ အသီးသီး ရရှိနေသူမင်းသားနှစ်ယောက်ပဲ ဖြစ်ပါတယ်။ နေတိုးနဲ့ ကျော်ကျော်ဗိုလ်က ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေမှာလည်း အများကြီးပါဝင်သရုပ်ဆောင်ခဲ့ဖူးသလို အပြင်မှာလည်း သွေးသားရင်း ညီအစ်ကိုတွေထက် ခင်မင်ရင်းနှီးကြသူတွေပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နေတိုးလို့ ဆိုလိုက်တာနဲ့ ကျော်ကျော်ဗိုလ်ကို မြင်ကြသလို ကျော်ကျော်ဗိုလ်လို့ ဆိုလိုက်တာနဲ့ နေတိုးကို တွဲမြင်ကြတဲ့အထိ အတူသွား အတူစားရှိကြတဲ့ မင်းသားနှစ်လက်ပဲ ဖြစ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ ဆေးထိုးကြသလို တစ်ယောက်ကိုတစ်ယောက် အမြဲတမ်း ဖေးမပေးလေ့ရှိတဲ့ မင်းသားနှစ်ယောက်က ဒီတစ်ခေါက်မှာလည်း ပရိသတ်တွေကို သဘောကျစေခဲ့ပြန်ပါတယ်။ နေတိုးက ကျော်ကျော်ဗိုလ်ရဲ့ Live Sale မှာ စိန်နားကပ်ကြီးတစ်ရံကို လာဝယ်ခဲ့ပြီး ကျော်ကျော်ဗိုလ်ကလည်း စျေးလာဝယ်တဲ့ နေတိုးကို အမျိုးမျိုးစနောက်ကျီစယ်ခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

နေတိုးကတော့ တော်ရုံအွန်လိုင်း Live Sale တွေမှာ ဝယ်ယူလေ့မရှိပေမယ့် ချစ်အစ်ကိုကြီး ကျော်ကျော်ဗိုလ်ရဲ့ Live Sale မှာတော့ စိန်နားကပ်ကြီးတစ်ရံကို ဝယ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးနဲ့ ကျော်ကျော်ဗိုလ်တို့ရဲ့ ညီအစ်ကိုထက်တောင်ပိုကြတဲ့ သံယောဇဉ်ကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Kyaw Bo’s fb
Credit – Cele Connections