အကယ်ဒမီထက်ထက်မိုးဦးကတော့ ကြော်ငြာလောကရဲ့ဘုရင်မလို့ ပရိသတ်တွေရဲ့တင်စားခြင်းကို ခံထားရသူတစ်ဦးပါ ။ သူမကတော့ ငယ်စဉ်ကတည်းက ဘဝအချိုးအကွေ့များစွာကို ဖြတ်သန်းလာရပြီး မိန်းမသားပေမယ့် ဘဝကိုအရှုံးမပေးပဲ ကြိုးစားရင်ဆိုင်ခဲ့သူတစ်ယောက်ပါ ။ထက်ထက်က အခုခေတ်မှာလည်း ပြန်လည်အောင်မြင်နေတာဖြစ်ပြီး ပရိသတ်တွေရဲ့အချစ်ကို ထာဝစဉ်ပိုင်ဆိုင်နေတာဖြစ်ပါတယ်။

ခုဆိုရင် ထက်ထက်မိုးဦးဟာ အနုပညာလုပ်ကိုင်မှုတွေနည်းသွားခဲ့ပေမယ့် ကျောက်မျက်ရတနာတွေအပြင် ကားတွေ အိမ်ယာတွေ အသုံးအဆောင် ပစ္စည်းတွေကိုပါ Live salesလုပ်ပြီးရောင်းချနေတာဖြစ်သလို ပရိသတ်တွေရဲ့ အားပေး၀န်းရံမှုကို အပြည့်အ၀ရရှိနေတာလည်းဖြစ်ပါတယ်နော် ။သူမရဲ့ Live တွေမှာလည်း ပရိသတ်များစွာက အမြဲစောင့်ကြည့်အားပေးနေကြတာ အံ့မခမ်းပါပဲနော် ။

အခုလည်း vivo ရဲ့ live sales လေးမှာ တစ်မိနစ်ခွဲစီတိုင်း ဖုန်းတစ်လုံးရောင်းထွက်ခဲ့တာကြောင့်အရမ်းကို အံ့ဩပီတိဖြစ်မိကြောင်း သူရဲ့စာမျက်နှာလေးမှာ ခုလိုဖော်ပြခဲ့ပါတယ် ။” မနေ့က live မှာ ၁ မိနစ်ခွဲ တိုင်းမှာဖုန်း ၁ လုံးရောင်းရတယ်။ Vivo ဘက်ကလည်း ပါကင်တွေ စထုတ်နေပြီမို့ မကြာခင်ချစ်ရသူတွေလက်ထဲရောက်လာတော့မယ်နော်။” မထက်ရဲ့ စန်းကတော့ ဘာလုပ်လုပ်အောင်မြင်နေတာ တကယ်ကို အံ့မခမ်းပါပဲနော် ။

Credit– Cele Zone
Photo – Htet Htet Moe Oo




Credit– Cele Zone
Photo – Htet Htet Moe Oo